ဖေဖော်ဝါရီလ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်တွင် ယခုဖေဖော်ဝါရီလအတွင်း စစ်အုပ်စုက လိုင်စင်မဲ့မော်တော်ယာဉ်များဖမ်းဆီးမှုကို ထပ်မံလုပ်ဆောင်နေပြီး တရားမဝင်ထိုင်းကုန်ပစ္စည်းသယ်ဆောင်မှုကိုပါ စစ်ဆေးနေကြောင်း မြို့ခံများပြောပြချက်အရသိရသည်။
ဖားအံမြို့တွင် ပြီးခဲ့သည့် ၂၀၂၅၊ ဒုတိယနှစ်ဝက်အတွင်း စစ်အုပ်စုက အရပ်သားပိုင် လိုင်စင်လျှောက်မထားသော မော်တော်ယာဥ်များကိုဖမ်းဆီး ငွေတောင်းခံခြင်းပြုလုပ်ခဲ့သည်။ ယခုတစ်ခေါက်တွင်လည်း (၃)လစီမံချက်ဖြင့်...