Home သတင်း AKO နယူးဆော့သ်ဝေးပြည်နယ်ခွဲ ခေါင်းဆောင်အသစ်များ တင်မြှောက်

AKO နယူးဆော့သ်ဝေးပြည်နယ်ခွဲ ခေါင်းဆောင်အသစ်များ တင်မြှောက်

669

ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ဩစတြေးလျားကရင်အဖွဲ့အစည်း(Australia Karen Organization – AKO)၊ နယူးစ်ဆော့သ်ဝေးပြည်နယ်ခွဲ၏ နှစ်ပတ် လည်အထွေထွေ အစည်းအဝေးကို ဆစ်ဒနီမြို့တွင် ဇူလိုင်လ ၂၇ရက်နေ့က ပြုလုပ်ခဲ့ကြပြီး ပြည်နယ်ခွဲ၏ ခေါင်းဆောင် အသစ်များကို ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

အဆိုပါပြည်နယ်ရှိ အမှုဆောင်ကော်မတီဝင်ဟောင်းများ အပါအဝင် ကိုယ်စားလှယ်ဦးရေ ၂၄ဦး တက်ရောက်ခဲ့သည့် ၎င်းနှစ်ပတ်လည် အစည်းအဝေးတွင် AKO ၏ ပြည်နယ်အလိုက် လုပ်ငန်းစဉ်များကို အစီရင်ခံတင်ပြခြင်းနှင့် လျှို့ဝှက်မဲ ဖြင့် ရွေးကောက်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သတင်းအချက်အလက်နှင့် မီဒီယာတာဝန်ခံ စောကျော်ခွီးကပြောသည်။

ယင်းသို့ ရွေးကောက်ပွဲတွင် ဥက္ကဌအဖြစ် စောတာမလာဝေါ်၊ ဒုတိယဥက္ကဌအဖြစ် ဂရေ့စ်လွင်ဦး၊ အတွင်းရေးမှူးအဖြစ် ထက်စ်နင်မ်ရော့(Tasneem Roc)၊ တွဲဖက်အတွင်းရေးမှူးအဖြစ် သူးလေကပေါ်တို့အပြင် အမျိုးသမီးတာဝန်ခံ နန်းဒါး အဲကလယ်၊ လူငယ်တာဝန်ခံ စောဆာ့လောလာ့တို့ အပါအဝင် အမှုဆောင်ကော်မတီဝင်များကို ရွေးချယ်ခဲ့ကြခြင်းဖြစ် သည်။

AKO အနေဖြင့် ဩစတြေးလျားနိုင်ငံတွင် (၁၉၉၈)ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်တွင် Canberra (ACT)၊ New South Wale (NSW)၊ Melbourne (VIC)၊ Brisbane (QLD) နှင့် Perth (WA) ပြည်နယ်ခွဲများ ထားရှိကာ သက်ဆိုင်ရာ ဒေသအလိုက်ဖြစ်စေ၊ အဖွဲ့တစ်စုံလုံးအားဖြင့်ဖြစ်စေ အမျိုးသားရေး၊ နိုင်ငံရေးများအတွက် စည်းရုံးလှုံ့ ဆော်မှုများ၊ နယ်စပ်ဒေသ ကူညီပံ့ပိုးရန် ရန်ပုံငွေရှာဖွေရေးများ ဆောင်ရွက်လျှက်ရှိသည်။