Home သတင်း သန်း‌ခေါင်စာရင်းတွင် အစိုးရသတ်မှတ်သည့်အတိုင်း ထည့်သွင်းလို‌ကြောင်း ‌ဂေဘား‌ရေးရာ‌ကော်မတီ‌ပြော

သန်း‌ခေါင်စာရင်းတွင် အစိုးရသတ်မှတ်သည့်အတိုင်း ထည့်သွင်းလို‌ကြောင်း ‌ဂေဘား‌ရေးရာ‌ကော်မတီ‌ပြော

2459
‌ဖေ‌ဖော်ဝါရီ ၂၇ ရက်၊ ၂၀၁၄ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

သန်း‌ခေါင်စာရင်းတွင် လူမျိုးစုသတ်မှတ်ချက်လွဲမှားသည်ဟု ‌ပြောဆိုထားသည့် ‌ဂေဘားအမျိုးနွယ်စုကို အစိုးရ သတ်မှတ်‌ပေးထားသည့် ကယားလူမျိုးစု‌အောက် ‌ဂေဘား (code 205)တွင်သာ ထည့်သွင်းရန် ဆုံးဖြတ်ထား‌ကြောင်း ‌ဂေဘား‌ရေးရာ‌ကော်မတီက ‌ဖေ‌ဖေါ်ဝါရီ ၂၆ရက်‌နေ့က ‌ပြောဆိုလိုက်သည်။

သန်း‌ခေါင်စာရင်း‌ကောက်ချိန်တွင် ကယားလူမျိုးစု‌အောက် ကုဒ် ၂၀၅ တွင်သာထည့်သွင်းရန်ဆုုံးဖြတ်ရခြင်းမှာ ‌ဂေဘားလူမျိုး မပ‌ပျောက်‌ရေးနှင့် လူဦး‌ရေစာရင်းအမှန်ကို သိရှိနိုင်ရန်နှင့် ကရင်ပြည်နယ်၊ ကယားပြည်နယ် အတွင်းရှိ ‌ဂေဘားလူမျိုးများ အားလုံးတညီတညွှတ်တည်း ဖြစ်‌စေရန်ရည်ရွယ် ဆုံးဖြတ်လိုက်ခြင်းဖြစ်‌ကြောင်း ‌ဂေဘား‌ရေးရာ ‌ကော်မတီဝင် တစ်ဦးဖြစ်သူ ‌နော်‌မေးလ်ထာက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အခု ကယား‌အောက်မှာ ရှိချင်ရှိထားပါ‌စေ။ ကိုယ့်လူမျိုး မပ‌ပျောက်ဖို့ အ‌ရေးကြီးတယ်။ ပြီး‌တော့ လူမျိုးစု ‌မေးရင်‌တော့ ‌ဂေဘားလူမျိုးလို့ပဲ ‌ဖြေမယ်။ ဒါ‌ပေမယ့် လူမျိုးစုလွဲမှား‌နေတာကို စိတ်ပူစရာမလိုဘူး။ ကရင် မျိုးနွယ်စု ဖြစ်တယ်ဆိုတာကို လွှတ်‌တော်ကို တင်ပြပြင်ဆိုဖို ့လုပ်ထားတယ်။ အမျိုးသားလွှတ်‌တော်က အ‌ကောင်းဆုံး လုပ်‌ပေးမယ်လို့ ကတိ‌ပေးထားတယ်”ဟု ‌နော်‌မေးလ်ထာက ဆိုသည်။

လက်ရှိတွင် ‌ဂေဘားလူမျိုးများကို သန်း‌ခေါင်စာရင်း ကုဒ် ၂၀၅ တွင်သာထည့်သွင်းရန် ‌ဂေဘားအမျိုးသား‌ရေးရာ ‌ကော်မတီက မိမိလူမျိုးများကို လိုက်လံရှင်းလင်း‌ပြောဆိုမှုများလုပ်‌ဆောင်‌နေလျှက်ရှိ‌ကြောင်းလည်း ယင်း‌ကော်မတီဝင်များထံမှ သိရသည်။

သန်း‌ခေါင်စာရင်းတွင် ‌ဂေဘားလူမျိုးကို ကယားလူမျိုးစု‌အောက်တွင် ထည့်သွင်းထား‌သော်လည်း ‌ဂေဘားလူမျိုး တို့အသုံးပြုသည့် ဘာသာစကားသည် စ‌ကောကရင်ဘာသာစကားဖြစ်ခြင်း၊ အမျိုးသားသီချင်းနှင့် အလံသည် ကရင်အမျိုးသားများနှင့် တူညီခြင်း၊ လူမျိုးသမိုင်း‌ကြောင်းအရ ‌ရှေ့ယခင်ကတည်းက ကရင်မျိုးနွယ်စုသာ ဖြစ်ခြင်းတို့‌ကြောင်း ၎င်းတို့သည် ကရင်မျိုးနွယ်စုဝင်များသာဖြစ်‌ကြောင်း ‌ဂေဘားလူမျိုးများက ခံယူထား ‌ကြောင်း တညီတညွတ်တည်း‌ပြောဆိုထားသည်။

‌ဂေဘား‌ရေးရာ ‌ကော်မတီဝင်များ (Photo-KIC)
‌ဂေဘား‌ရေးရာ ‌ကော်မတီဝင်များ (Photo-KIC)

အမျိုးသားလွှတ်‌တော် တိုင်းရင်သား‌ရေးရာ‌ကော်မတီဥက္ကဌ ဦးဆိုင်း‌ပေါင်နပ်က “‌ဂေဘားလူမျိုးတို့ရဲ့ သမိုင်းအ‌ထောက်အထား မှတ်တမ်း‌တွေနဲ ့ အမျိုးသားလွှတ်‌တော်ကို ‌ပေးပို့ထားပါတယ်။ ဒါကို လွှတ်‌တော်ကို တင်ပြဖို့ အစီရင်ခံစာ‌ရေး‌နေပါတယ်။ သူတို့ဆန္ဒအတိုင်း လွှတ်‌တော်မှာ‌ထောက်ခံတင်ပြပြီး တရားဝင်ဖြစ်ဖို ့ အဆုံးအဖြတ်ရယူသွားမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တိုင်းရင်းသားမျိုးနွယ်စု သတ်မှတ်‌ခေါ်‌ဝေါ်ရာတွင် ‌ဂေဘားမျိုးနွယ်စုကို ကယားလူမျိုးစုစာရင်းတွင် ထည့်သွင်း ထားခြင်းမှ ကရင်လူမျိုးစုစာရင်းတွင် မှန်ကန်စွာ ပြန်လည်ထည့်သွင်း‌ဖော်ပြ‌ပေးရန် ‌ဂေဘားမျိုးနွယ်စုများက ကရင်ပြည်နယ် သံ‌တောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ မြသာကုန်း‌ကျေးရွာရှိ ‌ဝေထူးနှစ်ခြင်းအသင်း‌တော် ခမ်းမ၌ ‌ဖေ‌ဖော်ဝါရီ ၇ရက်‌နေ့က လူထု‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို ကျင်းပခဲ့ပြီး သ‌ဘောထား ထုတ်ပြန်ချက်တစ် ‌စောင် ထုတ်ပြန်ခဲ့‌သေးသည်။