Home သတင်း ‌ကေအဲန်ယူဗဟိုမှ ‌မွေးမြူ‌ရေးနှင့် စိုက်ပျိုး‌ရေးသင်တန်း ဒုတိယအကြိမ် ပြုလုပ်ကျင်းပ

‌ကေအဲန်ယူဗဟိုမှ ‌မွေးမြူ‌ရေးနှင့် စိုက်ပျိုး‌ရေးသင်တန်း ဒုတိယအကြိမ် ပြုလုပ်ကျင်းပ

2544

ဒီဇင်ဘာ ၁ဝရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဗဟို‌မွေးမြူ‌ရေးနှင့် ‌ရေလုပ်ငန်းဌာန ဦး‌ဆောင်မှုဖြင့် ဒုတိယအကြိမ်‌မြောက် ငြိမ်းချမ်း ‌ရေးနှင့် ‌ဒေသဖွံ့ဖြိုး‌ရေးအ‌ထောက်အကူပြု၊ ‌ကျေးရွာအ‌ခြေပြု ‌မွေးမြူ‌ရေးနှင့် စိုက်ပျိုး‌ရေးသင်တန်းကို ဒူးပလာယာခရိုင် ‌ကော့က ရိတ်မြို့နယ်၊ အံဖကြီး‌ကျေးရွာ ဘုန်း‌တော်ကြီး‌ကျောင်းတွင် ဒီဇင်ဘာလ ၈ရက်‌နေ့က ကျင်းပခဲ့သည်။

‌ကေအဲန်ယူ ‌မွေးမြူ‌ရေးနှင့် ‌ရေလုပ်ငန်းဌာနတာဝန်ခံ ပဒို‌စောမြ‌မောင်က “ဒီသင်တန်းမှာ အဓိက သင်ကြား‌ပေးမှာ ‌မွေးမြူ‌ရေးနဲ့ ပတ်သက်တဲ့ သင်တန်းဖြစ်တယ်။ ကျ‌နော်တို့ ပြည်သူလူထု‌တွေလည်း ‌မွေးမြူ‌ရေးကို စိတ်ဝင်စားလာ‌အောင်၊ တိရိစာ္ဆန်‌တွေကို ဘယ်လို ကြိုတင် ကာကွယ်‌စောင့်‌ရှောက်ရမလဲ။ အဲဒါကို အ‌ခြေခံပြီး‌တော့ ကျ‌နော်တို့ သင်တန်းပို့ချမယ်။ ပြီး‌တော့ ပျား‌မွေးမြူ ‌ရေးနဲ့ စားဖားတို့လည်း သင်ကြားပို့ချ‌ပေးသွားမှာ ဖြစ်ပါတယ်”ဟု ‌ပြောဆိုသည်။

ဒီဇင်ဘာလ ၈ရက်မှ ၁၈ရက်‌နေ့အထိ ဖွင့်လှစ်မည့် ၎င်းသင်တန်းသို့ ‌ကေအဲန်ယူခရိုင် (၇)ခုမှ သင်တန်းသူ သင်တန်းသား‌ပေါင်း ၆၀‌ကျော် တက်‌ရောက်ခဲ့ကြပြီး ‌ကေအဲန်ယူဘက်မှ တိရိစာ္ဆန်‌မွေးမြူ‌ရေးနှင့် ကုသ‌ရေးဆိုင်ရာ၊ အစိုးရဘက်မှ ပြည်နယ်အဆင့် တိရိစာ္ဆန်‌မွေးမြူ‌ရေးနှင့် ကုသ‌ရေး ဦးစီးမှူး၊ ငါးဦးစီးမှူး၊ စိုက်ပျိုး‌ရေးဦးစီးမှူး၊ ပျားဦးစီးမှူးများမှ လာ‌ရောက်ကူညီပံ့ပိုးသင်ကြား‌ပေး သွားမည်ဖြစ်‌ကြောင်း ပဒို‌စောမြ‌မောင်က ဆက်‌ပြောသည်။
10859905_1556036131307477_911223156_n
ယင်းသင်တန်းဖွင့်လှစ်ခြင်းအားဖြင့် ‌ကျေးလက်‌ဒေသ ကရင်ပြည်သူများ၏ စားနပ်ရိက္ခာ လူ‌နေမှုအဆင့်အတန်း၊ စီးပွား‌ရေးတိုး တက်မြင့်မားလာ‌စေ‌ရေး၊ အလုပ်လက်မဲ့ပြဿနာများကို တစ်နည်းတစ်လမ်းအားဖြင့် ‌ဖြေရှင်း‌ပေးနိုင်ရန်နှင့် ငြိမ်းချမ်း‌ရေးဖြစ်စဉ် ကို တိုးတက်အား‌ကောင်း‌စေမည့် ‌ဒေါက်တိုင်တစ်ခုဖြစ်သည်ဟု ‌ကေအဲန်ယူ တပ်မဟာ(၆)က ‌ပြောဆိုသည်။

တိရိစာ္ဆန်‌မွေးမြူ‌ရေးနှင့် ကုသ‌ရေးဆိုင်ရာ သင်တန်းဆရာ ‌စောမားကပ်စ်က “အခုသင်တန်းမှာ သင်တန်းသား‌တွေ နားမလည်တဲ့ ‌မွေးမြူ‌ရေးဆိုင်ရာဘာသာရပ် ကုသ‌ရေးကို အဓိကထားပြီး‌တော့ ပြန်လည်ရှင်းလင်းသင်ကြား‌ပေးမှာ ဖြစ်ပါတယ်”ဟု ‌ပြောဆို သည်။

‌မွေးမြူ‌ရေးနှင့် စိုက်ပျိုး‌ရေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင် ပဒိုမန်းငြိမ်း‌မောင်၊ ဒူးပလာယာ ခရိုင် ဥက္ကဌ ပဒို‌စော‌ရွှေ‌မောင်း၊ ‌ကေအဲန်ယူ ခရိုင်အဆင့် ‌မွေးမြူ‌ရေးနှင့် ‌ရေလုပ်ငန်းဌာန တာဝန်ခံများ၊ ကရင်ပြည်နယ် အစိုးရအ ဖွဲ့မှ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦး‌ဇော်မင်း၊ ကရင်ပြည်နယ်လွှတ်‌တော် ဥက္ကဋ္ဌ ‌စော‌အောင်‌ကျော်မင်းနှင့် ဒုဥက္ကဋ္ဌ မန်းလှမြိုင်၊ ပြည် နယ်စိုက်ပျိုး‌ရေးနှင့် ‌မွေးမြူ‌ရေးဝန်ကြီး ‌စောခရစ္စတိုဖာ၊ လျှပ်စစ်ဝန်ကြီး ‌စောကြည်လင်းနှင့် အစိုးရဌာနဆိုင်ရာများ စုစု‌ပေါင်း လူဦး‌ရေ ၁၀၀‌ကျော် တက်‌ရောက်ခဲ့ကြပြီး ကရင်ပြည်ဝန်ကြီးချုပ် ဦး‌ဇော်မင်းက ကျပ်‌ငွေ ၁ဝသိန်း လှူဒါန်းခဲ့သည်ဟု သိရသည်။

သင်တန်းသားတစ်ဦးဖြစ်သူ ‌စောဖ‌ခေမက “မ‌အေးချမ်းတဲ့အချိန်ကဆိုရင် တိရိစာ္ဆန်တစ်‌ကောင်နှစ်‌ကောင် သွားရင်းလာရင်းနဲ့ ‌ရောဂါဖြစ်ရင် ကျ‌နော်တို့မှာ ဘာမှလုပ်လို့ မရခဲ့ဘူး။ ‌ဆေးရှာလည်း မလွယ်ဘူး။ အသိပညာ‌ပေးမယ့်သူလည်း မရှိဘူး။ ဆရာ သမားလည်း မရှိဘူး။ အခုလိုမျိုး ‌ကေအဲန်ယူက သင်တန်းလာ‌ပေးပြီး‌တော့ တက်‌ရောက်ခွင့်ရတာ ‌ကျေးဇူးတင်တယ်”ဟု ‌ပြော ဆိုသည်။

‌ကေအဲန်ယူ ဗဟို‌မွေးမြူ‌ရေးနှင့် ‌ရေလုပ်ငန်းဌာနဦး‌ဆောင်မှုဖြင့် ပထမအကြိမ် ငြိမ်းချမ်း‌ရေးနှင့် ‌ဒေသဖွံ့ဖြိုး‌ရေးအ‌ထောက်အကူ ပြု၊ ‌ကျေးရွာအ‌ခြေပြု ‌မွေးမြူ‌ရေးနှင့် စိုက်ပျိုး‌ရေးသင်တန်းကို တပ်မဟာ(၁) သထုံခရိုင်၊ သထုံမြို့နယ်၊ ‌ရွှေ‌ရောင်ပြရွာတွင် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လက ပြုလုပ်ခဲ့‌သေးသည်။