Home သတင်း ဖြူမင်းထွန်းကုမ္ပဏီ၏ မင်းလွင်‌တောင်၊ ထုံး‌ကျောက်ထုတ်ရန် ‌လျှောက်ထားမှုကို ‌ဒေသခံများ ထပ်မံ ကန့်ကွက်

ဖြူမင်းထွန်းကုမ္ပဏီ၏ မင်းလွင်‌တောင်၊ ထုံး‌ကျောက်ထုတ်ရန် ‌လျှောက်ထားမှုကို ‌ဒေသခံများ ထပ်မံ ကန့်ကွက်

2665

ဩဂုတ် ၁၉ရက်၊ ၂၀၂ဝခုနှစ်။ နန်း‌ဝေဖြိုးဇာ

မွန်ပြည်နယ် သထုံမြို့နယ် ပိန္နဲ‌တော၊ မတ်ချ‌ကျေးရွာအုပ်စုရှိ မင်းလွင်‌တောင်တွင် ဖြူမင်းထွန်း ကုမ္ပဏီလီမိတက်မှ ထုံး၊ ‌ကျောက်(စက်မှုတွင်းထွက်ကုန်ကြမ်း) အကြီးစားထုတ်လုပ်ရန်အတွက် လုပ်ပိုင်ခွင့်အသုံးပြုမှု ‌လျှောက်ထားခြင်း နှင့်ပတ်သက်၍ ‌ဒေသခံများက လက်မခံသည့်အတွက် ကန့်ကွက်မှု ထပ်မံ ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ‌ကျေးရွာအုပ်စုရှိ ကွင်းအမှတ် ၄၆၂၊ ဧရိယာအကျယ်အဝန်း (၉၃၇)ဧကကို ထုံး၊ ‌ကျောက် (စက်မှုတွင်း ထွက်ကုန်ကြမ်း) အကြီးစားထုတ်လုပ်ရန် လုပ်ပိုင်ခွင့် ‌လျှောက်ထားခြင်းရှိသည့်အ‌ပေါ် ကန့်ကွက်လိုပါက ကန့်ကွက် နိုင်‌ကြောင်း မြို့နယ်လယ်ယာစီမံခန့်ခွဲ‌ရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ထုတ်ထားသည့်အတွက် ဩဂုတ်လ ၁၇ရက်‌နေ့ရက်စွဲဖြင့် ‌ဒေသခံများက ကန့်ကွက်စာ ပြန်လည်ပို့ခြင်းလည်းဖြစ်သည်။

မင်းလွင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးအဖွဲ့ဒုဥက္ကဋ္ဌ ‌နော်သန်းစိန်က “ဒီ‌တောင်ကိုလုပ်ဖို့ ကုမ္ပဏီဘက်က အမျိုးမျိုးနဲ့‌လျှောက်တာပဲ။ လွန်ခဲ့တဲ့ ၂၀၁၄ ကတည်းက ကျမတို့‌ဒေသခံ‌တွေ ကန့်ကွက်တာလည်း အ‌ခေါက် ‌ပေါင်းများပြီး သူတို့ကဆက်ပြီးလုပ်ဖို့ကြိုးစားတာ‌ပေါ့။ အခုက စီမံကိန်း‌တွေလုပ်ဖို့ ‌မြေလွတ်‌မြေရိုင်း‌လျှောက်တာ ဒီ‌မြေ‌တွေက ဘိုးဘွားလုပ်ကိုင်စား‌သောက်‌နေ‌မြေ ဘာတစ်ခုမှ‌မြေလွတ်‌မြေရိုင်းမဟုတ်ဘူး။ ကျမတို့‌ဒေသခံ‌တွေ က‌တော့ ဒါကိုလုံးဝလက်မခံဘူး။ ဆက်ပြီး ကန့်ကွက်အုံးမှာပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကုမ္ပဏီဘက်မှ ယခုအကြိမ် ‌မြေလုပ်ပိုင်ခွင့်‌လျှောက်ထားခြင်းနှင့်ပတ်သက်၍ ပန္နဲ‌တောနှင့် မတ်ချ‌ကျေးရွာအုပ်စုရှိ ‌ကျေးရွာ ၁၄ရွာမှ လူဦး‌ရေ ၂,၀၀၀‌ကျော် ကန့်ကွက်လက်မှတ်‌ရေးထိုးပြီး ကန့်ကွက်‌နေသည်ဟု ‌နော်သန်းစိန်က ဆက်‌ပြောသည်။

ဖြူမင်းထွန်းကုမ္ပဏီသည် မင်းလွင်‌တောင်၌ ဓာတ်သတ္တု စမ်းသပ်တိုင်းတာ‌ရေးနှင့် ဘီးလပ်‌မြေစက်ရုံ ‌ဆောက်မည့် စီမံကိန်းအတွက် ‌ဒေသခံများ ကန့်ကွက်ထားခြင်းရှိသည့်အပြင် မင်းလွင်‌တောင်သည် KNU -ကရင်အမျိုးသားအ စည်းအရုံးနှင့် အစိုးရတို့ နှစ်ဖက်‌ရော‌နှောအုပ်ချုပ်သည့် နယ်‌မြေဖြစ်သည့်အတွက် ငြိမ်းချမ်း‌ရေးကာလတွင် အဆိုပါစီမံကိန်းများလုပ်‌ဆောင်ပါက ပဋိပက္ခများဖြစ်လာနိုင်‌သော‌ကြောင့် စီမံကိန်းခွင့်မပြု‌ကြောင်း KNU ဘက်မှ လည်း ဆုံးဖြတ်ထားခြင်းလည်းရှိသည်။

ဖြူမင်းထွန်း ကုမ္ပဏီလီမိတက်မှ ထုံး၊ ‌ကျောက်(စက်မှုတွင်းထွက်ကုန်ကြမ်း) အကြီးစားထုတ်လုပ်ရန်အတွက် လုပ်ပိုင်ခွင့် အသုံးပြုမှု ‌လျှောက်ထားခြင်းကိစ္စ သက်ဆိုင်ရာ KNU တာဝန်ရှိသူများထံ ‌ရောက်ရှိလာပါက ‌ဒေသခံ သ‌ဘောထားဆန္ဒနှင့် ကန့်ကွက်စာ ‌ပေးပို့ထားသည်ကို KNU အ‌နေဖြင့် သိရှိထားရန် ယခုကန့်ကွက်စာကို KNU ဗဟို စီးပွား‌ရေး‌ကော်မတီထံလည်း ဩဂုတ်လ ၁၇ရက် ‌နေ့စွဲဖြင့် ပူးတွဲစာ‌ပေးပို့ထားသည်ဟု သိရသည်။

ဖြူမင်းထွန်းကုမ္ပဏီ CEO ဦးသိန်းထွန်းက “ကျ‌နော်တို့မှာ ၃ကြိမ် သ‌ဘောထားမှတ်ချက် ယူထားချက်အရဆိုရင် ‌တော့ ၉၀%‌ကျော်‌လောက် ‌ထောက်ခံထားပါတယ်။ သ‌ဘောထားယူတုန်းကလည်း တစ်ဦးထဲမဟုတ်ဘူး။ အစိုးရ အဖွဲ့လည်းပါတယ်။ ‌နောက်တစ်ခါ KNU လည်း ပါတယ်။ ကုမ္ပဏီလည်းပါတယ်။ အဲဒီအ‌ပေါ်မှာ ထီးညားလူဘုန်းကြီး ‌ကျောင်းထဲမှာ သ‌ဘောထားမှတ်ချက်ယူကြတာ‌ပေါ့။ ယူ‌တော့ ကျန်‌သေးတဲ့ တချို့နားမလည်တဲ့ ကျန်‌သေးတဲ့ရွာ ‌တွေ ပိန္နဲ‌တောတို့ရွာတို့မှာ ထပ်ပြီးရှင်းပြပြီး‌တော့ သ‌ဘောထားမှတ်ချက်ယူပြီး သူတို့ရဲ့သ ‌ဘောတူ‌ကြောင်းကို လက်မှတ်ထိုးတာ‌ပေါ့‌နော်။ ဒီဧရိယာ‌တွေဟာလည်း ကျ‌နော်တို့က သူတို့သ‌ဘောမတူဘဲနဲ့ အရမ်းဝင်လို့ရတဲ့‌နေရာ မဟုတ်ဘူး‌လေ၊ အဲဒါ‌ကြောင့်ပါ။”ဟု ‌ပြောသည်။

ထို့အပြင် ယခုလုပ်ငန်းစဉ်ကို လူထုသ‌ဘောမတူဘဲ စတင်ခဲ့ခြင်း မဟုတ်သလို ‌ဒေသခံပြည်သူများ၏ သ‌ဘောတူညီ ချက်နှင့်အညီ ယခင်ဝန်ကြီးချုပ်‌ဟောင်းလက်ထက် မွန်ပြည်နယ်အစိုးရမှတဆင့် ပြည်‌ထောင်စုအစိုးရထံ တင်ပြရာ၌ အစိုးရက ရှာ‌ဖွေစမ်းသပ်ရန် ခွင့်ပြု‌ကြောင်း၊ စမ်းသပ်အဆင့်ထိ ‌ရောက်ရှိခဲ့‌သော်လည်း ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကာ လအတွင်း ‌စောင့်ဆိုင်းရန် အစိုးရ၏‌ပြောဆိုလာသည့်အတွက် ယခုအချိန်တွင် ရပ်ထားရ‌ကြောင်း ဦးသိန်းထွန်းက ဆက်‌ပြောသည်။

မင်းလွင်‌တောင် ဖြစ်‌မြောက်နိုင်စွမ်း ‌လေ့လာရန် ဓာတ်သတ္တုစမ်းသပ်တိုင်းတာမှုကို ပြီးခဲ့သည့် ၂၀၁၅ခုနှစ်ကတည်း က တင်‌ဆောင်ရွက်ရန်စီစဉ်ကာ ‌ဒေသခံများ၏ အကြိမ်ကြိမ်ကန့်ကွက်ထားမှု‌ကြောင့် စီမံကိန်းအ‌ကောင်အထည် ‌ဖော်နိုင်မှု မဖြစ်ကာ ယခု ၂၀၂ဝခုနှစ်ထိ ကြိုးပမ်းလာခဲ့ခြင်းဖြစ်သည်ဟု မင်းလွင်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း ‌ရေးအဖွဲ့ထံမှ သိရသည်။