Home ဆောင်းပါး ကြေးကြီးကြီးနဲ့ ထိုးခွဲတာလည်း မခံရစေနဲ့

ကြေးကြီးကြီးနဲ့ ထိုးခွဲတာလည်း မခံရစေနဲ့

270

ကြေးကြီးကြီးနဲ့ ထိုးခွဲတာလည်း မခံရစေနဲ့

မောင်ကျော်စွာ

(၁၁-၅-၂၀၂၂)

(စကစ)စစ်အုပ်စုက ကျနော်တို့အင်အားစုတွေကို ပုံစံမျိုးစုံနဲ့ စဉ်ဆက်မပြတ် ထိုးခွဲနေတာ မဟုတ်ပါလား။ ဒီအချက်ကိုသတိထားပြီး ကိုယ့်အတွင်းပိုင်းမှာ အလောတကြီး ဝေဖန်တံဆိပ်ကပ်တာ ရန်သူဘက် ဇွတ်အတင်း တွန်းပို့တာမျိုးတွေ မပြုလုပ်မိကြဖို့ လိုအပ်ပါတယ်။

(စကစ) စစ်အုပ်စု အကြမ်းဖက်သမား မင်းအောင်လှိုင်အဖို့ သူကိုယ်တိုင်ထွက်ကမယ့် ဇာတ်အခြေအနေက ထင် သလို မဖြစ်နိုင်ဘူး။ မလွယ်ဘူးဆိုတာကို သိထားပြီးသား ဖြစ်မှာပါ။

သူတို့ဖိတ်ခေါ်ထားတဲ့ အဖွဲ့အစည်းတိုင်းက လက်ကလေးပိုက်၊ ခေါင်းကလေးငုံ့ပြီး ကျိုးကျိုးနွံ့နွံ လာမှာမဟုတ် ဘူးဆိုတာလည်း တွက်ချက်ထားမှာပါ။

မီဒီယာသတင်းများအရ အကြမ်းဖက် (စကစ) အုပ်စုရဲ့ ဖိတ်ခေါ်ပွဲသို့ တက်ရောက်ကြမယ့် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်း စုစုပေါင်း ၁၀ဖွဲ့ရှိတယ်လို့ သိရပါတယ်။

NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်း ၁၀ဖွဲ့အနက် ၇ဖွဲ့တက်ရောက်မယ်လို့ သိရပါတယ်။ ALP – DKBA – KNLA-PC – LDU – NMSP – PLLO – RCSS တို့ဖြစ်ပါတယ်။

သဘာဝလောက၊ သတလောကမှာ အခြေအနေတစ်ရပ် ပုံစံတစ်ခု ပီပီပြင်ပြင် ပေါ်ထွက်မလာမီ စပ်ကူးမတ်ကူး အခြေအနေ အခိုက်အတံ့ဆိုတာ ရှိစမြဲဖြစ်ပါတယ်။ မိုးလည်းမရွာသေး၊ နေလည်းမပူဆိုတဲ့ အနေအထားမျိုးပေါ့။ ရေအေးလည်းမဟုတ်၊ ပွက်ပွက်ဆူတဲ့ ရေနွေးလည်းမဟုတ်သေးတဲ့ အနေအထားမျိုးပေါ့။ ဖားတော့ဖြစ်မှာပဲ ပီပီပြင်ပြင် ဖားပုံစံ မဖြစ်သေးတဲ့ ငါးဖားလောင်း အနေအထားမျိုးပေါ့။

ဒီလိုပါပဲ။ အခုလို အချိန်ကာလမှာ အကြမ်းဖက်(စကစ)စစ်အုပ်စုဘက်က ဆွေးနွေးရေးနဲ့ပတ်သက်တဲ့ အခိုင် အမာခြေလှမ်းတွေ၊ ပရိယာယ်တွေ၊ ဆင်ကြံကြံမှုတွေကို ပီပီပြင်ပြင် မသိရှိကြရသေးပါဘူး။

ဒါကြောင့် အကြမ်းဖက်(စကစ)စစ်အုပ်စုရဲ့ ဖိတ်ခေါ်ချက်ကိုလက်ခံပြီး ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်ကြ မယ့် သက်ဆိုင်ရာ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို “ရန်သူနဲ့ပူးပေါင်းသူတွေ၊ ပြည်သူနဲ့တော်လှန်ရေးကို လျစ်လျူရှု ကျောခိုင်းသူတွေ” လို့ ခံစားမှုစောပြီး ဝေဖန်ဖို့၊ တံဆိပ်ကပ်ဖို့ အချိန်စောလွန်းနေပါသေးတယ်။ အကြောင်းအချက်တွေ အခြေအနေတွေ ပြည့်ပြည့်စုံစုံ ထင်ထင်ရှားရှား ပေါ်ပေါက်မလာသေးခင်မှာ အလောတကြီး ဝေဖန်တံဆိပ်ကပ်တာဟာ မသင့်တော်ပါဘူး၊ လက်တွေ့မကျပါဘူး။

အကြမ်းဖက်(စကစ)စစ်အုပ်စုက ကျနော်တို့အင်အားစုတွေကို ပုံစံမျိုးစုံနဲ့ စဉ်ဆက်မပြတ် ထိုးခွဲနေတာ မဟုတ် ပါလား။ ဒီအချက်ကိုသတိထားပြီး ကိုယ့်အတွင်းပိုင်းမှာ အလောတကြီး ဝေဖန်တံဆိပ်ကပ်တာ ရန်သူဘက် ဇွတ်အတင်း တွန်းပို့တာမျိုးတွေ မပြုလုပ်မိကြဖို့ လိုအပ်ပါတယ်။

အကြမ်းဖက်သမား မင်းအောင်လှိုင်ရဲ့ ဖိတ်ခေါ်ချက်ကိုသွားတဲ့ အဖွဲ့အစည်းတွေမှာရော၊ မသွားတဲ့ အဖွဲ့အစည်း တွေမှာပါ ရည်မှန်းချက်၊ သဘောထားနဲ့ အကြောင်းတရား ကိုယ်စီရှိကြပါတယ်။

ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလို ကိုယ့်အဖွဲ့အစည်းတွင်း အခြေအနေတွေ ကာယကံရှင်တွေက အသိဆုံးပဲ ဖြစ်ပါတယ်။ ထူးခြားတာက ဘယ်သူက ဘယ်သူ့ကိုမှ ပစ်ပစ်ခါခါမပြောကြဘဲ သူ့ခြေလှမ်း ကိုယ့်ခြေလှမ်း အပြန်အလှန် အကဲခတ်နေကြတာကို သတိပြုမိပါတယ်။

အကြမ်းဖက်(စကစ)အုပ်စုက ပရိယာယ်နဲ့ ဖိတ်ခေါ်တာဖြစ်တယ်ဆိုတာကို EAO တိုင်းက သိပါတယ်။ CRPH – NUG – PDF တွေကို သွေးခွဲရန်တိုက်ပေးနေတာ ဆိုတဲ့အချက်ကိုလည်း ကောင်းကောင်းမြင်ကြပါတယ်။

EAO တွေဘက်ကကြည့်ရင် CRPH – NUTG – PDF တဖက်မှာနွေးထွေးတဲ့ နားလည်မှုရှိတဲ့ ချိတ်ဆက်လုပ်ကိုင် မှုတွေရှိနေပြီး အခြားတဖက်မှာလည်း NCA စာချုပ်ကို လုံးလုံးလျားလျား ကျောခိုင်းစွန်းပယ်ပစ်တာမျိုးလည်း ယတိ ပြတ် မလုပ်ကြသေးပါဘူး။

NCA စာချုပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်း ၁၀ဖွဲ့ထဲမှာပဲကြည့်ပါ။ ဘယ်အဖွဲ့အစည်းကမှ NCA စာချုပ်က နေ ထွက်တယ်။ အသိအမှတ်မပြုတော့ဘူးလို့ တရားဝင် ထုတ်ဖော်ကြေညာတာ မရှိသေးပါဘူး။

မင်းအောင်လှိုင်ရဲ့ ဖိတ်ခေါ်ချက်ကိုတောင်မှ လုံးဝ လက်မခံ ငြင်းပယ်တာမျိုး မလုပ်ဘဲ ပါဝင်သင့် ပါထိုက်သူ တွေအားလုံး ပါဝင်ရေး တွေ့ဆုံဆွေးနွေးရေးအတွက် လိုအပ်တဲ့ အခင်းအကျင်းနဲ့ အခြေအနေတွေ ရှိရေးကိုပဲ အကျိုးသင့် အကြောင်းသင့်ရေးပြီး တုန့်ပြန်နေတာကို ဖတ်ရပါတယ်။

ထို့အတူ CRPH – NUG – တို့မှာလည်း EAO က ထိပ်သီးတွေ အတိအလင်း ပြောင်ပါဝင်တာမျိုးလည်း မရှိသေးပါ ဘူး။ ဒီလို အထွေထွေအနေအထားတွေကို အကြမ်းဖက်(စကစ)စစ်အုပ်စုကလည်း သိတယ်။ ဒီလို သောင်မတင် ရေမကျ အနေအထားကနေ EAO တွေကို သူတို့ဘက် လုံးလုံးလျားလျား တိမ်းညွတ်လာစေဖို့ ဆွယ်လို့ရသလောက် ဆွယ်ဖို့၊ ဆွဲဖို့၊ ခွဲဖို့ ဆိုတဲ့ရည်မှန်းချက်နဲ့ မင်းအောင်လှိုင်က ဖိတ်ခေါ်နေတာဖြစ်ပါတယ်။

နယ်မြေ လက်နက်လူအင်အား တစုံတရာ တောင့်တင်းတဲ့အဖွဲ့တွေရဲ့ ရည်ရွယ်ချက်အကြောင်းတရားနဲ့ နယ် မြေလက်နက်လူအင်အားသေးငယ်တဲ့ အဖွဲ့အစည်းတွေရဲ့ ရည်ရွယ်ချက်နဲ့ အကြောင်းတရားဟာ အလုံးစုံ တူညီနိုင်ဖို့ မလွယ်ပါဘူး။ ရည်မှန်းချက်ကိုယ်စီနဲ့ ဖိတ်ခေါ်တာကိုသွားကြတယ်။ ဖိတ်ခေါ်ချက်ကို ငြင်းပယ်နေကြပါတယ်။

အရေးကြီးတဲ့အချက်က အကြမ်းဖက် (စကစ) စစ်အုပ်စုရဲ့ ဖိတ်ခေါ်ချက်ဟာ ပရိယာယ်လက်ကွက်မြင်တယ်။ တစ်နပ်စား အကောက်ကြံမှုသာ မြင်တယ်ဆိုတာကို အချက်အလက်နဲ့ ဖွင့်ချကြဖို့ပါပဲ။

ဒါကြောင့် မင်းအောင်လှိုင်ကိုယ်တိုင်ထွက်ကတဲ့ လှည့်ကွက်ပရိယာယ် ဆင်ကွက်တွေကို ဖွင့်ချကြရမှာပါ။ မင်းအောင်လှိုင်ရဲ့ ပရိယာယ်နဲ့ လိမ်ညာမှုတွေကို တိုင်းပြည်နဲ့လူထုအတွက် အမှန်တကယ်လိုအပ်တဲ့ အခြေအနေ အကြောင်းအချက် အခင်းအကျင်းတွေကို အကျိုးအကြောင်းခိုင်လုံစွာနဲ့ နှိုင်းယှဉ်တင်ပြပြီး ဖွင့်ချကြရမှာပါ။

အတုအယောင် ဖိတ်ခေါ်ချက် ပရိယာယ်ဆွေးနွေးပွဲလို့ ပြောတာနဲ့ တစ်ပြိုင်နက်ထဲမှာ လိုအပ်ပြီး ဖြစ်သင့်ဖြစ် ထိုက်တဲ့ အခင်းအကျင်း အခြေအနေတွေကို စနစ်တကျ တင်ပြပြောဆိုကြဖို့ လိုအပ်ပါတယ်။

“အတုအယောင်မို့ ငြင်းပယ်တယ်” ဆိုတာမျိုးလောက်နဲ့ မလုံလောက်ပါဘူး။ ပြည်တွင်းပြည်ပ အကြပ်အတည်း ပေါင်းစုံ ဝိုင်းဝိုင်းလည်နေတဲ့ အကြမ်းဖက် (စကစ)စစ်အုပ်စုဟာ အကွက်ပေါင်းစုံ ကောင်ကျစ်လိမ်ညာမှုမျိုးစုံ ခင်းကျင်း ပြီး သူ့ထွက်ပေါက်ကို အဆက်အပြတ် ရှာနေတာပါ။

ဒါကြောင့် အဖွဲ့အစည်းတစ်ခုရဲ့ သဘောထားနဲ့ လက်တွေ့အဆုံးအဖြတ်ဟာ အကြပ်အတည်း အကြီးအကျယ် ဆိုက်နေတဲ့ စစ်အုပ်စုအတွက် ယာယီထွက်ပေါက်ရသွားစေတာမျိုး မဖြစ်စေဖို့ လေးလေးနက်နက်၊ ကျယ်ကျယ်ဝန်းဝန်း စဉ်းစားလုပ်ဆောင်ကြရမှာပါ။

မိမိအဖွဲ့အစည်းရဲ့ဆုံးဖြတ်ချက်ဟာ နိုင်ငံရေး၊ စစ်ရေး လှုပ်ရှားဆောင်ရွက်မှုတွေဟာ စစ်အုပ်စုအတွက် အသက် ရှူပေါက် ရရှိသွားစေတာမျိုး မဖြစ်စေရဆိုတဲ့ ဦးတည်ချက်မျိုးထားပြီး လုပ်ဆောင်ကြရမှာပါ။

ဒါကြောင့် စစ်အုပ်စုရဲ့ ပရိယာယ်ခြေလှမ်းတိုင်းရဲ့ သဏ္ဍာန်နဲ့ အနှစ်သာရတွေကို လှည့်ကွက်တွေကို မိမိအဖွဲ့အ စည်းအတွင်း၊ တပ်ဖွဲ့အတွင်းမှာ အဆက်မပြတ် ရှင်းလင်းနွေးထွေးနေကြဖို့ သိပ်အရေးကြီးပါတယ်။

အကြပ်အတည်းကြီးလှတဲ့ အကြမ်းဖက်(စကစ)စစ်အုပ်စုဟာ သူ့ရဲ့ယာယီထွက်ပေါက် တစ်နပ်စားထွက်ပေါက် အတွက် မထင်မှတ်တဲ့ ကြေးကြီးကြီး အလဲအထပ် လုပ်လာနိုင်ပါသေးတယ်။ ကြေးကြီးကြီးကို မက်မောမိရင်တော့ ကျနော်တို့ရဲ့ ပင်မ ရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီရေး တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေးတွေဟာ ရေစုန်မျောသွားပါလိမ့်မယ်။

ဒါကြောင့် အကြမ်းဖက် (စကစ)စစ်အုပ်စုက မြူဆွယ်လာနိုင်စရာရှိတဲ့ အခွင့်အလမ်း ကြံကြီး- ကြေးကြီးတွေ- မက်လုံးတွေအကြားမှာ မျောပါမသွားစေဖို့ တော်လှန်ရေးသတိကြီးစွာ ထားရှိကြပါလို့ ဆော်ဩပါတယ်။