Home သတင်း အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) နှစ် ၂ဝ ပြည့် အခမ်းအနား ကျင်းပ

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) နှစ် ၂ဝ ပြည့် အခမ်းအနား ကျင်းပ

2703
အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)၏ နှစ် ၂ဝ ပြည့် (Photo-kic)

ဒီဇင်ဘာ ၉ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)၏ နှစ် ၂ဝ ပြည့်အခမ်းအနားကို ရန်ကုန်မြို့၊ အင်းလျားလိပ် ဟိုတယ်၌ ဒီဇင်ဘာ ၉ ရက်‌နေ့ ည‌နေပိုင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ နှစ် ၂ဝ ပြည့် အခမ်းအနားတွင် WLB အဖွဲ့ဝင်အမျိုးသမီးများ၏ သမိုင်းဖြတ်သန်းမှု ပြခန်းများ၊ ထုတ်‌ဝေ ခဲ့သည့် အစီရင်ခံစာများ၊ ဓါတ်ပုံမှတ်တမ်းများ လက်ရှိလုပ်‌ဆောင်‌နေသည့် အမျိုးသမီးအ‌ရေးနှင့် ငြိမ်းချမ်း‌ရေး ဆိုင်ရာ လုပ်‌ဆောင်မှုများကို ပြသထားသည်။ ထို့‌နောက် နှစ် ၂ဝ ပြည့် အခမ်းအနားသို့ တက်‌ရောက်လာသည့် နယ်ပယ်စုံ‌ခေါင်း‌ဆောင်များ ကိုယ်စားလှယ်များက အမှတ်တရ အမှာစကား အသီးသီး‌ပြောကြားခဲ့သည်။

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)ကို ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၉ ရက်‌နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဘဂင်္လား ‌ဒေ့ရှ်၊ လက်ရှိတွင် အိနိ္ဒယနှင့် ထိုင်းနယ်‌ဒေသများမှ တိုင်းရင်းသား အမျိုးသမီးအဖွဲ့အစည်း ၁၃ ဖွဲ့တို့ အဖွဲ့ဝင်အဖြစ် ပါဝင် ဖွဲ့စည်းထားသည်။

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)သည် ဒီမိုက‌ရေစီအ‌ရေး၊ ငြိမ်းချမ်း‌ရေး၊ အမျိုးသားပြန်လည်သင့်မြတ်‌ရေး တို့တွင် အမျိုးသမီးများ ပိုမိုပါဝင်လာ‌အောင်လုပ်‌ဆောင်‌နေသည့် အဖွဲ့ဖြစ်သလို၊ အမျိုးသမီးများအ‌ပေါ် အကြမ်း ဖက်မှုပ‌ပျောက်‌ရေး၊ အမျိုးသမီးများ စွမ်းရည်မြှင့်တင်‌ပေး‌ရေး စသည်တို့ကိုလည်း လုပ်‌ဆောင်‌နေသည့် အဖွဲ့ ဖြစ်သည်။