Home သတင်း KNLA စစ်ဦးစီးမှူးပထမတန်းအဖြစ် ဗိုလ်မှူး‌စောလှ‌ငွေအား ယာယီတာဝန်‌ပေးအပ်

KNLA စစ်ဦးစီးမှူးပထမတန်းအဖြစ် ဗိုလ်မှူး‌စောလှ‌ငွေအား ယာယီတာဝန်‌ပေးအပ်

1987

ဒီဇင်ဘာ ၁ဝရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) ၏ ယာယီ စစ်ဦးစီးမှူးပထမတန်း G-1 အဖြစ် ကရင်အမျိုးသားအစည်းအ ရုံး(‌ကေအဲန်ယူ)တွင် ယခင် တွဲဘက်အတွင်း‌ရေးမှူး(၁)ဖြစ်ခဲ့သူ ဗိုလ်မှူး‌စောလှ‌ငွေအား ခန့်အပ်လိုက်‌ကြောင်း နိုဝင်ဘာ ၂ဝရက်မှ ၂၂ရက်‌နေ့အထိ ဗဟိုစစ်ဋ္ဌာနချုပ်၌ ပြုလုပ်ခဲ့‌သော ‌ကေအဲန်ယူ တပ်ဖက်ဆိုင်ရာ ၆လပတ် အစည်းအ‌ဝေးတွင် ဆုံးဖြတ်ခဲ့သည်ဟု ‌ကေအဲန်ယူဘက်က ‌ပြောသည်။

လတ်တ‌လော စစ်ဦးစီးမှူး ပထမတန်း G-1 အဖြစ် တာဝန်ထမ်း‌ဆောင်‌နေသည့် အသက် ၇၁အရွယ်ရှိပြီဖြစ်‌သော ဗိုလ်ချုပ်‌စောမဲ့ ‌အေစိန်မှာ အနားယူ‌တော့မည်ဖြစ်၍ ဗိုလ်မှူး‌စောလှ‌ငွေအား ယင်းသို့ အစားထိုး ခန့်အပ်လိုက်ခြင်းဖြစ်‌ကြောင်း ‌ကေအဲန်ယူ တွဲ ဖက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲက ‌ကေအိုင်စီသို့ အတည်ပြု ‌ပြောဆိုလိုက်သည်။

“ကျ‌နော်တို့ အဲဒီအစည်းအ‌ဝေးမှာ ‌ကေအဲန်ယူ တပ်မဟာအသီးသီးက တက်လာတဲ့ တပ်မှူး၊ တပ်ဗိုလ်‌တွေက အဆိုပြုပြီး အား လုံးသ‌ဘောတူညီချက်အရ ဒီတာဝန်ကို ယာယီအ‌နေနဲ့ ဗိုလ်မှူး‌စောလှ‌ငွေကို ခန့်အပ်တဲ့သ‌ဘောဖြစ်ပါတယ်။ ဗိုလ်ချုပ်မဲ‌အေစိန် က‌တော့ အနားယူသွား‌ပေမယ့် KNLA ရဲ့ စစ်ဖက်ဆိုင်ရာ အကြံ‌ပေးအဖြစ် ဆက်ရှိ‌နေဦးမှာပါ”ဟု ပဒို‌စော‌သောသီဘွဲကဆိုသည်။
DSC_0028
အဆိုပါတာဝန်ကို ထမ်း‌ဆောင်ခဲ့သည့် ဗိုလ်ချုပ်‌စောမဲ‌အေစိန်က “ကျ‌နော့်ကရင်အမျိုးသားအတွက် ‌တော်လှန်‌ရေးကို နှစ်‌ပေါင်း (၅၀)‌ကျော် တာဝန်ယူခဲ့ပြီးပြီဖြစ်ပါတယ်။ အခုက အသက်အရွယ်အရ‌ရော ကျန်းမာ‌ရေးအရ‌ရော အနားယူရမှာဖြစ်သလို ‌နောက် လူငယ်‌ခေါင်း‌ဆောင်‌တွေကိုလည်း လက်ဆင့်ကမ်း တာဝန်‌ပေးခြင်းဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ်က ကျင်းပခဲ့သည့် (၁၅)ကြိမ်‌မြောက် ‌ကေအဲန်ယူကွန်ဂရက်တွင် ‌ကေအဲန်ယူ တပ်ဖက်ဆိုင်ရာ အရာရှိများ အသက် ၆၅နှစ်ပြည့်ပါက တပ်ပိုင်းဆိုင်ရာ တာဝန်မှ အနားယူရမည်ဟု ဆုံးဖြတ်ချက်ချ အတည်ပြုထားခဲ့သည်။ ဗိုလ်ချုပ်‌စောမဲ ‌အေစိန်မှာ ၂၀၀၈ခုနှစ်က ‌ကေအဲန်ယူ တပ်မဟာ(၅)နယ်‌မြေ ‌သေ့‌ကော်ထာ့စခန်းတွင် ကျင်းပခဲ့‌သော (၁၄)ကြိမ်‌မြောက် ‌ကေ အဲန်ယူကွန်ဂရက်အပြီးတွင် စစ်ဦးစီးမှူး ပထမတန်း G-1 တာဝန်ကို ထမ်း‌ဆောင်ခဲ့ပြီး ဗိုလ်မှူး‌စောလှ‌ငွေအား ယခုကဲ့သို့ ယာယီ ခန့်အပ်ခဲ့ခြင်းလည်းဖြစ်သည်။

၎င်းယာယီခန့်အပ်မှုကို လာမည့် ၂၀၁၅ခုနှစ်အတွင်း KNLA ၏ (၆)လပတ် အစည်းအ‌ဝေး ထပ်မံ ပြုလုပ်သည့်အခါ ဗိုလ်မှူး‌စော လှ‌ငွေအား G-1 အဖြစ် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီက အတည်ပြု သတ်မှတ်သွားရန်ရှိသည်ဟု သိရသည်။ KNLA တွင် အဆင့်လိုက် စစ်ဦးစီးမှူး ၃ဦးရှိရာ ၎င်းတို့မှာ စစ်ဦးစီးမှူး ပထမတန်း G-1(ယာယီ)အဖြစ် ဗိုလ်မှူး‌စောလှ‌ငွေ၊ စစ်ဦးစီး မှူး ဒုတိယတန်း G-2 အဖြစ် ဗိုလ်မှူးကြီး‌စောဒိုမို‌ရွှေနှင့် စစ်ဦးစီးမှူး တတိယတန်း G-3 အဖြစ် ဗိုလ်မှူး‌စောတာမလာ‌သောတို့ ဖြစ် ကြသည်။

ဗိုလ်မှူး‌စောလှ‌ငွေသည် ‌ကေအဲန်ယူ၌ ‌တောင်ငူခရိုင်၊ တပ်မဟာ(၂)တွင် ရုံးထိုင်မှူးအပြင် ဗဟိုစည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးဌာန တာဝန်ခံ စသည်ဖြင့် တာဝန်ထမ်း‌ဆောင်ခဲ့ဖူးသလို (၁၄)ကြိမ်‌မြောက်ကွန်ဂရက်တွင် တွဲဖက်အတွင်း‌ရေးမှူး(၁)အဖြစ် ‌ရွေး ‌ကောက်ခံခဲ့ရပြီး ၂၀၁၂ခုနှစ်အထိ ‌လေးနှစ်ကြာ တာဝန်ယူခဲ့သည်။