Home သတင်း ပြည်လုံးကျွတ် သန်း‌ခေါင်စာရင်း ‌ကောက်ခံမှုကို ‌ရွှေ့ဆိုင်းသင့်‌ကြောင်း KWO ‌ပြောဆို

ပြည်လုံးကျွတ် သန်း‌ခေါင်စာရင်း ‌ကောက်ခံမှုကို ‌ရွှေ့ဆိုင်းသင့်‌ကြောင်း KWO ‌ပြောဆို

2180

‌ဖေ‌ဖေါ်ဝါရီ ၂၈ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

လက်ရှိ မြန်မာနိုင်ငံ နိုင်ငံ‌ရေး အ‌ခြေအ‌နေအ‌ပေါ်မူတည်၍ မတ်လအတွင်း ‌ကောက်ခံမည့် မြန်မာအစိုးရ၏ ပြည်လုံးကျွတ် သန်း‌ခေါင်စာရင်း‌ကောက်ခံမှုကိစ္စကို ‌ရွှေ့ဆိုင်းသင့်‌ကြောင်း ကရင်အမျိုးသမီးအစည်းအရုံး (KWO)က ‌ပြောဆိုလိုက်သည်။

‌ဖေ‌ဖေါ်ဝါရီ ၂၄ မှ ၂၆ ရက်‌နေ့အထိ ထိုင်း-မြန်မာနယ်စပ် မဲ‌ဟောင်‌ဆောင်ခရိုင်၊ မဲစရင်းမြို့၌ ကျင်းပသည့် KWO ၏ တစ်နှစ်တစ်ကြိမ်အစည်းအ‌ဝေးတွင် သန်း‌ခေါင်စာရင်း‌ကောက်ခံမှုနှင့် ပတ်သက်၍ ‌ဆွေး‌နွေးခဲ့ရာ တက်‌ရောက်လာသည့် အဖွဲ့ဝင်ကိုယ်စားလှယ်များက တညီတညွှတ်တည်း ထိုသို့ သ‌ဘောထား‌ပေးခဲ့ကြခြင်း ဖြစ်သည်ဟု KWO အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌နော်က‌ညော‌ဖောက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အခုလုပ်မယ့် သန်း‌ခေါင်စာရင်း‌ကောက်မှုဟာ လိုအပ်ချက် အများကြီး ရှိ‌နေတယ်။ အစိုးရနဲ့ တိုင်းရင်းသား တို့ဘက်က သတ်မှတ်တဲ့ လူမျိုးအမည်‌တွေ ကွဲပြားမှု‌တွေ ရှိတယ်။ ‌နောက် သန်း‌ခေါင်စာရင်း‌ကောက်မယ် ဆိုရင် လူထု‌တွေဆီ အရင်စစ်တမ်း‌ကောက်မယူမှု‌တွေ လုပ်သင့်တယ်။ စာရင်းအစစ်အမှန်လိုချင်တယ်ဆိုရင် အချိန်ယူလုပ်‌ဆောင်ရမှာ ဖြစ်တယ်”ဟု ‌နော်က‌ညော‌ဖောက ‌ပြောဆိုသည်။

KWO ယခုလို သ‌ဘောထားရှိခြင်းသည် သန်း‌ခေါင်စာရင်း ‌ကောက်ခံမှုကိစ္စကို ဆန့်ကျင်ခြင်း မဟုတ် ‌ကြောင်း၊ မြန်မာအစိုးရ၏ ယခု သန်း‌ခေါင်စာရင်း‌ကောက်ခံမှုကို လက်ခံမည်ဆိုပါက တန်းတူညီမျှခွင့် ရရှိရန် နှစ်‌ပေါင်း ၆ဝ ‌ကျော် တိုက်ပွဲဝင်‌နေကြ‌သော တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း အ‌နေ ဖြင့် အစိုးရ၏ ဦး‌ဆောင်မှု‌အောက်၌ အလုပ်လုပ်‌နေသည်ဟု သ‌ဘောသက်‌ရောက်‌ကြောင်း ‌နော်က‌ညော ‌ဖောက ထပ်မံ‌ပြောဆိုသည်။

၎င်းအစည်းအ‌ဝေးသို့ KWO ဥက္ကဌ နန်းဒါးအဲ့ကလယ်၊ ဒုဥက္ကဌ ‌နော်‌ဖေါ‌ဒေးတိုး၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌နော်က‌ညော‌ဖောတို့ အပါအဝင် ခရိုင် ၇ခု နှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများရှိ သက်ဆိုင် ရာ KWO ကိုယ်စားလှယ် ၄၅ ဦး တက်‌ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပွား‌နေသည့် ဖွံ့ဖြိုး‌ရေး၊ ဒုက္ခသည်ပြန်လည်‌နေရာချထား‌ရေး၊ အဓမ္မလယ်ယာ‌မြေသိမ်းဆည်းခံရခြင်း စသည်တို့ကို ‌ဆွေး‌နွေးခဲ့ကြ သည်ဟု KWO က ဆိုသည်။

ထို့အပြင် အစည်းအ‌ဝေးပြီး‌နောက် ‌ဖေ‌ဖေါ်ဝါရီ ၂၇ရက်‌နေ့၌ KWO မှ ကရင်အမျိုးသမီးများအား အသိ ပညာ‌ပေး စွမ်းရည်မြှင့်တင်‌ရေး၊ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များတွင် ပိုမိုပါဝင်လာနိုင်‌ရေးနှင့် ‌ပေါ်လစီအချို့ ပြင်ဆင်‌ပြောင်းလဲ‌ရေး စသည့် အချက် ၃ချက်ပါသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ‌ကြေညာချက်ထုတ်ပြန် ခဲ့သည်။

‌နော်က‌ညော‌ဖောက “အခု ဒီအစည်းအ‌ဝေး ဆုံးဖြတ်ချက်‌တွေဟာ အရင်က ကျမတို့ လုပ်‌ဆောင်ထားပြီး သားပါ။ ဒါ‌ပေမယ့် ဒီထက် ပိုမို‌ကောင်းမွန်‌အောင် မြှင့်တင်လုပ်‌ဆောင်တဲ့သ‌ဘောဖြစ်ပါတယ်”ဟု ဖြည့်စွက် ‌ပြောဆိုသည်။

တဆက်တည်းမှာပင် အစည်းအ‌ဝေးအပြီး ‌နောက်တစ်ရက်တွင် KWO သည် မြန်မာပြည်တွင်းရှိ ကရင်အမျိုး သမီးတိုးတက်‌ရေးအဖွဲ့(KWEG)၏ ဒါရိုက်တာ ‌နော်စူစဲန်နာ လှလှစိုး ဦး‌ဆောင်သည့်အဖွဲ့ ၅ဦးနှင့် ‌တွေ့ဆုံကာ မည်သို့ အတူတကွ ပူး‌ပေါင်းအလုပ်လုပ်‌ဆောင်သွားမည့်ကိစ္စများကို ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

၎င်း‌တွေ့ဆုံမှုတွင် KWEG ဒါရိုက်တာ ‌နော်စူစဲန်နာ လှလှစိုးက “ကျမတို့‌တွေဟာ လူထုအ‌ခြေပြုအဖွဲ့အတူတူ ပဲ ဖြစ်တာမို့ ဒီလို နိုင်ငံ‌ရေးအ‌ခြေအ‌နေ နည်းနည်းပွင့်လင်းလာတဲ့အချိန်မှာ ‌ရှေ့ဆက် အလုပ်အတူတကွ တွဲလုပ်နိုင်မယ့် အစီအစဉ်‌တွေကို ‌ဆွေး‌နွေးခဲ့ကြပါတယ်။ ဥပမာ- ဒုက္ခသည်‌နေရာပြန်လည်ချထား‌ရေးမှာ ဘယ်လို ပူး‌ပေါင်းလုပ်‌ဆောင်မလဲ စသဖြင့်‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီက KWO သည် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ‌လေးဝါးစခန်း‌နေရာ၌ ဆဌမအကြိမ်‌မြောက် ညီလာခံကို ပြုလုပ်ကျင်းပပြီး‌နောက် တစ်နှစ်တစ်ကြိမ် အစည်းအ‌ဝေးကို ယခု ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။