Home သတင်း သံ‌တောင် ကရင်အမျိုးသား‌နေ့ကျင်းပရန် လာ‌ရောက်သည့် ရွာသားများ တားဆီးခံရ

သံ‌တောင် ကရင်အမျိုးသား‌နေ့ကျင်းပရန် လာ‌ရောက်သည့် ရွာသားများ တားဆီးခံရ

1562

‌ဖေ‌ဖေါ်ဝါရီ ၁၁ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ၊ သံ‌တောင်မြို့နယ် ခလယ်လာ (‌ဘောဂလိ)အုပ်စုရှိ ပက်လက်ဝတွင် ပြုလုပ်မည့် ၇၃ နှစ်‌မြောက် ကရင့်အမျိုးသား‌နေ့ အထိမ်းအမှတ် ဆန္ဒထုတ်‌ဖေါ်ပွဲ အခမ်းအနားကို လာ‌ရောက်ကြသည့် ‌ဒေသခံ ရွာသားများကို စစ်တပ်၏ တားဆီးခြင်းခံရသည်ဟု သိရသည်။

ပက်လက်ဝတွင် ပြုလုပ်မည့် ကရင်အမျိုးသား‌နေ့ အထိမ်းအမှတ် ဆု‌တောင်းပွဲအတွက် ‌တောင်‌ပေါ်မှာ လာ‌ရောက်ပူး‌ပေါင်းကြမည့် ‌ဒေသခံရွာသားများသည် ‌ကော်စိုးခို‌နေရာအ‌ရောက်တွင် တားဆီးခံရခြင်းဖြစ်ပြီး ယင်းတားဆီးခံရမှုအ‌ခြေအ‌နေကို ကရင်အမျိုးသားအစည်းအရုံး၏ ကရင်အမျိုးသားကာကွယ်‌ရေးအဖွဲ့ ( KNDO)မှ တပ်ရင်း ၄ တပ်ရ်းမှူး ဒုဗိုလ်မှူးကြီး ‌စောဩဂုတ်စတင်းကိုယ်တိုင် လာ‌ရောက်ညှိနှိုင်း‌ဖြေရှင်းမှုများ လုပ်‌ဆောင်‌နေဆဲဖြစ်သည်ဟုသိရသည်။

“ကျ‌နော်တို့ ၉ နာရီမှာ တားခံရတယ်။ အခု ကျ‌နော်တို့ ဘယ်မှာမှ သွားလို့မရ‌သေးဘူး။ KNDO ကလူ‌တွေလာ‌ရောက်ညှိနှိုင်း‌ပေး‌နေတုန်းပဲ မရ‌သေးဘူး။”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ပက်လက်ဝတွင် ပြုလုပ်မည့် ၇၃နှစ်‌မြောက် ကရင်အမျိုးသား‌နေ့အထိမ်းအမှတ် ဆု‌တောင်းပွဲကို ကရင်လူထု ၄၀၀၀‌ကျော် လာ‌ရောက်ပူး‌ပေါင်းကြမည်ဟု စီစဉ်သူများက ‌ပြောသည်။

ယ‌နေ့ ကျ‌ရောက်သည့် ၇၃နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ကို ရန်ကုန်မြို့အပါအဝင် ‌ဒေသအသီးသီးရှိ ကရင်များသည် ပုံစံအမျိုးမျိုးဖြင့် ကျင်းပပြုလုပ်လျက်ရှိသည်ဟု သိရသည်။