Home သတင်း မဲ‌ဆောက်‌ဒေသရှိ ‌ရွှေ့‌ပြောင်းကရင်များ စု‌ပေါင်းချည်ဖြူဖွဲ့ အခမ်းအနား စည်ကား

မဲ‌ဆောက်‌ဒေသရှိ ‌ရွှေ့‌ပြောင်းကရင်များ စု‌ပေါင်းချည်ဖြူဖွဲ့ အခမ်းအနား စည်ကား

1923

ဩဂုတ် ၇ရက်၊ ၂၀၁၇ခုနှစ်။ ‌စောရှား

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်‌ဒေသရှိ ကရင်‌ရွှေ့‌ပြောင်းအလုပ်သမားများ စု‌ပေါင်း၍ ဓ‌လေ့ရိုးရာ ချည်ဖြူဖွဲ့မဂင်္လာ အခမ်းအနားကို ဝါ‌ခေါင်လဆန်း (၁၄)ရက်‌နေ့၊ ဩဂုတ်လ (၆)ရက်‌နေ့တွင် မဲ‌ဆောက်မြို့ပြင်ရှိ ‌ခြေ‌တော်ရာသ‌ဘေင်္ာဦးဘုန်းကြီး‌ကျောင်း၌ ပြုလုပ် ကျင်းပခဲ့ရာ လူပရိဿတ် ‌ထောင်နှင့်ချီ ပါဝင်ဆင်နွှဲခဲ့ကြသည်။

လက်‌ကောက်ဝတ်တွင် ချည်ဖြူများဖြင့် ရစ်‌နှောင်‌ပေး‌လေ့ရှိသည့် အ‌လေ့အထမှာ ဘိုးဘွားစဉ်ဆက်မှ ဆင်းသက်လာခြင်းဖြစ်ပြီး ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်‌ကျေးမှု အ‌မွေအနှစ် ဖြစ်သည့်အပြင် ကျန်းမာ‌ရေး၊ ခွန်အားဗလတို့နှင့် ပြည့်စုံ‌ကောင်းမွန်‌စေ ရန်အတွက် အစဉ်အလာမပျက် ရည်ရွယ်ကျင်းပခြင်းဖြစ်‌ကြောင်း ပွဲဖြစ်‌မြောက်‌ရေးအဖွဲ့ဝင် မန်း‌ရွှေနှင်းက ‌ကေအိုင်စီသို့ ‌ပြော သည်။

၎င်းက “ကရင်လူမျိုး‌တွေမှာ ဘာသာ‌ရေး‌တွေ မ‌ပေါ်‌ပေါက်ခင်ကတည်းက လက်ချည်ပွဲ လုပ်လာတာဖြစ်တဲ့အတွက် ဘာသာ‌ရေး အရ ခွဲခြားတာမျိုး မဟုတ်ဘဲနဲ့ ကရင်တိုင်းရင်းသားတိုင်းနဲ့ သက်ဆိုင်တဲ့ပွဲမို့ ‌ရှေ့ဆက်ပြီး‌တော့လည်း ထိန်းသိမ်း‌ဖော်ထုတ်ဖို့ လို ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မဲ‌ဆောက်‌ဒေသ‌ရောက် ကရင်‌ရွှေ့‌ပြောင်းအလုပ်သမားများနှင့် နိုင်ငံခြားသားဧည့်သည်အချို့ပါဝင်တက်‌ရောက်ကြသည့် ၎င်းရိုး ရာလက်ချည်ပွဲ အခမ်းအနားတွင် သံဃာ‌တော်များနှင့် လူကြီးသူမများက တက်‌ရောက်လာသူများအား လက်‌ကောက်ဝတ်တွင် ချည်ဖြူ၊ ချည်နီများ ချည်‌နှောင်‌ပေးခြင်း၊ လက်ချည်ပွဲ ကျင်းပ‌သော‌နေရာတွင် တစ်ဦးနှင့်တစ်ဦး လက်ချည်‌ပေးခြင်း၊ ကရင်‌တေး သံရှင်နှင့် ဝါသနာရှင်များကလည်း ‌တေးသီချင်းများ၊ အကများဖြင့် ဧည့်ခံ‌ဖျော်‌ဖြေခဲ့ကြသည်။

ချည်ဖြူဖွဲ့ အခမ်းအနားသို့ တက်‌ရောက်လာသူ ‌စောအပူးက “ကျ‌နော် အလိုလားဆုံးက ကရင်အမျိုးသား‌တွေရဲ့ စည်းလုံးညီ ညွှတ်မှုပဲ။ ခုလို စည်းစည်းလုံးလုံးနဲ့ လာ‌ရောက်တာ ‌တွေ့‌တော အရမ်းဝမ်းသာတယ်။ လက်ချည်ပွဲ မ‌ပျောက်ပျက်ရ‌အောင် ကျ‌နော်တို့အားလုံးက ‌နောင်လာ‌နောက်သား‌တွေကို ဆက်လက် ထိန်းသိမ်းရမယ့်အ‌ကြောင်း ‌ပြောပြသွားပါမယ်”ဟု ‌ပြောသည်။

ဝါ‌ခေါင်လသည် မိုးရာသီဖြစ်၍ အနာ‌ရောဂါများ ထူ‌ပြော‌သော လဖြစ်သည့်အပြင် မ‌ကောင်းဆိုးဝါးများလည်း ပူးကပ်နိုင်‌သော ‌ကြောင့် ‌ရှေးကရင်ဘိုးဘွားများသည် မိမိတို့၏ သားသမီး၊ ‌မြေးမြစ်များကို အဆိုပါ‌ဘေးရန်များမှ ကင်း‌ဝေး‌စေနိုင်ရန် ရည်ရွယ်၍ ရိုးရာလက်ချည်ပွဲကို ပြုလုပ်ခြင်းဖြစ်သလို ကရင်လူမျိုးများ အချင်းချင်း တစ်နှစ်တစ်ကြိမ် ဆုံဆည်းနိုင်ရန် ကျင်းပသည့် ရိုးရာပွဲ ‌တော်တစ်ခုလည်း ဖြစ်သည်။

ကရင်ရိုးရာ လက်ချည်ရာတွင် ‌ကောက်ညှင်းဖင်ချွန်၊ ချည်ဖြူ၊ ငှက်‌ပျောသီး၊ ‌ရေ၊ နတ်ပန်းညို၊ ထမင်းဆုပ်နှင့် ကြံ စသည့်ပစ္စည်း (၇)မျိုးပါဝင်ပြီး ကရင်ရိုးရာ လက်ချည်ပွဲ‌တော်ကို အချို့‌သော ကရင်လူမျိုးများက ဘာသာ‌ရေးနှင့် ဆက်နွယ်သည့် ရိုးရာပွဲ‌တော် တစ်ရပ်အဖြစ် ယူဆကြသူများလည်း ရှိသည်။

‌နေရာအနှံ့အပြားတွင် ‌ရောက်ရှိ‌နေ‌သော ကရင်လူမျိုးများသည် မိမိတို့ရိုးရာကို ထိန်းသိမ်း‌သောအ‌နေဖြင့်လည်း‌ကောင်း၊ အနာ ‌ရောဂါနှင့် မမြင်အပ်‌သော မ‌ကောင်းဆိုးဝါးများရန်မှ ကင်း‌ဝေး‌စေရန်အတွက်လည်း‌ကောင်း ဝါ‌ခေါင်လ‌ရောက်တိုင်း စု‌ပေါင်း ချည် ဖြူဖွဲ့ အခမ်းအနားများကို အစဉ်အလာမပျက် နှစ်စဉ် ကျင်းပ‌လေ့ရှိကြသည်။