Home သတင်း သတိပြုသင့်သည့် အားလျော့ ဒီမိုကရေစီ သက်ရောက်မှုများ (အယ်ဒီတာ့ အာဘော်)

သတိပြုသင့်သည့် အားလျော့ ဒီမိုကရေစီ သက်ရောက်မှုများ (အယ်ဒီတာ့ အာဘော်)

727

(အယ်ဒီတာ့ အာဘော်)

သတိပြုသင့်သည့် အားလျော့ ဒီမိုကရေစီ သက်ရောက်မှုများ

၂၀၂၅နှစ်ဆန်းပိုင်းကတည်းက ကမ္ဘာ့ရေးရာများ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပြီး ထိုအကျိုးသက်ရောက်မှုများကို မြန်မာနိုင်ငံ ရှိ တိုင်းရင်းသားပြည်သူများနည်းတူ ကရင်တို့အပေါ်လည်း သက်ရောက်မှုများ ရှိလာသည်။ ပထဝီ ရေ၊ မြေ ခြားသော် လည်း ယခု ၂၁ရာစုခေတ်တွင် သတင်းဆက်သွယ်ရေးနည်းပညာနှင့်အတူ ဂလိုဘယ်လိုက်ဇေးရှင်းခေါ် ကမ္ဘာလုံးဆိုင် ရာ ဆက်နွယ်မှု ရှိနေသည်ကို ကဏ္ဍအသီးသီး၌ မြင်တွေ့နိုင်သည်။

ကမ္ဘာ့ရေးရာလှုပ်ခတ်မှုများဟု ဆိုရာတွင် ဒီမိုကရေစီ အားလျော့လာသည့်အပိုင်းကို ဆွေးနွေးပြောလိုသည်။ အများသိ ပြီးဖြစ်သည့် ကမ္ဘာ့စူပါ ပါဝါ ဒီမိုကရေစီ အင်အားကြီး အမေရိကန်ပြည်ထောင်စု၌ ရီပတ်ဘလစ်ကန်ပါတီမှ သမ္မတ ဒေါ်နယ်ထရမ့် စတင် တာဝန်ထမ်းဆောင်သည်နှင့် အမေရိကန်သည်သာ ပထမ ဆိုသည့် အမျိုးသားရေးဝါဒီတို့ အားကောင်းလာသည်ကို တွေ့ရသည်။

စင်စစ် နိုင်ငံရေးစနစ်များတွင် ဒီမိုကရေစီစနစ်သည် ဂရိမြို့ပြနိုင်ငံများ ပေါ်ထွန်းပြီး ဘီစီ ၄၃၁ကတည်းက အစပြုပေါ် ထွန်းလာခဲ့သည့်စနစ်ဖြစ်သည်။ မျက်မှောက်ခေတ် ဒီမိုကရေစီကိုမူ ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာ ၉ရက်နေ့တွင် အရှေ့ဂျာမ ဏီနှင့် အနောက်ဂျာမဏီကို ပိုင်းခြားထားသည့် ဘာလင်တံတိုင်း ပြိုကျမှုဖြစ်စဉ်အပေါ် နိုင်ငံရေးသိပ္ပံပညာရှင်များက ဘာလင်တံတိုင်းပြိုကျမှုသည် စစ်အေးကာလအပြီး ကမ္ဘာပေါ်တွင် လစ်ဘရယ် ဒီမိုကရေစီစနစ် ရှင်သန်အောင်ပွဲခံခြင်း ဖြစ်သည်ဟု ညွှန်းဆိုခဲ့သည်။ ထို့နောက် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခဲ့သလို ကမ္ဘာ့ကွန်မြူနစ်နိုင်ငံများကလည်း တံခါး ပိတ်ဝါဒမှ တံခါးဖွင့်ဝါဒ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ကြသည်။

သို့သော် ၂၀၀၁ ခုနှစ်၊ စစ်တင်ဘာ ၁၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုရှိ World Trade Center (ဝေါထရိတ်စင် တာ)ကို ထိုစဉ်က တာလီဘန်ခေါင်းဆောင် အိုစမာဘင်လာဒင်က တိုက်ခိုက်ခဲ့ပြီး ယင်းဖြစ်စဉ်ကို ကမ္ဘာပေါ်၌ လက်ဘ ရယ်ဒီမိုကရေစီစနစ်ကို အမျိုးသားရေးဝါဒီတို့က ခြိမ်းခြောက်နိုင်ကြောင်း ပြယုဒ်အဖြစ် ပညာရှင်တို့က ရည်ညွှန်းပြော ဆိုခဲ့သည်။ ဆိုလိုသည်မှာ အမျိုးသားရေးဝါဒီတို့ စတင်အားကောင်းလာသည့်အသွင်ဖြစ်သည်။

ထို့နောက် အမေရိကန်က အာဖဂန်နစ္စတန်နှင့် အီရတ်တို့ကို သိမ်းယူပြီး ဒီမိုကရေစီစနစ် ထူထောင်ပေးခဲ့သော်လည်း ယနေ့ထိ အောင်မြင်မှုမရှိ ဖြစ်ခဲ့သည်။ နောက်ဆက်တွဲအရ အမျိုးသားရေးအားကို ဒီမိုကရေစီနိုင်ငံကြီးများ ပြန်အသုံးပြု မှုများကို တွေ့လာရသည်။ ဥပမာ – ကမ္ဘာ့အင်အားအကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည့် အိန္ဒိယနိုင်ငံ ၂၀၂၄ ခုနှစ်၊ ရွေးကောက်ပွဲတွင် အမျိုးသားရေး အခြေခံ၍ အားပြုမဲဆွယ်ခဲ့သည်များကို တွေ့နိုင်သည်။

၎င်းအပြင် ယူကရိန်း-ရုရှားစစ်၊ ပါလက်စတိုင်း ပဋိပက္ခ စသည့်ဖြစ်စဉ်များကို ကြည့်မည်ဆိုလျင်လည်း ဒီမိုကရေစီစနစ် သည် အားလျော့လာပြီးဟု ဆိုနိုင်သည်။ စင်စစ် နိုင်ငံအသီးသီးအနေဖြင့် မိမိတို့ တိုင်းပြည်၊ လူမျိုးအတွက် ဦးစားပေးရ မည်မှာ မဖြစ်သင့်သည့် အရာမဟုတ်။ သို့သော် လူသားဗဟိုပြု လူသားဆန်ရေးရှုထောင့်မှကြည့်လျင် အသွင်တစ်မျိုး ဆောင်နေသည်။

ယခုလို ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ အမျိုးသားရေး အသားပေးလာမှု အကျိုးဆက်များသည် စီးပွားရေးအရ နောက် ကျပြီး ဆင်းရဲသည့်တိုင်းပြည်များနှင့် ဆင်းရဲသည့် နိုင်ငံသားများအတွက်မူ လက်တွေ့အခြေအနေတွင် ထိခိုက်မှုရှိနေ သည်။ အင်အားကြီးနိုင်ငံများ၏ ကူညီမှု ဖြတ်တောက်လိုက်သည့် အကျိုးဆက်ကို ကမ္ဘာ့နိုင်ငံများက ပံ့ပိုးမှုများရရှိခဲ့ရာ တွင် မြန်မာနိုင်ငံအတွက် လှုပ်ရှားရုန်းကန်နေကြသည့် မတူကွဲပြားသော တိုင်းရင်းသားအစုအဖွဲ့များထံသို့လည်း သက်ရောက်မှုကြီးမားခဲ့သည်ကို ယခုနှစ်ဆန်းပိုင်းတွင် မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။

ထို့အတွက် မျက်မှောက်ကမ္ဘာကြီးတွင် နိုင်ငံရေးစနစ်များစွာ ရွေ့လျားပြောင်းလဲနေမှုများ၊ ဒီမိုကရေစီ အားလျော့အမျိုး သားရေးဝါဒီတို့ အားသာလာမှုများကို မိမိတို့နိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူလူထုများကလည်း အနာဂတ်နိုင်ငံ အရေးအတွက် ညီညွှတ်မှုအားဖြင့် သတိမူကာ ရှေ့ဆက် အနာဂတ်ရေးရာကို စိတ်ပိုင်း ရုပ်ပိုင်း ခံနိုင်ရည်ရှိပြီး အသိ ဥာဏ်ပညာဖြင့် ကြိုတင် မျှော်တွေး ပြင်ဆင် လုပ်ဆောင်သွားရမည်ဖြစ်ပေသည်။