Home ဆောင်းပါး စစ်မြေပြင်မှာဖြစ်စေ၊ စားပွဲဝိုင်းမှာပဲဖြစ်စေ သွေဖည် ယိမ်းယိုင်သွားလို့ မဖြစ်ပါ

စစ်မြေပြင်မှာဖြစ်စေ၊ စားပွဲဝိုင်းမှာပဲဖြစ်စေ သွေဖည် ယိမ်းယိုင်သွားလို့ မဖြစ်ပါ

196

စစ်မြေပြင်မှာဖြစ်စေ၊ စားပွဲဝိုင်းမှာပဲဖြစ်စေ သွေဖည် ယိမ်းယိုင်သွားလို့ မဖြစ်ပါ

မောင်ကျော်စွာ

(၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်)

– “ယခုလ (နိုဝင်ဘာ) ၇ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်သည် ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာအခြေအနေနှင့်ပတ်သက်၍ သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ၌ မြန်မာ ပြဿနာအပေါ် တရုတ်နိုင်ငံ၏ သဘောထားရပ်တည်ချက် အလွန်ရှင်းလင်း ပြတ်သားကြောင်း၊ မိမိတို့သည် မြန်မာနိုင် ငံအား လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နိုင်ငံတော် တစ်ပေါင်းတစ်စည်းတည်းဖြစ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲ ခြင်းကို ထိန်းသိမ်းကာကွယ်ရန် အားပေးထောက်ခံကြောင်း၊ မြန်မာဘက်အသီးသီးတို့အား ချစ်ခင်ရင်းနှီးစွာ တိုင်ပင် ဆွေးနွေးခြင်းဖြင့် နိုင်ငံရေးဆိုင်ရာ သင့်မြတ်သာယာရေးကို အကောင်အထည်ဖော်ဆောင်ရန် အားပေးထောက်ခံ ကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ ပြန်လည် စတင်မှုကိုလည်း အားပေးထောက်ခံ ကြောင်း ပြောကြားခဲ့သည်”တဲ့။

ဒီအချက်ကို မူတည်ပြီး ကျနော့်ရှုမြင်ချက်နဲ့ သဘောထားကို ဆွေးနွေးတင်ပြပါ့မယ်။ မတင်ပြခင်မှာ နိုင်ငံခြား တိုင်းပြည်တစ်ခုခုက ထိပါးရန်စ ကျူးကျော်လာတဲ့အခါ ဘယ်လိုသဘောထားရမလဲ ဆိုတဲ့ကိစ္စနဲ့ စပ်လျဉ်းပြီး ကျနော့် နားလည်ချက်ကို ပထမဆုံး တင်ပြပါရစေ။

အမျိုးသားသွေးစည်းညီညွတ်မှုလည်း ခိုင်ခိုင်မာမာ ရှိတယ်။ ပြည်သူနဲ့အစိုးရကလည်း ငါးနဲ့ရေလို အကြည်အ သာ ရှိတယ်။ ပြည်သူက ယုံကြည်လေးစား အားကိုးနိုင်ပြီး တစ်စုံတစ်ရာခေတ်မီတဲ့ တပ်မတော်တစ်ရပ်လည်း ရှိတယ်။ အိမ်နီးချင်း၊ ဒေသတွင်းတိုင်းပြည်တွေနဲ့လည်း ချစ်ကြည်ရင်းနှီးနေတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးတွေနဲ့လည်း မိတ် ဝတ်မပျက် ဆက်ဆံလျက်ရှိတယ်ဆိုရင် ဒီလိုရေခံမြေခံမျိုးနဲ့ ပြည့်စုံနေတဲ့တိုင်းပြည်မျိုးကို ပြည်ပနိုင်ငံတစ်ခုခု ထိပါး ရန်စ ကျူးကျော်ဖို့ဆိုတာ မလွယ်ကူပါဘူး။

အထက်မှာ တင်ပြခဲ့တဲ့ အချက် ၅ချက်နဲ့ ဒီကနေ့ ကျနော်တို့တိုင်းပြည်မှာ အာဏာသိမ်းပိုက်အုပ်စိုးနေတဲ့ (စကစ)စစ်အုပ်စုကို ချိန်ထိုးကြည့်တဲ့အခါ ဘယ်အချက်နဲ့မှ ကိုက်ညီနေတာ မရှိပါဘူး။

“ပြည်တွင်းစစ်ကြီး” ဖြစ်ပွားနေတာကပဲ လွတ်လပ်ရေးသက်တမ်းနဲ့အမျှ မဟုတ်ပါလား။ “ပြည်တွင်းစစ်” ဆို တာ အမျိုးသားသွေးစည်းညီညွတ်မှု ပြိုကွဲမှုကနေ တိုက်ရိုက်ပေါ်ထွက်လာတဲ့ ကြောင်းကျိုးဆက်ရလဒ်ပဲ မဟုတ်ပါ လား။

အဲဒီပြည်တွင်းစစ် (သို့မဟုတ်) အမျိုးသားသွေးစည်းညီညွတ်မှုပြိုကွဲမှုက ကျနော်တို့တိုင်းပြည်မှာ “စစ်အုပ်စု – စစ်အာဏာရှင်စနစ်နဲ့ စစ်အစိုးရ” ဆိုတဲ့ (စစ် ၃စစ်)ကို မွေးထုတ်ပေးခဲ့ပြန်ပါတယ်။ တဖန် အဲဒီ “စစ်အုပ်စု – စစ်အာဏာ ရှင်စနစ်နဲ့ စစ်အစိုးရ” ဆိုတဲ့ (စစ် ၃စစ်)က အဲဒီ “ပြည်တွင်းစစ် (သို့မဟုတ်) အမျိုးသားသွေးစည်း ညီညွတ်မှုပြိုကွဲမှု”ကို စစ်အုပ်စုအဆက်ဆက် အာဏာတည်တံ့ခိုင်မြဲရေးနဲ့ ချမ်းသာကြွယ်ဝရေးအတွက် ထိန်းသိမ်း မွေးမြူ ရှည်ကြာစေခဲ့ပြန် ပါတယ်။

ထိုသို့နှစ်ပေါင်းရှည်ကြာစွာ “ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ (သို့မဟုတ်) အမျိုးသားသွေးစည်းညီညွတ်မှုပြိုကွဲနေ တဲ့” တိုင်းပြည်တစ်ခုကို အိမ်နီးအိမ်ဝေး ပြည်ပနိုင်ငံတွေက နည်းလမ်းအမျိုးမျိုး (တချို့ကတော့ စေတနာလို့ ဆိုတာပဲ၊ အဲဒီလို စေတနာအမျိုးမျိုးနဲ့) ပထဝီနိုင်ငံရေး၊ ပထဝီးစီးပွားရေး၊ ပထဝီစစ်ရေး စသဖြင့် အကျိုးစီးပွား မြော်မြင်ချက်အ မျိုးမျိုးနဲ့ ပါဝင်စွက်နေကြတာဟာ ဘာမှမဆန်းကျယ်ပါဘူး။ သွေးတစိုစိုနဲ့ပြည်တည်အနာကြီးတစ်ခုဟာ ယင်ကောင် တွေကို လက်ယပ်ခေါ်နေသလိုမျိုးပါပဲ။ ဆေးဆရာတစ်ယောက် ဆေးနည်းတစ်ဖုံနဲ့ ကုသပေးမယ် ဆိုတဲ့သူတွေချည်းပါ ပဲ။ ငါ့ဆေးက သူ့ဆေးထက် ပိုစွမ်းတယ်ဆိုတဲ့ အပြောအဆိုတွေကလည်း အပြိုင်အဆိုင်ပါပဲ။

ဒီတော့ အိမ်နီးအိမ်ဝေးပြည်ပနိုင်ငံတွေ အကျိုးစီးပွားမြော်မြင်ချက်အဖုံဖုံနဲ့ ဝင်ရောက်စွက်ဖက်လိုကြတဲ့ အခြေ ခံအချက်အလက်ဟာ “ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ (သို့မဟုတ်) အမျိုးသားသွေးစည်းညီညွတ်မှုပြိုကွဲနေတဲ့” နာတာ ရှည်ရောဂါဆိုးကြီးပဲ ဖြစ်ပါတယ်။ ဒီရောဂါဆိုးကြီးကို ပျောက်ကင်းအောင် မကုသနိုင်ဘဲ ဘယ်လိုပြည်ပက ကျူးကျော် စွက်ဖက်မှုကိုမဆို ကျနော်တို့ အောင်မြင်စွာ ဟန့်တားတိုက်ဖျက်နိုင်လိမ့်မယ် မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းတစ် ခါကပြောခဲ့ဖူးတဲ့ “ဟိုလူလာလည်း မျက်နှာချိုသွေးရ ဒီလူလာလည်း မျက်နှာချိုသွေးရတဲ့” တိုင်းပြည်ပဲ ဖြစ်နေရပါပြီ။

အာဏာရထားတဲ့ အုပ်စိုးသူလူတန်းစားကလည်း သူရရှိထားတဲ့ အာဏာတည်တံ့ခိုင်မြဲစေဖို့ မျက်နှာချိုသွေးရ သလို တော်လှန်ပုန်ကန်နေတဲ့ဘက်ကလည်း တော်လှန်ရေးအောင်မြင်ပြီး အုပ်စိုးသူအစိုးရကို ဖြုတ်ချနိုင်ဖို့ မိမိကိုမျက် နှာသာပေးတဲ့ တိုင်းပြည်နဲ့အစိုးရတွေကို စာနာပါ၊ ကူညီပါ၊ ထောက်ခံပါလို့ တစာစာအော်ပြောနေရပါတယ်။ လော်ဘီ လုပ်နေရပါတယ်။ ဒီအဖြစ်ဟာ ကျနော်တို့ချစ်လှတဲ့ တိုင်းပြည်ကြီးရဲ့တကယ့်အဖြစ်ပဲ မဟုတ်ပါလား။ “ပြည်ပအားကိုး မှီခိုရတဲ့ ဖောက်ပြန်တဲ့အုပ်စိုးသူ”ကို “ပြည်ပအားကိုးမှီခိုရတဲ့ တော်လှန်ရေး”က ဖြုတ်ချနေရတဲ့အဖြစ်မျိုး ဖြစ်နေပါ တယ်။

ဒီအတိုင်းသာ မပြောင်းမလဲ ဆက်ပြီး စခန်းသွားနေကြအုံးမယ်ဆိုရင်တော့ ဖောက်ပြန်တဲ့အုပ်စိုးမှုက “ငကန်း သေလို့ ငစွေလာကာ”လည်း အရင်လိုပဲ ရှည်ကြာမြဲရှည်ကြာနေမှာဖြစ်ပြီး တော်လှန်ရေးကြီးကလည်း အဓွန့်ရှည်မြဲရှည် နေပါလိမ့်အုံးမယ်။

ခက်နေတာက ကျနော်တို့တော်လှန်ရေးကို ဘယ်တိုင်းပြည်ကြီးကမှ ပြတ်ပြတ်သားသားအားပေး ထောက်ခံကူ ညီတာမျိုးမရှိတာပါ။ မစို့မပို့ဘဲ ထောက်ခံကူညီနေကြတာမျိုးပါ။ မြင်သာအောင် နှိုင်းယှဉ်ပြောရရင် “ထိုင်ဝမ် – ယူကရိန်း – အစ္စရေး” တို့လို ကူညီမှုမျိုး ကျနော်တို့တော်လှန်ရေးတွေ ဘယ်တုန်းကမှ မရခဲ့ကြဖူးပါဘူး။ “သိုက်စာဖတ် ရာ နားထောင်ပါ ဥစ္စာရနိုးနိုး” ဆိုတာလို ဟိုတိုင်းပြည် ဒီတိုင်းပြည်က လေတစ်လုံး မိုးတစ်လုံးတွေကို နားထောင်ရင်း မျှော်ရင်း လည်ပင်းညောင်ရေအိုး ဖြစ်ခဲ့ရပြီ။
“အိုဘားမားနဲ့ ဟီလာရီကလင်တန်” တို့ရဲ့ဆော်ဩမှုနဲ့ “၂၀၀၈ အခြေခံဥပဒေဘောင်”ထဲ ဒီချုပ်ပါတီဝင်ခဲ့ပါ တယ်။ ကန်တော့ပါရဲ့၊ ချေးခြောက်ရေနူးတာ မဟုတ်ပါဘူး။ ရွှေဂုံတိုင်ကြေညာချက်နဲ့ ဆရာဦးဝင်းတင်တို့ သတိပေး တာတွေကို လစ်လျူရှုပြီး “ဝင်-ပြင်” လမ်းလိုက်ခဲ့ကြရတာရဲ့ နောက်ဆုံးရရှိလာတဲ့ အကျိုးဆက်က (စကစ)စစ်အုပ်စု အာဏာသိမ်းပိုက်မှုနဲ့ ဒီနေ့ နွေဦးတော်လှန်ရေးပါပဲ။

ဒါကြောင့် နောက်ထပ်တစ်ကြိမ် “၂၀၀၈ အခြေခံဥပဒေဘောင်” ထဲ မိုက်မိုက်မဲမဲ ထပ်မံပြီး ဝင်ကြတော့မယ် လို့ မထင်ပါဘူး။ “စစ်အုပ်စု – စစ်အာဏာရှင်စနစ်နဲ့ စစ်အစိုးရ (စစ် ၃စစ်)နဲ့ ၂၀၀၈ အခြေခံဥပဒေ”တည်ရှိနေသမျှတော့ အဲဒီဘောင်ထဲကနေ ရှာဖွေမယ့် ပြေလည်မှုမျိုးဟာ တာရှည်ခံမှာ မဟုတ်ဘဲ “ယာယီ”ပဲ “ခေတ္တခဏ”ပဲ ဖြစ်ပါလိမ့်မယ်။ ရွေးကောက်ပွဲအနိုင်ရရှိသလို “အောင်မြင်မှုတွေ” ရရှိခဲ့မယ်ဆိုရင်လည်း ဒီအောင်မြင်မှုတွေကို စစ်အုပ်စုက အလွယ်တ ကူပဲ ဖျက်ဆီးပစ်လိုက်ပါလိမ့်မယ်။

ဒါကြောင့် တာရှည်ခံမယ့် ပြေလည်မှု ပြည်သူတွေအတွက် အာမခံချက်ရှိမယ့် အောင်မြင်မှုတွေကို ပိုင်ပိုင်နိုင် နိုင်ရရှိလိုတယ်ဆိုရင်တော့ “စစ်အုပ်စု – စစ်အာဏာရှင်စနစ်နဲ့ စစ်အစိုးရ (စစ် ၃စစ်)နဲ့ ၂၀၀၈ အခြေခံဥပဒေ”ကို အကုန် အစင် ဖျက်သိမ်းပစ်ရပါလိမ့်မယ်။ ဒီအချက်ကို မစွမ်းဆောင်၊ မအောင်မြင်နိုင်ဘဲ ဘာကိုမှ စိတ်ကူးမျှော်လင့်နေလို့ မဖြစ် နိုင်ပါဘူး။

အခုလည်း အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံက “မြန်မာဘက် အသီးသီးတို့အား ချစ်ခင်ရင်းနှီးစွာ တိုင်ပင် ဆွေးနွေးခြင်းဖြင့် နိုင်ငံရေးဆိုင်ရာ သင့်မြတ်သာယာရေးကို အကောင်အထည်ဖော်ဆောင်ရန် အားပေးထောက်ခံ ကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ ပြန်လည်စတင်မှုကိုလည်း အားပေးထောက်ခံ ကြောင်း” ပြောကြားလာပြန်ပါတယ်။

တရုတ်ပြည်ကတော့ သူ့အိမ်နီးချင်းတိုင်းပြည်တစ်ခု၊ သူ့တိုင်းပြည်ကကုမ္ပဏီတွေ လာရောက်ရင်းနှီးမြှုပ်နှံထား ရာ သယံဇာတတွေရှိတဲ့နေရာဒေသတစ်ခု၊ သူ့တိုင်းပြည်ရဲ့ ပထဝီနိုင်ငံရေး အကျိုးအမြတ်ရှိရာ ဒေသတစ်ခု တည်တည် ငြိမ်ငြိမ်ရှိစေချင်တာ၊ နိုင်ငံရေးစစ်ရေးပြဿနာတွေ ပြေလည်စေချင်တာဟာ သူတို့တိုင်းပြည် သူ့ပြည်သူ အကျိုးစီးပွား ဆိုတဲ့အထိုင်ပေါ်က ကြည့်တာမို့ သဘာဝကျပါတယ်။

ကျနော်တို့ကလည်း ကျနော်တို့တိုင်းပြည်၊ ကျနော်တို့ အဖိနှိပ်ခံပြည်သူတွေ၊ ကျနော်တို့ပြည်သူတွေ ဆင်နွှဲနေ တဲ့၊ အလားအလာကောင်းတွေ ရရှိနေတဲ့တော်လှန်ရေး စတဲ့ ရေတိုရေရှည်အကျိုးစီးပွားအထိုင်ပေါ်ကနေပဲ တည်ကြည် တည့်မတ်စွာ ကြည့်ကြရမှာပါ။ ဒီအကျိုးစီးပွားတွေကို တစ်စိတ်တစ်ပိုင်း သို့မဟုတ် အများ သို့မဟုတ် အလုံးစုံကိုစတေး ပြီး အလျော်အစားလုပ်ပြီး ဘယ်နိုင်ငံခြားတိုင်းပြည်ရဲ့ အကျိုးစီးပွားကိုမှ ထိန်းသိမ်းကာကွယ်ပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဖြစ်လည်း မဖြစ်သင့်ပါဘူး။

ထို့အတူ တရုတ်ပြည် အပါအဝင် အခြားဘယ်တိုင်းပြည်ကမဆို ကျနော်တို့တိုင်းပြည်၊ ကျနော်တို့ အဖိနှိပ်ခံ ပြည်သူတွေ၊ ကျနော်တို့ပြည်သူတွေ ဆင်နွှဲနေတဲ့၊ အလားအလာကောင်းတွေ ရရှိနေတဲ့တော်လှန်ရေးကို ထိခိုက်နစ်နာ သွားစေမယ့် ရေစုန်မျောသွားစေမယ့် အတင်းအကျပ် ဖိအား/တွန်းအားပေးတာမျိုးတွေဟာလည်း ဘယ်လိုမှ မဖြစ်သင့်၊ မဖြစ်ထိုက်ပါဘူး။

ငါတို့ ရင်းနှီးမြှုပ်နှံမှုတွေ ငါတို့စိုက်ထုတ်ထားတဲ့ လူ့အရင်းအမြစ်တွေ ငါတို့ တိုင်းပြည်အကျိုးစီးပွားတွေ လုံခြုံ စေဖို့ မထိခိုက် မပျက်ပြားစေဖို့ မင်းတို့တော်လှန်ရေးကို ရပ်စဲပေးပါ၊ ထိန်းချုပ်ပေးပါ၊ ရပ်နားပေးပါလို့ မေတ္တာရပ်ခံတာ သို့မဟုတ် ဖိအားပေးတာမျိုးဟာ ဘယ်လိုမှ နည်းလမ်းမကျပါဘူး။ သဘာဝလည်းမကျပါဘူး။ ကျနော်တို့ ပြည်သူတွေ ဟာ သူတို့အပေါ် နှစ်ရှည်လများ အကြမ်းဖက်ဖိနှိပ်အုပ်စိုးနေတဲ့ (စကစ)စစ်အုပ်စုအုပ်စိုးသူနဲ့ ကျနော်တို့တိုင်းပြည်ထဲ မှာပဲ နင်လား/ငါလား စာရင်းရှင်းနေကြရတာပါ။

အခုလည်း တိုင်းရင်းသားလူမျိုးစုတွေနဲ့ ဗမာတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ အပိုင်းပိုင်းကွဲသွားအောင် (စကစ)စစ်အုပ်စုဟာ တစ်ဖက်ကမြှူဆွယ်နေသလို အခြားတစ်ဖက်ကလည်း အကြမ်းဖက် တိုက်ခိုက်ချေမှုန်းနေတာ ပါ။ ဒီနည်းလမ်းဟာ (ဖဆပလ)အစိုးရကနေ ဒီကနေ့ (စကစ)စစ်အုပ်စုထိ အဆက်ဆက်သော အုပ်စိုးသူတွေ သုံးနေကျ နည်းလမ်းပါပဲ။ ဒီနည်းလမ်းကတော့ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ဗမာတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ဖရိုဖရဲပြို ကွဲကုန်ကြပြီး အုပ်စိုးသူလူတန်းစားဟာ သူ့ရဲ့ပြိုလဲလုလု ယိုင်နဲ့သွားတဲ့ အာဏာအဆောက်အအုံကို ပြန်လည်ထိန်းသိမ်း တည့်မတ်သွားနိုင်တဲ့ သာဓကတွေရှိတာကို မမေ့သင့်ပါ။

ဒါကြောင့် ကျနော်တို့ တော်လှန်ရေးအင်အားစုများအနေနဲ့ “စစ်အုပ်စု – စစ်အာဏာရှင်စနစ်နဲ့ စစ်အစိုးရ (စစ် ၃ စစ်)နဲ့ ၂၀၀၈ အခြေခံဥပဒေ” ကို အကုန်အစင် ဖျက်သိမ်းရေးကို စစ်မြေပြင်မှာဖြစ်စေ၊ စားပွဲဝိုင်းမှာပဲဖြစ်စေ သွေဖည် ယိမ်းယိုင်သွားလို့မဖြစ်ဘဲ တည့်တည့်မတ်မတ် ဦးတည်ကြဖို့ လိုအပ်ပါတယ်။

ကျနော်တို့တော်လှန်ရေးရဲ့ တစ်ဦးတည်းသော ဘုံရန်သူဟာ “စစ်အုပ်စု – စစ်အာဏာရှင်စနစ်နဲ့ စစ်အစိုးရ (စစ် ၃စစ်)နဲ့ ၂၀၀၈ အခြေခံဥပဒေ”ပဲ ဖြစ်ပါတယ်။ ဒီအချက်ကို သွေဖည် ဝေဝါးသွားစေပြီး တရုတ်ပြည်ကိုဖြစ်စေ အမေရိ ကန်ပြည်ထောင်စုကိုဖြစ်စေ၊ အခြားပြည်ပတိုင်းပြည်တစ်ခုခုကိုဖြစ်စေ ဆန့်ကျင်ရေး – ရန်ထောင်ရေး – သရုပ်ဖျက်ရေး ထဲ အသိမဲ့ မျောပါသွားစေဖို့ ဘေးတီးလှုံ့ဆော်တာတွေ သွေးထိုးမြှောက်ပင့်တာတွေ မပြုကြဖို့လည်း အလေးအနက် မေတ္တာရပ်ခံပါတယ်။