Home သတင်း စီးပွားရေးအခက်အခဲကို ကုစားရန် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယမ်ကျော်ချေးငွေကို ထိုင်းအစိုးရ အတည်ပြု

စီးပွားရေးအခက်အခဲကို ကုစားရန် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယမ်ကျော်ချေးငွေကို ထိုင်းအစိုးရ အတည်ပြု

377
Photo: Reuters

မေ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ထိုင်းနိုင်ငံအတွင်းဖြစ်ပေါ်လာသော စီးပွားရေးရိုက်ခတ်မှုများကို ကူညီရန်အတွက် ထိုင်းအစိုးရသည် အမေရိကန်ဒေါ်လာ (၁၂.၂) ဘီလီယမ် ထုတ်ချေးမည့် အစီအစဥ်ကို အသိအမှတ်ပြုလိုက်သည်။

အဆိုပါ ပမာဏသည် ရာစုနှစ်များအတွင်း ထိုင်းအစိုးရမှထုတ်ချေးသော ပမာဏဖြစ်ပြီး ပြည်တွင်းအသုံးစရိတ်ကို မြှင့်တင်ရန်နှင့် ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးအခက်အခဲကို လျှော့ချရန် ဖြစ်သည်ဟု သိရသည်။

ယမန်နှစ်တွင် ၂.၄ ရာခိုင်နှုန်းရှိခဲ့သည့် ထိုင်းနိုင်ငံ၏ အသားတင်ထွက်ကုန် (GDP) မှာ ယခုနှစ် ၁.၆ ရာခိုင်နှုန်းအထိ ရှိနိုင်မည်ဟုလည်း ထိုင်းအစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက ခန့်မှန်းသည်။

အရှေ့အလယ်ပိုင်းဒေသစစ်ပွဲ ရိုက်ခတ်မှုနောက်ဆက်တွဲ ထိုင်းနိုင်ငံ၏စီးပွားရေးကို ကုစားရန် ထိုင်းအစိုးရထုတ်ပေးမည့် ချေးငွေကို ဇွန်လ မှ စက်တင်ဘာလအတွင်း ချမှတ်ပေးသွားမည်ဖြစ်သည်။

ထို့အပြင် ထိုင်းနိုင်ငံသားများနေထိုင်စရိတ်လျှော့ချနိုင်ရန် “Thais Help Thais” အစိုးရအစီအစဥ်အောက်တွင် ဝင်ငွေနည်းပါးသော နိုင်ငံသား ၂၀ မီလီယမ်ကျော်ကိုလည်း အကူအညီများပေးအပ်သွားမည်ဟု သိရသည်။

ထိုင်းအစိုးရ ထုတ်ချေးမည့် ချေးငွေမှတဆင့် သီးခြားစွမ်းအင်ကဏ္ဍတရပ်ဖြစ်ပေါ်လာရေးအတွက်လည်း အသုံးပြုမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဘဏ္ဍာရေးဝန်ကြီးက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းက စတင်လာသော အမေရိကန်-အီရန်စစ်ပွဲများကြောင့် ကမ္ဘာ့လောင်စာဆီဈေး မြင့်တက်လာပြီး နောက်ဆက်တွဲအနေဖြင့် ကုန်ဈေးနှုန်းများလည်း မြင့်တက်နေသည်။

ယင်းချေးငွေအစီအစဥ်ကို ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာအနုတင်က နိုင်ငံရှေ့ဆက်နိုင်ရေးနှင့် စီးပွားရေးအရအားနည်းမှုကို ကာကွယ်ရန် နည်းလမ်းတစ်ခုဖြစ်သည်ဟု ကြွေးကြော်သည်။

ထိုင်းအစိုးရက လတ်တလောအတည်ပြုထားသော အဆိုပါချေးငွေအစီအစဥ်မှာ ၁၉၉၇ ခုနှစ် အာဆီယံဘဏ္ဍာရေးအကြပ်အတည်း၊ ကိုဗစ် ၁၉ ကာလများက ထုတ်ပေးသော ချေးငွများထက် ပိုမြင့်ကြောင်းလည်း သိရသည်။