Home သတင်း ‌ကော့ကရိတ်မြို့နယ်၊ ‌ကျေးရွာ ၂၆ရွာ စု‌ပေါင်း၍ ကရင့်ရိုးရာလက်ချည်ပွဲကျင်းပ

‌ကော့ကရိတ်မြို့နယ်၊ ‌ကျေးရွာ ၂၆ရွာ စု‌ပေါင်း၍ ကရင့်ရိုးရာလက်ချည်ပွဲကျင်းပ

2970

ဩဂုတ် ၇ရက်၊ ၂၀၁၇ခုနှစ်။ ‌စောခါးစူးညား

‌ကော့ကရိတ်မြို့နယ်ရှိ ‌ကျေးရွာအုပ်စု ငါးခုမှ ရွာ‌ပေါင်း ၂၆ရွာ စု‌ပေါင်း၍ နှစ်စဉ် ကရင်ရိုးရာချည်ဖြူဖွဲ့ မဂင်္လာ အခမ်းအနားကို ကျင်းပလာခဲ့ရာ ယခုနှစ်၊ ဩဂုတ် ၇ရက်(ယ‌နေ့)၌လည်း ‌အောင်ဖကြီး‌ကျေးရွာ၊ ဘုန်း‌တော်ကြီး‌ကျောင်းတွင် (၇)ကြိမ်‌မြောက်အ ဖြစ် အစဉ်အလာမပျက် ကျင်းပနိုင်ခဲ့သည်။

ကရင်တစ်မျိုးသားလုံး လက္ခဏာရပ်များထဲမှ တစ်ခုဖြစ်သည့် ကရင့်ရိုးရာလက်ရစ်ချည်ပွဲကို ကရင်အမျိုးသားတိုင်း နားလည်‌စေ ပြီး ‌နောင်လာမည့် မျိုးဆက်သစ်များ ဆက်လက်ထိန်းသိမ်းသွားနိုင်ရန် အစဉ်အလာမပျက် ကျင်းပခြင်းဖြစ်သည်ဟု ပွဲဖြစ်‌မြောက် ‌ရေး‌ကော်မတီ ဥက္ကဌ ‌စောအဲဂမလယ်‌လောင်းစိပ်(စဝ်အဲဂမုိုင်လုက်ဆိင့်)က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကရင်‌တွေရဲ့ အမျိုးသားလက္ခဏာရပ်ဖြစ်တဲ့ ဘာသာစကား၊ စာ‌ပေ၊ ရိုးရာဓ‌လေ့၊ ယဉ်‌ကျေးမှု စတာ‌တွေထဲက ဒီချည်ဖြူဖွဲ့ မဂင်္လာပွဲ (လက်ရစ်ချည်ပွဲ)ဟာ တစ်ခုအပါအဝင် ဖြစ်တဲ့အတွက် ဒါကို ထိန်းသိမ်းတဲ့အ‌နေနဲ့ ဒီနှစ်မှာလည်း ပွဲကို အစဉ်အလာမ ပျက် ကျင်းပတာပါ။ ‌ရှေ့ဆက်လည်း ကျင်းပရမှာပဲ ဖြစ်ပါတယ်”ဟု ‌စောအဲဂမလယ်‌လောင်းစိပ်က ဆိုသည်။

မျက်‌မှောက်ကာလအထိ ကရင်လူမျိုးများ‌နေထိုင်ရာ အချို့‌ဒေသများတွင် ယခုလို ပွဲ‌တော်ကို ကျင်းပရ‌ကောင်းမှန်း မသိ‌သေး ‌သော်လည်း မိမိရိုးရာယဉ်‌ကျေးမှုကို ထိန်းသိမ်းလိုပါက ရိုးရာလက်ချည်ပွဲ အ‌ကြောင်းအရာများကို ‌လေ့လာဖတ်ရှုကာ ကျယ်ပြန့် လာ‌အောင် သက်ဆိုင်ရာ ‌ဒေသအသီးသီးမှ ‌ဆောင်ရွက်သွား‌စေလို‌ကြောင်း သူက ဆက်လက် တိုက်တွန်း‌ပြောဆိုသည်။

‌ကော့ကရိတ်မြို့အတွင်း ‌အောင်ဖကြီး၊ ‌မောင်းမရွာသစ်၊ စက္ကဝက်၊ ရွာတန်းရှည်နှင့် သုံးဆယ့်သုံးဆူ စသည့် ‌ကျေးရွာအုပ်စုများထဲ မှ ရွာ‌ပေါင်း ၂၆ရွာ စု‌ပေါင်း၍ လက်ချည်ပွဲကို နှစ်စဉ်ကျင်းပလာကာ ယခုဆိုလျှင် (၇)ကြိမ်‌မြောက်ပြီဖြစ်‌သော်လည်း ယခင်ကမူ အလျင်းသင့်သလိုသာ စု‌ပေါင်းကျင်းပလာခဲ့သည့် အ‌လေ့အထမှာ နှစ်‌ပေါင်း (၄၀)‌ကျော်ပြီဖြစ်‌ကြောင်း ပွဲ‌တော်ကျင်းပ‌ရေး‌ကော်မ တီထံမှ သိရသည်။

ယခု ကရင်ရိုးရာလက်ချည်ပွဲတွင် သံဃာ‌တော်များ၊ ‌ကော့ကရိတ်မြို့နယ် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အရပ်ဖက်၊ စစ်ဖက် တာဝန်ရှိသူများ၊ ကရင်ပြည်နယ် လွှတ်‌တော် ဒုဥက္ကဌနှင့် အစိုးရ၏ မြို့နယ်၊ ‌ကျေးရွာအုပ်စု တာဝန်ရှိသူများ၊ ‌ကျေးရွာရပ် မိရပ်ဖများ၊ ‌ဒေသခံများ စုစု‌ပေါင်း နှစ်‌ထောင်‌ကျော် တက်‌ရောက်ခဲ့ကြသည်။

လက်ချည်ပွဲ တက်‌ရောက်သူ ကရင်လူငယ် ‌စော‌ကျော်လုံး‌ဖော့က “ကျ‌နော်တို့လူငယ်အ‌နေနဲ့ ဒီလို ကရင်ရိုးရာပွဲကို တက်‌ရောက် ခွင့်ရတာ ဝမ်းသာတယ်။ အ‌တွေ့အကြုံလည်း အများကြီးရတယ်။ တချိန်ချိန်ကျရင် လူကြီးဖြစ်လာမယ့် ကျ‌နော်တို့‌တွေဟာ ပြန် လည်ဦး‌ဆောင်ရမှာ ဖြစ်တဲ့အတွက် မတူကွဲပြားတဲ့ ပြည်တွင်းပြည်ပနဲ့ နယ်စပ်အသီးသီးမှာရှိ‌နေကြတဲ့ ကရင်လူငယ်‌တွေအ‌နေနဲ့ လည်း ဒါကို သတိချပ်‌စေချင်ပါတယ်လို့ တိုက်တွန်းချင်ပါတယ်”ဟု ‌ပြောသည်။

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ်တွင် ‌ကျေးရွာများစု‌ပေါင်း၍ ကရင့်ရိုးရာလက်ရစ်ချည်ပွဲကို ကျုံဒိုးမြို့(ယခင် ကျုံဒိုးရွာ)တွင် အစပြု၍ လွန်ခဲ့သည့် နှစ်‌ပေါင်း (၅၀)‌ကျော်က ကျင်းပလာရာမှ ကျန်‌ဒေသများသို့ တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ခြင်းဖြစ်သည်ဟု ပွဲ‌တော်ကျင်းပ‌ရေး‌ကော်မတီ၏ ‌ပြောပြချက်အရ သိရသည်။