မင်းအောင်လှိုင်ကို ဖယ်ရှားပစ်တဲ့နည်းလည်း စဉ်းစားသင့်တယ်
မောင်ကျော်စွာ
(၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်)
ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားကုန်သွယ်ရေးကို အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့က လှုပ်ကိုင်ဖန်တီးနေတဲ့ ခေတ်ထဲကို ဝင်ရောက်နေပါပြီ။ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ ရဲ့ ဘက်စုံယှဉ်ပြိုင်မှုဟာ ပြင်းထန်လှပြီး အဲဒီပြိုင်ပွဲမှာ အမေရိကန်ပြည်ထောင်စုဟာ အဓိကဘက်ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲရဲ့ သက်ရောက်မှုက...