Home သတင်း တရားမဝင် ဝင်‌ရောက်လာသည့် မြန်မာနိုင်ငံသား ၁၂ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီး

တရားမဝင် ဝင်‌ရောက်လာသည့် မြန်မာနိုင်ငံသား ၁၂ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီး

2186

ဇန်နဝါရီ ၂ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

တနသင်္ာရီတိုင်းနယ်စပ်မှ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်‌ရောက်လာသည့် မြန်မာနိုင်ငံသား ၁၂ဦး တင်‌ဆောင်လာ‌သော ကားတစ် စီးကို ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီ‌ဘောင်းတီလမ်းရှိ ‌ဘောင်းတီရွာတွင် ၂၀၁၄ခုနှစ် ဒီဇင်ဘာ ၂၈ရက်‌နေ့က ထိုင်းစစ်တပ် တပ်မ(၁) တပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

အဖမ်းခံခဲ့ရသည့် မြန်မာနိုင်ငံသားများမှာ မွန်ပြည်နယ်၊ ‌မော်လမြိုင်နှင့် တနသင်္ာရီတိုင်း‌ဒေသကြီး၊ ထားဝယ်‌ဒေသများမှ ထိုင်း နိုင်ငံ၊ ကန်ချနဘူရီခရိုင်သို့ အလုပ်လုပ်ရန် လာ‌ရောက်ခြင်းဖြစ်ပြီး ထားဝယ်မြို့မှ ကန်ချဘူရီသို့အ‌ရောက် တစ်ဦးလျှင် ထိုင်းဘတ် ‌ငွေတစ်‌သောင်း(၁၀,၀၀၀)နှုန်းဖြင့် ကယ်ရီသမား(ပို့‌ဆောင်‌ပေးသူ)များအား ‌ပေးထားခဲ့ရ‌ကြောင်း ထိုင်းစစ်တပ်နှင့် နီးစပ်သူတစ် ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“သူတို့ အခုသွားတဲ့လမ်းက တရားမဝင်လမ်းမှန်း မသိဘူး။ ကယ်ရီသမားက အဲဒီလမ်းပဲ ပို့ခိုင်းတယ်။ သူတို့က ဒီလမ်းကို တရား မဝင်လမ်းလို့ သိထားရင် မလာပါဘူး။ ‌နောက်ပြီး အခုချိန်မှာ ထိုင်းမှာ အလုပ်လုပ်တဲ့ ပါမစ်(ခွင့်ပြုချက်)‌တွေ လုပ်‌ပေးတယ်။ သူတို့က အဲဒါကိုသွားလုပ်ပြီး ထိုင်းမှာအလုပ်လုပ်ဖို့ ဝင်လာတာဖြစ်တယ်။ ဒါ‌ပေမဲ့ ကယ်ရီသမားက ဒီလမ်းက‌နေ ‌ခေါ်လာတာ။” ဟု အဖမ်းခံရသူများနှင့် ‌တွေ့ဆုံခဲ့သည့် အဆိုပါပုဂ္ဂိုလ်က ‌ပြောသည်။

ဖမ်းဆီးခံရသူများသည် က‌လေး ၂ဦး အပါအဝင် အမျိုးသား ၆ဦးနှင့် အမျိုးသမီး ၄ဦးတို့ ဖြစ်ကြပြီး ၎င်းတို့အား တင်‌ဆောင်လာ သည့်ကားကို ‌မောင်းနှင်လာသူ ဦးသိန်းမြင့်ဆိုသူမှာ ဖမ်းဆီးချိန်တွင် ထွက်‌ပြေးလွတ်‌မြောက်သွားခဲ့‌ကြောင်း သိရသည်။
1419991876662
ဖမ်းဆီးခံရသည့် အမည်မ‌ဖော်လိုသူ အမျိုးသားတစ်ဦးက “ထိုင်းဘက်မှာ အလုပ်သွားလုပ်ဖို့ သူငယ်ချင်းက‌နေတဆင့် အဆက် အသွယ်နဲ့လာတာပါ။ ထိုင်းမှာ အလုပ်လုပ်ရင် တ‌နေ့ကို ဘတ် ၃၀ဝရတယ်လို့ ကယ်ရီက ‌ပြောတယ်။ ထိုင်းကို တက်လာဖို့အ တွက် ပိုက်ဆံအများကြီး ကုန်တယ်။ အခုလို အဖမ်းခံရ‌တော့ ဘာမှမလုပ်တတ်‌တော့ဘူး။ ဆက်သွားဖို့လည်း ပိုက်ဆံမရှိ‌တော့ ဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တနသာင်္ရီတိုင်း‌ဒေသရှိ ထိုင်းမြန်မာနယ်စပ် ‌ကော့‌သောင်း၊ ‌မော‌တောင်နှင့် ထီးခီးဂိတ်များတွင် ၂၀၁၃ခုနှစ်မှစ၍ နှစ်နိုင်ငံ ဖြတ် သန်းသွားလာရန် ဖွင့်လှစ်‌ပေးထားပြီး ယာယီနိုင်ငံကူးလက်မှတ် တစ်ပတ်စာအတွက် ဘတ်‌ငွေ ၂၀၀‌ပေး‌ဆောင်၍လည်း‌ကောင်း၊ ပတ်စ်ပို့ဖြင့် ဝင်‌ရောက်လျှင် တစ်လစာ ဗီဇာခ ဘတ်‌ငွေ ၅၀၀‌ပေး‌ဆောင်၍လည်း‌ကောင်း ဝင်‌ရောက်နိုင်သည်ဟု ၎င်းနယ်စပ်၌ သွားလာ‌နေသူ ‌စောထူးက‌ပေါ်က ‌ပြောသည်။

အလားတူ အဆိုပါနယ်စပ်တွင် တရားမဝင် ဝင်‌ရောက်နိုင်သည့် ဂိတ် ၅‌နေရာရှိပြီး ၎င်းတို့မှာ ဆင်ဖြူဒိုင်မှ ‌ဘောင်းတီ၊ အိုင်ဝိုင်းမှ ငါးရံ့နီ၊ သုခနယ်စပ်မှ ပယ်စီ၊ ‌ထောမာ့ဖြိုးမှ တဂိုပြည်‌ထောင်နှင့် ‌ချောင်ချိမှ ပကျွတ် စသည့်ဂိတ်များဖြစ်ကြသည်။

လတ်တ‌လောတွင် ဖမ်းဆီးခံရသူများကို တရားမဝင် ဝင်‌ရောက်မှုဖြင့် ကန်ချနဘူရီခရိုင် ထိုင်းလူဝင်မှုကြီးကြပ်‌ရေးဌာန (‌တော ‌မော)ရုံးသို့ ‌ခေါ်‌ဆောင်သွားကာ ထိုင်းဥပ‌ဒေအရ ၁၅ရက်ကြာ ထိန်းသိမ်းထားပြီးလျှင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့‌ဆောင်မည်ဖြစ် ‌ကြောင်း သိရသည်။