Home သတင်း စစ်ကောင်စီသည် အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေကြောင်း KnHRG ပြော

စစ်ကောင်စီသည် အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေကြောင်း KnHRG ပြော

198
Photo: KamLaat-Kayah IDPs Assistance Network

ဖေဖော်ဝါရီ ၇ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်နီ(ကယားပြည်နယ်)အတွင်းရှိ ဒေသခံများ၏ လူမှုစီးပွားရေးပိုမိုကျပ်တည်းလာစေရန် စစ် ကောင်စီမှ အရပ်သားပြည်သူများနေထိုင်သော ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့(KnHRG)က ပြော သည်။

ထိုကဲ့သို့ စစ်ကောင်စီ၏ပစ်ခတ်တိုက်ခိုက်မှုမှာ ၂၀၂၃ခုနှစ် နှစ်စပိုင်းတွင်ပင် အကြိမ်ရေ(၅၀) ဝန်းကျင်ရှိနေပြီး အထူးသဖြင့် လွိုင်ကော်နှင့်ဒီးမော့ဆိုတွင် အများဆုံးဖြစ်ရာ အရပ်သားပြည် သူများအပေါ် စစ်ကောင်စီမှ ဖြတ်လေးဖြတ်တွင်ပါဝင်သော နည်းလမ်းတစ်ခုအား ကျင့်သုံးနေခြင်းဖြစ်ကြောင်း KnHRG ၏ ဒါရိုက်တာဦးဗညားက ယခုလိုပြောသည်။

“ပြည်သူတွေကို တမင်သက်သက် နေလို့မရဲအောင်၊ ကြောက်လန့်အောင် အသက်အိုးအိမ်စည်းစိမ်ကို ဒုက္ခရောက်အောင်လုပ်တာပါ။ နည်းလမ်းကနှစ်ခုပဲရှိတယ်ပေါ့၊ မြို့ပေါ်တက်မလား၊ မဟုတ်ရင်လည်း တောထဲဒီထပ်ပိုနက်တဲ့နေရာကို ရွှေ့မလားပေါ့၊ အဲဒါကြောင့် သူတို့ရဲ့အုပ်ချုပ်မှု အောက်မှာနေမယ် ဆိုရင် သူတို့ အလိုကျတိုင်း အုပ်ချုပ်မှုကို ခံရမယ့်ပုံစံတစ်ခုရှိတယ်။ မဟုတ်ရင် ကျနော်တို့ရဲ့ပြည်သူ လူထုရှိတဲ့ စစ်ဘေးရှောင်ဘက်ကိုရောက်လာမယ်ဆိုရင် အကျပ်အတည်း တွေနဲ့ထပ်ကြုံရ တယ်ပေါ့နော်။ အဲ့ဒီတော့ လူတွေ လုပ်ကိုင်စားသောက်နေလို့မရအောင် တမင်သက်သက် ရည်ရွယ်ချက်ရှိရှိလုပ်တယ်လို့ မြင်ပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

အဆိုပါ လုပ်ရပ်များကြောင့် ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ အရပ်ဒေသနှင့် လုပ်ငန်းခွင်တွင် ရပ်တည်လုပ်ကိုင်နိုင်ခြင်း မရှိတော့သည့်အတွက် ၎င်းတို့၏ လူမှုစီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး များအပြင် မျိုးဆက်သစ်များ၏ အနာဂတ်ပါ ထိခိုက်လာနိုင်သည့်အတွက် ရာဇဝတ်မြောက်သည်ဟု ဦးဗညားက ဆက်ပြောသည်။

Photo: KamLaat-Kayah IDPs Assistance Network

ထို့အပြင် ဖေဖော်ဝါရီလ(၄)ရက်နေ့ကလည်း ကရင်နီ(ကယားပြည်နယ်)၊ လွိုင်ကော်မြို့၊ ဝါရီကောခူ ကျေးရွာအတွင်း စစ်ကောင်စီမှ အကြောင်းမဲ့ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံအမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည့်အပြင် ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းတစ်ကျောင်းနှင့် နေအိမ်(၁၀) လုံးခန့် ပျက်စီးခဲ့ပြီး အဆိုပါကျေးရွာတွင် နေထိုင်သူဒေသခံများ ညတွင်းချင်း ထွက်ပြေးတိမ်း ရှောင်ခဲ့ရသည်ဟု ကရင်နီစစ်ရှောင်ကူ (KamLaat-Kayah IDPs Assistance Network)ကမ်းလက် ပရဟိတအဖွဲ့မှ လူငယ်တစ်ဦးကပြောသည်။

၎င်းက “ အဲဒီနေ့က ဝါရီကောခူရွာက ဒေသခံတွေလည်း ညတွင်းချင်းပြေးရတယ်။ ဒီနေ့အထိလည်း စစ်ရှောင်နေရတုန်းပဲ။ ပြီးတော့ ဝါရီကောခူရွာနဲ့ မိုးဗြဲကလည်းနီးတယ်လေ၊ မနေ့ညကလည်း မိုးဗြဲမှာ တိုက်ပွဲကပြန်ပြင်းထန်နေတော့ အဲ့ဒီဘက်ကလူတွေလည်း မနေရဲတော့ပြေးနေရတယ်။ ဘယ်ကိုပြေး ကြလဲတော့ မသိသေးဘူး။ ဒါပေမဲ့ ဝါရီကောခူရွာက ဒေသခံတစ်ချို့က ကရင်နီအနောက်ခြမ်းမှာ ပြန် နေကြတာများတယ်။ အဲ့မှာကလည်း နဂိုကတည်းက စစ်ရှောင်နေကြတဲ့သူတွေအများကြီးပဲ။ အဲ့ဒီက စစ်ရှောင် သုံးကန့်လောက်က ဆေးဝါးအကူအညီလာတောင်းကြပေမယ့် ကျနော်တို့မှာ ဆေးဝါးမရ တာ (၃)(၄)လလောက်တောင်ရှိနေပြီဆိုတော့ မကူညီနိုင်ဘူး။” ဟု ကေအိုင်စီသို့ပြောသည်။

အလားတူ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတစ်လတာအတွင်း ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တို့အကြား တိုက်ပွဲပေါင်း (၃၆)ကြိမ်ဖြစ်ပွားခဲ့ရာ စစ် ကောင်စီမှ လွိုင်ကော်မြို့၊ တီးလုံအုပ်စုကျေးရွာရှိ စစ်ဘေးရှောင်စခန်းနှင့်ကျေးရွာများအတွင်းသို့ လေကြောင်းဖြင့်(၄)ကြိမ်အထိ ဗုံးကျဲတိုက်ခိုက်ခြင်းနှင့် ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ လွိုင်ကော် မြို့နယ်၊ ဘော်လခဲနှင့် ရွာသစ်မြို့နယ်ခွဲအတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့သဖြင့် နေအိမ်(၅)လုံး၊ ဘုန်းကြီးကျောင်း(၂)ကျောင်းနှင့်စေတီ(၁)ဆူ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံ(၅)ဦး ဒဏ်ရာရှိ၍ (၁)ဦးသေဆုံးခဲ့သည်ဟု KNDF က ထုတ်ပြန်ထားသည်။