Home သတင်း မယ်သမီထာ၌ မြိတ်-ထားဝယ်ခရိုင် သစ်ပင်စိုက်ပွဲ ကျင်းပ

မယ်သမီထာ၌ မြိတ်-ထားဝယ်ခရိုင် သစ်ပင်စိုက်ပွဲ ကျင်းပ

343
Photo: ကေအဲန်ယူ၊ မြိတ်-ထားဝယ်ခရိုင်

ဇူလိုင် ၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်မျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်က ယခု ဇူလိုင်လတွင် ကျရောက်သည့် ၈ ကြိမ်မြောက် ကော်သူးလေ သစ်ပင်စိုက်ပွဲကို မယ်သမီထာ(ထီးထာ) ကျေးရွာ၌ ဇူလိုင် ၁ ရက်၊ ယနေ့ နံနက်ပိုင်း တွင် ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကော်သူးလေသစ်ပင်စိုက်လ ဖြစ်ပေါ်လာပုံကို ရှင်းလင်း ပြောကြားခြင်း၊ ကေအဲန်ယူ- ဗဟိုသစ်တောဌာနမှူး ပဒိုမန်းဘထွန်းထံမှ ပေးပို့သည့် သဝဏ်လွှာ ဖတ်ကြားခြင်းနှင့် ‌ကေအဲန်ယူ၊ မြိတ်-ထားဝယ် ခရိုင် အတွင်းရေးမှူးပဒိုစောအယ်နားက အားပေးစကားပြောကြားပြီးနောက် ကျေးရွားဘုံပိုင်သစ်တော လက်မှတ် ပေးအပ်ခြင်းအစီစဉ်များပြုလုပ်ခဲ့ကြောင်း ခရိုင်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

ထို့နောက် အဆိုပါ မယ်သမီထာ(ထီးထာ)ကျေးရွာအတွင်းသို့ ကေအဲန်ယူ-ဌာနဆိုင်ရာလူငယ်များနှင့် ကျေးရွာ ပြည်သူများပူးပေါင်း သစ်ပင်စိုက်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

နှစ်စဉ် ဇူလိုင်လကို ကော်သူးလေ သစ်ပင်စိုက်လအဖြစ် သတ်မှတ်ထားပြီး ကေအဲန်ယူ-ဗဟို သစ်တောဌာန အပါ အဝင် ကေအဲန်ယူ၊ ခရိုင်အသီးသီး၌ ဒေသခံပြည်သူများ၊ ဒေသတွင်းရှိလူမှုအဖွဲ့အစည်းများက နှစ်စဉ် သစ်ပင်စိုက်ပွဲကို အတူကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။