Home သတင်း ဘန်း‌ချောင်း ‌ကျောက်မီး‌သွေးစီမံကိန်း‌ကြောင့် ပျက်စီးသွား‌သော ‌မြေယာကိစ္စ ‌ဖြေရှင်းရန် ‌လေးပွင့်ဆိုင်‌တွေ့ဆုံ

ဘန်း‌ချောင်း ‌ကျောက်မီး‌သွေးစီမံကိန်း‌ကြောင့် ပျက်စီးသွား‌သော ‌မြေယာကိစ္စ ‌ဖြေရှင်းရန် ‌လေးပွင့်ဆိုင်‌တွေ့ဆုံ

2158

ဇန်နဝါရီ ၈ရက်။ ၂၀၁၅ခုနှစ်၊ ‌စောသိန်းမြင့်

တနသင်္ာရီတိုင်း၊ ထားဝယ်မြို့နယ် က‌ထောနီရွာအနီး ဘန်း‌ချောင်း‌ဒေသရှိ မြန်မာ‌မေဖလားဝါးကုမ္ပဏီ၊ Thai Asset Company၊ East Star Company ကုမ္ပဏီတို့မှ ‌ကျောက်မီး‌သွေးတူး‌ဖော်ရာ၌ ပျက်စီးဆုံးရှုံးသည့် လူထုပိုင်ဥယျာဉ်ခြံကိစ္စများကို ‌ဖြေရှင်းရန် သက်ဆိုင်ရာ အစိုးရ၊ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၊ ကုမ္ပဏီနှင့် ‌ဒေသခံတို့သည် ဇန်နဝါရီ ၆ရက်‌နေ့က က‌ထောနီ ‌ကျေးရွာ၌ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြသည်။

ယင်း‌ကျောက်မီး‌သွေး ထုတ်လုပ်မှုတွင် ‌ဒေသခံရွာသားများမှ အစိုးရနှင့် ‌ကေအဲန်ယူတို့အား ဆန့်ကျင်ဆန္ဒပြမှု ဖြစ်‌ပေါ်လာသည့် အ‌ပေါ် ‌နေပြည်‌တော် စွမ်းအင်ဝန်ကြီး၊ တနသင်္ာရီတိုင်း‌ဒေသကြီး ဝန်ကြီးဦးမြတ်ကို၊ ကရင်ပြည်နယ်၊ နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ် မှူးကြီး‌အောင်လွင်နှင့် ‌ကေအဲန်ယူ တပ်မဟာ(၄)တပ်မဟာမှူး ဗိုလ်မှူးချုပ်‌စောဒါး‌ကျော်လု ဦး‌ဆောင်အဖွဲ့၊ လုပ်ငန်း‌ဖော်‌ဆောင် ‌သော ကုမ္ပဏီတာဝန်ရှိသူများနှင့် ‌ဒေသခံပြည်သူများက ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အမည်မ‌ဖော်လိုသူ ‌ဒေသခံ ပြည်သူတစ်ဦးက “ဒီစီမံကိန်း‌ကြောင့် ပျက်စီးသွားပြီဖြစ်တဲ့ ‌မြေယာ‌တွေကို ဘယ်လို ဆက်လုပ်မလဲ ဆိုတာကို အဓိကထားပြီး ‌ဆွေး‌နွေးတာဖြစ်တယ်။ ပြီး‌တော့ ‌မြေယာဆုံးရှုံးသွားတဲ့ ပြည်သူ‌တွေ ‌မြေယာတန်ဘိုးရဖို့၊ ပြည်သူ‌တွေ ဆန္ဒဘယ်လိုရှိလဲ စတာ‌တွေ‌ဆွေး‌နွေးတယ်။ လုပ်ငန်းဖျက်သိမ်းဖို့‌တော့ မရှိပါဘူး။ လူထုရဲ့ဆန္ဒကို ရယူတာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လတ်တ‌လော အ‌ကောင်အထည်‌ဖော်လျှက်ရှိသည့် ၎င်း‌ကျောက်မီး‌သွေးစီမံကိန်းကို ၂၀၁၄ခုနှစ်ဆန်းပိုင်းမှစ၍ ‌ဒေသခံလူထုနှင့် သဘာဝပတ်ဝန်းကျင်အဖွဲ့တို့ ဆန့်ကျင်ဆန္ဒပြမှု‌ကြောင့် တူး‌ဖော်ထားပြီးဖြစ်‌သော ‌ကျောက်မီး‌သွေးများကို သယ်ထုတ်ရန် အခက် ‌တွေ့‌နေရသည်ဟု သူက ဆက်‌ပြောသည်။

တနသင်္ာရီတိုင်း‌ဒေသကြီးအတွင်း လူမှု‌ရေးအဖွဲ့တစ်ခုဖြစ်သည့် Southern Youth Social Development Association မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ‌စောစံ‌ငွေက ‌ကျောက်မီး‌သွေးစီမံကိန်း၌ ပျက်စီးဆုံးရှုံးမည့် ‌ဒေသခံ ပြည်သူများပိုင်‌မြေနှင့် ဥယျာဉ်ခြံ တန်ဘိုးများအတွက် စီမံကိန်းအ‌ကောင်အထည်‌ဖော်‌ဆောင်သည့် ကုမ္ပဏီများဘက်က ‌ပေး‌ဆောင်မည်ဟု ‌ပြောဆိုထား‌သော် လည်း ‌ဒေသခံများဘက်မှ လုပ်ငန်းရုပ်သိမ်း‌ရေးကိုသာ လိုလားကြ‌ကြောင်း ယခုလို ‌ပြောဆိုသည်။

“ဒီ‌ကျောက်မီး‌သွေးစီမံကိန်းဟာ ပြည်သူ‌တွေ ဥယျာဉ်ခြံအများကြီးဆုံးရှုံးသွားတယ်။ ဒါ‌ကြောင့် စီမံကိန်း အ‌ကောင်အထည် ‌ဖော် ‌ဆောင်‌နေတဲ့ကုမ္ပဏီ၊ အစိုးရနဲ့‌ကေအဲန်ယူတို့အ‌နေနဲ့လည်း ပြည်သူ‌တွေ သ‌ဘောတူမတူကို ရယူပြီးမှ ဆက်လက် လုပ်‌ဆောင် သင့်တယ်”ဟု ‌စောစံ‌ငွေက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကျောက်မီး‌သွေး စီမံကိန်းကို လုပ်‌ဆောင်ရာတွင် ‌ဒေသခံများအ‌ပေါ် ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် လုပ်ငန်းအ‌ပေါ် တာဝန်ယူမှု ပျက်ကွက်ခြင်း၊ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများ ရှိ‌သော‌ကြောင့် လုပ်ငန်းများကို ရုပ်သိမ်းရန် ‌ဒေသခံများက ထားဝယ်မြို့၊ ခရစ် ယာန်ပညာ‌ရေးရိပ်သာတွင် ‌ဒေသခံ၊ သဘာဝပတ်ဝန်ကျင်အဖွဲ့၊ နိုင်ငံ‌ရေး အင်အားစုများက စု‌ပေါင်း၍ ၂၀၁၄ခုနှစ်၊ ‌အောက်တို ဘာ ၂၇ရက်‌နေ့တွင် ‌တွေ့ဆုံပွဲတစ်ရပ်ပြုလုပ်ပြီး ကုမ္ပဏီအား ‌တောင်းဆိုခဲ့ဖူးသည်။

အစိုးရနှင့် ‌ကေအဲန်ယူတို့ထံမှ လုပ်ကွက်‌မြေ ဧက ၂၀၀၀‌ကျော် ခွင့်ပြုချက်ရယူထားပြီး ၂၀၁၃ခုနှစ်တွင် စတင် လုပ်‌ဆောင်သည့် ထို‌ကျောက်မီး‌သွေးစီမံကိန်း‌ကြောင့် ဥယျာဉ်ခြံ‌မြေ ၁၀၀၀‌ကျော် ပျက်စီးဆုံးရှုံးခဲ့သလို ‌ငွေ‌ကြေး‌မြောက်များစွာ အကုန်ကျခံသည့် စီမံကိန်းလည်းဖြစ်‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။