နိုဝင်ဘာ ၂၄ ရက်၊ ၂၀၂၄ခုနှစ်။ကေအိုင်စီ
မူတြော် (ဖာပွန်) ခရိုင်၊ ဘူးသိုမြိုနယ်ရှိ အမှတ်(၅) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲက ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်နေ့က သိမ်းပိုက်ရရှိခဲ့သော စစ်ကောင်စီ၏ မထော အခြေစိုက် စခန်းမှ စွန့်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲဝင်များအား ကြားဖြတ်တိုက်ခိုက်ရာ ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်း ရရှိခဲ့ကြောင်း KNU ဘက်က ပြောသည်။
KNLA တပ်မဟာ (၅) ပူးပေါင်းတပ်ဖွဲ၏ ဝိုင်းဝန်းပိတ်ဆိုတိုက်ခိုက်မှုကြောင့် စခန်းစွန့်ခွာထွက်ပြေးခဲ့ကြသည့် မထောအခြေစိုက်စခန်းမှ စစ်ကောင်စီတပ်ဖွဲဝင်များကို KNLA ပူးပေါင်းတပ်ဖွဲဘက်က လိုက်လံပိတ်ဆို တိုက်ခိုက်ရာ ယမန်နေ့ ၂၃ ရက်နေ့တွင် အလောင်း ၆ လောင်းနှင့် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းမိခဲ့ကြောင်း ကေအဲန်ယူ တပ်မဟာ(၅)၏ ပြန်ကြားရေး တာဝန်ခံ စောဂျူလီယာခု က ယခုလိုပြော သည်။
“မနေ့ ၂၃ ရက်နေ့က မထော စခန်းကနေ့ ထွက်ပြေးသွားတဲ့ စစ်သားတွေကို မထော နဲ့ ခွေးသေပုပ် ကြားမှာ ကြားဖြတ်တိုက်ခိုက်တော့ သူတိုဘက်က ၆ ယောက်သေတယ်။ လက်နက်ခဲယမ်းအများအပြားလည်း သိမ်း ဆည်းရရှိခဲ့တယ်” ဟု ၎င်းက ကေအိုင်စီ သို အတည်ပြု ပြောသည်။
အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီထံမှ MA 1 အမျိုးအစားသေနတ် ၉ လက်၊ MA 2 ၄ လက်၊ MA 3 ၄ လက်၊ MA 4 ၂ လက်၊ ငါးကြင်းမီး စက်သေနတ် ၁ လက်၊ (၆၀မမ) စိန်ပြောင်း ၄ လက် နှင့် ဆက်စပ် ခဲယမ်းပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း စောဂျူလီယာခုက ဆက်ပြောသည်။
စစ်ကောင်စီအတွက် မဟာဗျူဟာကျသည့် အဆိုပါ မထောအခြေစိုက် စခန်းကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့ကတည်းက KNLA ပူးပေါင်းတပ်ဖွဲဘက်က စတင် တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်နေ့က အလုံးစုံ သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
၎င်းစခန်းတွင် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် -စကခ(၈)လက် အောက်ခံခြေမြန်တပ်ရင်း (ခမရ-၄၀၇)၊ (ခမရ-၄၀၈) နှင့် (ခမရ-၄၀၄) စသည့် တပ်ရင်း ၃ ရင်းမှ တပ်အင်အား ၆၀ ကျော် အခြေချ တပ်စွဲခဲ့သည်ဟုလည်း ကေအဲန်ယူ မူတြော်ခရိုင်က ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့တွင်လည်း မူတြော်(ဖာပွန်)ခရိုင်၊ ဘူးသိုမြိုနယ်ရှိ တပ်ဖွဲဝင်အင်အား ၁၂၀ ကျော်တပ်စွဲနေထိုင်သော စစ်ကောင်စီတပ် ခေါပုတ်စစ်စခန်းကို KNLA ပူးပေါင်းတပ်က သိမ်းပိုက်ရရှိပြီး လက် နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရမိသေးသည်။