စောဘဦးကြီး
………
သူဌေးက သူဌေးအလုပ် မလုပ်
ထမင်းငတ်ခံ အထုပ်ဆွဲ
တောကြီးမြက်မည်းကို ရွေးခဲ့သူ ……..။
လူမျိုးရဲ့အနာဂတ်ကို
ဝန်ကြီးဘဝနဲ့ လဲခဲ့သူ ……..။
ခေတ်ပညာတတ်
ဝတ်လုံတော်ရ
ကရင်တစ်ကျပ် ဗမာတစ်ကျပ်
တန်းတူညီမျှဖို့
သူပုန်ဘဝနဲ့ အမျိုးချစ်ပြသူ ……..။
လူတွေက
ကြာတော့ မေ့နေတတ်
နှလုံးသားတွေက အသေခံပြီး
တမ်းတရတဲ့ အမည်နာမ
စောဘဉီးကြီး ……..။
စအယ်ဆူးခလိန် (မြစ်ဝကျွန်းပေါ်)
(၉ရက် ဩဂုတ်လ၊ ၂၀၂၂ခုနှစ်)
၇၂-နှစ်မြောက် ကရင်အာဇာနည်နေ့အား ဤကဗျာဖြင့် ဂုဏ်ပြုအပ်ပါသည်။



















