Home 2025
Yearly Archives: 2025
မိုးဗြဲမြို့ အဓိကလမ်းမကြီးပေါ် လုံးဝ သွားလာခြင်းမပြုရန် မဟာမိတ်တပ်ပေါင်းစု ထုတ်ပြန်
ဇူလိုင် ၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့ အဓိက လမ်းမကြီးများပေါ် အများပြည်သူများ လုံးဝ သွားလာခြင်းမပြုရန် တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစုက ဇွန် ၃၀ ရက်နေ့တွင် အရေးပေါ် သတင်းထုတ်ပြန် လိုက်သည်။
မိုးဗြဲမြို့အတွင်း နေရာအများစုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့်...
အာဏာသိမ်းကာလ လေးနှစ်ကျော်အတွင်း ဖမ်းဆီးခံရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၃ သောင်းနီးပါးရှိလာ
ဇူလိုင် ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လကုန်အထိ နိုင်ငံရေးတက်ကြွလှုပ်ရှားသဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရသူ ၂၉,၃၄၂ ဦးအထိ ရှိလာကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယနေ့ ဇူလိုင်လ ၁...
ရေး အာယုတောင်ရှိ ခမရ-၃၄၃ စခန်းကုန်းကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်သိမ်းပိုက်
ဇူလိုင် ၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင် ကျေးရွာရှိ စစ်ကောင်စီ၊ ခမရ-၃၄၃ စခန်းကုန်းတစ်ခုကို ရေးမြို့နယ် အခြေစိုက် ရေးဘီလူးအဖွဲ့က ယနေ့ ဇူလိုင် ၁ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက် လိုက်သည်ဟု အဖွဲ့ တာဝန်ရှိသူက အတည်ပြုပြောသည်။...
မယ်သမီထာ၌ မြိတ်-ထားဝယ်ခရိုင် သစ်ပင်စိုက်ပွဲ ကျင်းပ
ဇူလိုင် ၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်မျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်က ယခု ဇူလိုင်လတွင် ကျရောက်သည့် ၈ ကြိမ်မြောက် ကော်သူးလေ သစ်ပင်စိုက်ပွဲကို မယ်သမီထာ(ထီးထာ) ကျေးရွာ၌ ဇူလိုင် ၁ ရက်၊ ယနေ့ နံနက်ပိုင်း တွင် ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကော်သူးလေသစ်ပင်စိုက်လ...
ထိုင်းဘုရင်မင်းမြတ် အတည်ပြုလိုက်သည့် အစိုးရအဖွဲ့တွင် မစ္စပေတုံတန် ဝန်ကြီးချုပ်အဖြစ် ဆက်ဦးဆောင်မည်
ဇူလိုင် ၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်းဘုရင်မင်းမြတ် အတည်ပြုထုတ်ပြန်လိုက်သည့် အစိုးရအဖွဲ့ အပြောင်းအလဲ စာရင်း၌ လက်ရှိဝန်ကြီးချုပ် မစ္စပေတုံတန်က ဆက်ဦးဆောင်မည်ဖြစ်သည်ဟု ထိုင်းတော်ဝင်ဂေဇက်က ယနေ့နံနက်ပိုင်းတွင် သတင်းထုတ် ပြန်လိုက်သည်။
မစ္စပေတုံတန်ရှင်နာဝပ်သည် လက်ရှိ ရာထူးအပြင် ယဥ်ကျေးမှုဝန်ကြီးရာထူးကိုပါ ပူးတွဲကိုင်ဆောင်ရမည်ဟု တော်ဝင်ဂေဇက်က အတည်ပြုထုတ်ပြန်ထားသည်။
အဆိုပါ ထိုင်းအစိုးရ...
ထီးထာရှိ မူလမြေပိုင်ရှင်များ မိသားစု၊ ဆွေမျိုးများထံ လွှဲပေးနိုင်သော်လည်း ရောင်းချခွင့် မပြု
ဇူလိုင် ၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄) ထီးခီးနယ်စပ် ကုန်သွယ်ရေး လမ်းပေါ် ထီးထာဒေသတွင် စစ်ကောင်စီ ကင်းစင်ပြီးနောက် ကေအဲန်ယူက မူလမြေပိုင်ရှင်များကို လွှဲပေးမည် အစီစဉ်တွင် မူလပိုင်ရှင်တို့က မိသားစု၊ ဆွေမျိုးများထံ ပြန်လွှဲပေးနိုင်သော်လည်း ရောင်းချခွင့်မပြုဟု ခရိုင် တာဝန်ရှိသူက...
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ကြီးတွင် ကလေးငယ် ၃ ဦးအပါအဝင် ဒေသခံ ၅ ဦးဒဏ်ရာရ
ဇွန်လ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ဇွန်လ (၂၈) ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ ဦးအပါအဝင် ဒေသခံ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ တောင်ငူလေတပ်မှ...
ဝန်ကြီးချုပ်ဖယ်ရှားရေး ဆန္ဒပြတောင်းဆိုမှု ထိုင်းနိုင်ငံအတွင်း တဖြည်းဖြည်းကျယ်ပြန့်လာ
ဇွန်လ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ကို ရာထူးမှ နုတ်ထွက်ရေး ဆန္ဒပြတောင်းဆိုမှုများ ထိုင်းနိုင်ငံအတွင်း တဖြည်းဖြည်းကျယ်ပြန့်လာနေသည်ဟု Bangkok Post သတင်းဌာနက ယနေ့ ဖော်ပြထားသည်။
အဆိုပါ လှုပ်ရှားမှုများကို ရှပ်နီ (Red Shirt) ခေါင်းဆောင်များက ဦးဆောင်နေခြင်းဖြစ်ပြီး...
ကျုံဒိုး စစ်ရှောင်များကို မြို့ပေါ် ပြန်လာနေရန် ဖိအားပေးနေ
ဇွန် ၃၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တိုက်ပွဲများကြောင့် ကျုံဒိုးမြို့ပေါ်မှ ဂျိုင်းမြစ် တစ်ဖက်ကမ်း၊ ဖားအံမြို့နယ်အတွင်း စစ်ရှောင်နေသူများကို စစ်ကောင်စီအုပ်ချုပ်ရေးမှူးများနှင့် စည်ပင်ဝန်ထမ်းများက ပြန်လာနေရန် ဖိအားပေးခေါ်ယူနေသည်ဟု မြို့ခံ စစ်ရှောင်များက ပြောသည်။
ပြီးခဲ့သည့် ဧပြီလမှ ယခုဇွန်လကုန်ပိုင်းအထိ ကျုံဒိုးတွင်တိုက်ပွဲများဖြစ်ပွားနေပြီး လက်ရှိအချိန်ထိ လက်နက်ကြီး...
နှစ်ရက်အတွင်း သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ဟု မိုးဇလထုတ်ပြန်
ဇွန်လ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် နောက်လာမည့်(၂)ရက်အတွင်း သံလွင်မြစ်ရေသည် မြို့၏ စိုးရိမ်ရေမှတ်ထက် ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့တွင်ထုတ်ပြန်လိုက်သည်။
ဖားအံမြို့တွင် ယနေ့မြန်မာစံတော်ချိန်(၁၂း၃၀)မိနစ် တိုင်းထွာချက်များအရ သံလွင်မြစ်ရေသည် မြို့၏ စိုးရိမ် ရေမှတ်အောက်(၂)ပေခွဲကျော်တွင် ရောက်ရှိနေသော်လည်း နောက်လာမည့်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့...














