Home သတင်း ထားဝယ်ရောက်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင်ကို ကံပေါက်လူငယ်များ ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့

ထားဝယ်ရောက်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင်ကို ကံပေါက်လူငယ်များ ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့

97

ဇန်နဝါရီ ၁၃၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကို ဇန်နဝါရီလ ၁၃ရက်နေ့ မနက်ပိုင်းမှာ ရောက်ရှိနေသည့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထားဝယ်ခရိုင် ကံပေါက်ဒေသက လူငယ်တွေက ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်သည် မောရဝတီရေတပ်စခန်းဌာနချုပ်ရှိရာ ကံပေါက်ဒေသကိုပါ လာရောက်မည်ဟု သတင်းထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။

သို့သော် ဇန်နဝါရီလ ၁၂ရက်ညပိုင်းက မောရဝတီရေတပ်စခန်း အနီးတဝိုက် ကျေးရွာများတွင်မူ စစ်ကောင်စီတပ်သား အများအပြား ကင်းချထားပြီး ဇန်နဝါရီလ ၁၃ရက် ညနေ ၃နာရီဝန်းကျင်တွင် မောရဝတီရေတပ်စခန်းရှိရာဖက်သို့ ဦးတည်ပြီး စစ်လေယာဉ် နှစ်စင်း ပျံသန်းသွားကြောင်း ဒေသခံများက ပြောဆိုသည်။