Home သတင်း လာမည့် ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် မဲဆန္ဒနယ်နှစ်‌နေရာ၌ KPP ဝင်ပြိုင်မည်

လာမည့် ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် မဲဆန္ဒနယ်နှစ်‌နေရာ၌ KPP ဝင်ပြိုင်မည်

1716

ဇူလိုင် ၁ဝရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ယခု ၂၀၁၄ခုနှစ်ကုန်ပိုင်းတွင် ကျင်းပဖွယ်ရှိသည့် ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် ရန်ကုန်မြို့အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ (KPP) က မဲဆန္ဒနယ် ၂‌နေရာ ဝင်ပြိုင်မည်ဖြစ်‌ကြောင်း KPP ဒုဥက္ကဌ ‌စော‌စေးဝါးက ‌ကေအိုင်စီသို ့‌ပြောဆိုသည်။

၎င်းက “ကျ‌နော်တို့ ပါတီအ‌နေနဲ့ ကြားဖြတ်‌ရွေး‌ကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ်‌တွေဖြစ်တဲ့ ရန်ကန်တိုင်း‌ဒေသကြီး၊ အင်းစိန်မြို့ နယ်၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်‌နေရာမှာ တရားသူကြီး‌ဟောင်း ‌စောဒစ်ဆင်ထွန်းလင်းနဲ့ ဧရာဝတီတိုင်း‌ဒေသကြီး၊ ပန်း တ‌နော်မြို့နယ် ပြည်သူ့လွှတ်‌တော်‌နေရာမှာ အငြိမ်းစား သတ္တ‌ဗေဒ ကထိကဆရာမ နန့်ခင်‌အေးဦးတို့ ဝင်‌ရောက်ယှဉ်ပြိုင်မှာ ဖြစ် ပါတယ်”ဟု ဆိုသည်။

လစ်လပ်‌နေသည့် ယင်းမဲဆန္ဒနယ် နှစ်ခုအနက် လက်ရှိ ပန်းတ‌နော်မြို့နယ်တွင် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ (US DP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်‌ရေးပါတီ(တစည)နှင့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD) တို့ အား‌ကောင်း‌နေ‌သော် လည်း ၎င်းတို့အ‌နေဖြင့် ဝင်‌ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်‌ကြောင်း KPP က ဆိုသည်။

ပန်းတ‌နော်မြို့နယ် မဲဆန္ဒနယ်တွင် ဝင်ပြိုင်မည့် ဆရာမ နန့်ခင်‌အေးဦးက “ဝင်ပြိုင်ဖို့က‌တော့ ကျမ ယုံကြည်မှုအပြည့်ရှိပါတယ်။ ပြီး‌တော့ ပန်းတ‌နော်တမြို့နယ်လုံးက မဲဆန္ဒရှင်‌တွေကို တရားဥပ‌ဒေအတိုင်း အကာအကွယ် အပြည့်အဝရဖို့အတွက် လုပ်‌ပေး သွားမယ်လို့ ‌ပြောချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အင်းစိန်မြို့နယ် မဲဆန္ဒနယ်တွင် ဝင်ပြိုင်မည့် ‌စောဒစ်ဆင်ထွန်းလင်းကလည်း မြန်မာပြည်တွင်း၌ တရားစီရင်‌ရေးအ‌ပေါ် အုပ်ချုပ် ‌ရေးအပိုင်းက လွှမ်းမိုး‌နေသည်ကို‌တွေ့ရပြီး အင်းစိန်မြို့နယ်တွင် မိမိအ‌ရွေးခံရပါက မြို့နယ်အတွင်းရှိ ၄ဝရာခိုင်နှုန်း‌သော ကရင် ပြည်သူများအတွက်သာမက တစ်မြို့နယ်လုံးရှိ လူထုကို တရား‌ရေး အကာအကွယ် အပြည့်အဝခံစားရ‌စေ‌ရေး လုပ်‌ဆောင်သွား ရန်ရှိသည်ဟု ‌ပြောဆိုသည်။

ယင်းမဲဆန္ဒနယ်များအတွင်း ကရင်အမတ်‌လောင်းများ ကြားဖြတ်‌ရွေး‌ကောက်ပွဲ ဝင်‌ရောက်ယှဉ်ပြိုင်မည့်အ‌ပေါ် အင်းစိန်မြို့နယ်၊ ‌တောင်သူကုန်းရပ်ကွက်၊ ယိုးဒယား‌ဈေးအနီး ‌နေထိုင်သူ ‌နော်မူလားက “‌ရွေး‌ကောက်ပွဲမှာ ဘယ်ပါတီ‌တွေ ပြိုင်ပြိုင် ကရင်ပါတီပါ တယ်ဆို ကိုယ့်ကရင်ပါတီကိုပဲ မဲ‌ပေးမယ်၊ အား‌ပေးမယ်”ဟု ‌ကေအိုင်စီသို ့ ‌ပြောသည်။

ယခု ၂၀၁၄ခုနှစ်၊ နှစ်ကုန်ပိုင်းပွင့်လင်းရာသီ၌ ပြည်‌ထောင်စု‌ရွေး‌ကော်ပွဲ‌ကော်မရှင်က ကြားဖြတ်‌ရွေး‌ကောက်ပွဲ ကျင်းပ‌ပေးရန်နှင့် ‌ရွေး‌ကောက်ပွဲမတိုင်ခင် အ‌သေးစိတ်အချက်အလက်များကို သုံးလကြိုတင် သတင်းထုတ်ပြန်‌ပေးမည်ဟု ‌ပြောဆိုထား‌ကြောင့် လက်ရှိ အချိန်နီးလာသည်နှင့်အမျှ နိုင်ငံ‌ရေးပါတီများက ကြိုတင်ပြင်ဆင်မှုများ လုပ်‌ဆောင်လျှက်ရှိ‌ကြောင်း သိရသည်။

KPP သည် ပြီးခဲ့သည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် အမတ်‌နေရာ ၄၃‌နေရာ ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ရာ ၆‌နေရာ အနိုင်ရရှိထားသည့် ပါတီဖြစ်ပြီး ၂၀၁၂ ကြားဖြတ်‌ရွေး‌ကောက်ပွဲ ကျင်းပစဉ်က ဝင်‌ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့‌သော်လည်း ယခုတစ်ကြိမ်တွင်မူ ယှဉ် ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။