Home သတင်း မူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေးအတွက် ကရင်လက်နက်ကိုင်များ ‌ကော်မတီဖွဲ့စည်း

မူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေးအတွက် ကရင်လက်နက်ကိုင်များ ‌ကော်မတီဖွဲ့စည်း

2154

ဇူလိုင် ၁ဝရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ကရင်တိုင်းရင်းသား လက်နက်ကိုင် ၅ဖွဲ့ဖြင့် စုစည်းဖွဲ့စည်းထားသည့် ကရင်တိုင်းရင်းသားလက်နက်ကိုင်များ ညီညွှတ်‌ရေး‌ကော်မ တီက မူးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေးအတွက် အဖွဲ့ဝင် ၁၇ဦးပါဝင်သည့် ‌ကော်မတီတစ်ရပ်ကို ဇူလိုင် ၈ရက်‌နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ‌ရွှေကုက္ကို‌ကျေးရွာတွင် ဖွဲ့စည်းလိုက်ပြီဖြစ်‌ကြောင်း ယင်း‌ကော်မတီ၏ ဥက္ကဌ ဗိုလ်မှူးကြီး ‌စောချစ်သူက ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း ဖြစ်‌ပေါ်‌နေ‌သော မူးယစ်‌ဆေးဝါး ပြဿနာများကို ထိ‌ရောက်စွာ ‌ဖြေရှင်းနိုင်ရန်အတွက် ၎င်းမူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေး‌ကော်မတီကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ဥက္ကဌအဖြစ် နယ်ခြား‌စောင့်တပ် (BGF)မှ ဗိုလ်မှူးကြီး‌စောချစ်သူနှင့် အတွင်း‌ရေးမှူးအဖြစ် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဗိုလ်မှူးကြီး‌စော‌ဖောဒိုတို့ဖြစ်‌ကြောင်း သိရသည်။

ဗိုလ်မှူးကြီး ‌စောချစ်သူက “ကျ‌နော်တို့ ကရင်ပြည်နယ်မှာ လူကြီးက‌နေ က‌လေးသူငယ် ‌ကျောင်းသူ‌ကျောင်းသား‌လေး‌တွေကအ စ အချို့ဟာ မူးယစ်‌ဆေး သုံးစွဲ‌နေတာ‌တွေ ‌တွေ့‌နေရတယ်။ လူထု‌တွေကို ကျ‌နော်တို့ ပြန်လည်ကူညီ‌ပေးရမယ့် အပိုင်း‌ရောက်‌နေ ပြီ။ ဒီပြဿနာကို ထိထိ‌ရောက်‌ရောက် ‌ဖြေရှင်းမှဖြစ်‌တော့မယ် ဆိုပြီး‌တော့ အခုလို ဖွဲ့လိုက်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ‌ကော်မတီ ဖွဲ့စည်းရန် ဇူလိုင် ၈ရက်‌နေ့က ‌ရွှေကုက္ကိုရွာတွင် အ‌ရေး‌ပေါ် အစည်းအ‌ဝေးတစ်ရပ် ပြုလုပ်ရာ၌ KNU၊ BGF၊ ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ်မ‌တော် (DKBA)၊ KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ၊ KPF(‌ဟောင်သ‌ရော အထူး‌ဒေသ)၊ ပဒို ‌အောင်ဆန်း ဦး‌ဆောင်သည့် ဘုရားကုန်းငြိမ်းချမ်း‌ရေးအဖွဲ့တို့မှ ‌ခေါင်း‌ဆောင် ၃ဝဦး‌ကျော် ပါဝင်တက်‌ရောက်ခဲ့ကြခြင်းဖြစ်သည်။

ထိုအ‌ရေး‌ပေါ် အစည်းအ‌ဝေးတွင် တက်‌ရောက်လာ‌သော ကရင်တိုင်းရင်းသားလက်နက်ကိုင်များ ညီညွတ်‌ရေး‌ကော်မတီ ‌ခေါင်း ‌ဆောင်များက မူးယစ်‌ဆေးစွဲသူများအား ကုသ‌ရေး၊ ပညာ‌ပေး‌ရေး၊ ပြန်လည်ထူ‌ထောင်‌ရေးနှင့် မူးယစ်‌ဆေး‌ရောင်းဝယ်သူများ အား ထိ‌ရောက်စွာ ‌ဖော်ထုတ်ဖမ်းဆီးပြီး အ‌ရေးယူနိုင်‌ရေး စသည့်အ‌ကြောင်းအရာများကိုလည်း ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရ သည်။

အ‌ရေး‌ပေါ်အစည်းအ‌ဝေးတက်‌ရောက်ခဲ့သူ KNU ဖားအံခရိုင် ဥက္ကဌ ပဒို‌စော‌အောင်‌မော်‌အေးက “ဒီ‌ကော်မတီက‌နေ မူးယစ်‌ဆေး ဝါး နှိမ်နင်း‌ရေးအတွက် နည်းလမ်းရှာပြီး ဦး‌ဆောင်လုပ်သွားမယ်။ ‌ရောင်းဝယ်သူ၊ သုံးစွဲသူ‌တွေ ကို ထိန်းသိမ်းမယ်။ ပညာ‌ပေး မယ်။ လိုအပ်ရင် အစိုးရနဲ့ ပူး‌ပေါင်းပြီး ဥပ‌ဒေအရ အ‌ရေးယူ‌ဆောင်ရွက်သွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ‌မေ ၂၁ရက်မှ ၂၈ရက်‌နေ့အထိ ကရင်တိုင်းရင်းသားလက်နက်ကိုင်များညီညွှတ်‌ရေး‌ကော်မတီသည် အဖွဲ့ဝင်များ စု‌ပေါင်း၍ ကရင်ပြည်နယ်အတွင်းရှိ ‌ကော့ကရိတ်၊ လှိုင်းဘွဲ၊ ဖာပွန်မြို့နယ်များသို့ သွား‌ရောက်ကာ မူးယစ်‌ဆေးဝါး အသိပညာ‌ပေး နှင့် သတိ‌ပေး‌ဟော‌ပြောပွဲများကို ပြုလုပ်ခဲ့‌သေးသည်။

ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီညွတ်‌ရေး‌ကော်မတီကို ‌ကော့ကရိတ်မြို့နယ်၊ ထို့‌ကော်ကိုးရွာ၌ ၂၀၁၃ခုနှစ်၊ ‌မေလ ၂၈ရက်‌နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ‌ရှေ့ဆက်လုပ်‌ဆောင်သွားမည့် လုပ်ငန်းစဉ်များတွင် မူးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေးသည် လုပ် ‌ဆောင်ချက်တစ်ခုအဖြစ် ထည့်သွင်းထားခဲ့‌ကြောင်း သိရသည်။