Home တွေ့ဆုံမေးမြန်းခန်း BGF အ‌ပေါ် သတိ‌ပေးထုတ်ပြန်စာနှင့်ပတ်သက်ပြီး KNU တပ်မဟာ (၅) ဗျူဟာမှူးနှင့် ‌မေးမြန်းချက်

BGF အ‌ပေါ် သတိ‌ပေးထုတ်ပြန်စာနှင့်ပတ်သက်ပြီး KNU တပ်မဟာ (၅) ဗျူဟာမှူးနှင့် ‌မေးမြန်းချက်

1810

BGF အ‌ပေါ် သတိ‌ပေးထုတ်ပြန်စာနှင့်ပတ်သက်ပြီး KNU တပ်မဟာ (၅) ဗျူဟာမှူးနှင့် ‌မေးမြန်းချက်

“အာဏာရှင်က အကြမ်းဖက်တဲ့နည်းလမ်း‌တွေကိုသုံးပြီး အာဏာတည်မြဲဖို့ လုပ်‌နေတာဖြစ်တဲ့အတွက် ကရင်ဖြစ်တဲ့ BGF ပဲဖြစ်ဖြစ်၊ စစ်တပ်ထဲမှာရှိ‌နေတဲ့ ကရင်‌တွေပဲဖြစ်ဖြစ် စစ်‌ကောင်စီနဲ့ ပူး‌ပေါင်းလုပ်တာမျိုးမလုပ်ဖို့ ရှင်းရှင်းလင်းလင်းမြင်ဖို့ လို‌နေပြီ” ဗိုလ်မှူးကြီး ‌စောထူးက‌ရှော

နယ်ခြား‌စောင့်တပ် -BGF အဖွဲ့က စစ်‌ကောင်စီတပ်ဖွဲ့အား လိုက်ပါကူညီ‌ပေးမှု အ‌ခြေအ‌နေနှင့်ပတ်သက်ပြီး ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ က ယမန်‌နေ့ ဇန်နဝါရီလ ၁၂ ရက် ‌နေ့စွဲဖြင့် သတိ‌ပေးစာ တစ်‌စောင်ထုတ်ပြန်ခဲ့သည်။ အဆိုပါ သတိ‌ပေးထုတ်ပြန်စာကိုအ‌ခြေခံ၍ ‌ကေအဲန်ယူ တပ်မဟာ ၅ ၏ ဗျူဟာမှူး ဗိုလ်မှူးကြီး ‌စောထူးက‌ရှောကို ဆက်သွယ်‌မေးမြန်းထားသည်။

‌မေး ။ ။ သတိ‌ပေးစာကို ထုတ်ပြန်လိုက်ရတဲ့ အ‌ကြောင်းအရင်းကို ‌ပြောပြ‌ပေးပါ။
နံပါတ်တစ် တစ်ချက်က ကိုယ့်ကရင်အချင်း ချင်းဖြစ်တာရယ်၊ နံပါတ်နှစ် အချက်အ‌နေနဲ့ သူတို့ (BGF)ထဲက သူအ‌တော်များများက ဘာမှ နားမလည်ကြဘူး။ တချို့ဆိုရင် လူငယ်လူရွယ်‌လေး‌တွေ။ ကိုယ့်အမျိုးသား‌ရေး ဘာ‌တွေ နားမလည်ကြဘူး။ တတိယအချက် အ‌နေနဲ့ အာဏာသိမ်းယူလိုက်တဲ့ အကြမ်းဖက် စစ်အုပ်စုဖြစ်တဲ့ မင်း‌အောင်လှိုင် လူ‌တွေနဲ့ ပူး‌ပေါင်းလုပ်‌ဆောင်တာမျိုး မလုပ်ဖို့‌ပေါ့‌နော်။ ပြန်ကြည့်မယ်ဆိုရင် ကျ‌နော်တို့ ကရင်အချင်းချင်းအကြား ၁၉၉၄-၉၅ ကတည်းက ဒီက‌နေ့ အချိန်ထိ ပြန်သတ်ဖြတ်‌နေကြတာ အဲ့ဒါ‌တွေကို ထပ်မဖြစ်‌စေချင်‌တော့ဘူး။ ဒါမျိုးလည်း မဖြစ်သင့်‌တော့ဘူး။

အခုက ရန်သူမှာ အခက်အခဲ‌တွေ အကြီးကြီး ရင်ဆိုင်‌နေရတဲ့ အချိန်မှာ သွားမကူညီဖို့။ သွားကူညီလိုက်တာနဲ့ သူတို့အတွက် အင်အားအကြီးကြီးဖြစ်သွား‌စေမယ်။ ‌နောက်တစ်ခုက တိုက်ပွဲဖြစ်ပြီးဆိုတာနဲ့ လက်နက်ကြီး‌တွေ ပစ်တဲ့‌နေရာမှာ ကိုယ့်လူထု‌နေရာ‌တွေကို ပစ်မှတ်ထားပြီးပစ်‌တော့ ရွာ‌တွေ၊ လူ‌နေအိမ်‌တွေ လုပ်ကိုင် စား ‌သောက်တဲ့ ‌နေရာ‌တွေပျက်စီးထိခိုက် ‌သေဆုံးတာ‌တွေ ဖြစ်‌စေတာ‌ပေါ့။ ဒါ‌တွေကို ထပ်မဖြစ်‌စေချင်‌တော့ဘူး။ ဒါကို သတိမူမိဖို့ လိုတာ‌ပေါ့။ အဲ့ဒါ‌ကြောင့် ညှိနှိုင်းလို့မှ မရရင်‌တော့ ကိုယ့်ဘက်က လုပ်စရာရှိတာ‌တော့ ရှင်းရှင်း လင်းလင်း လုပ်‌ဆောင်သွားရဖို့ပဲ ရှိတယ်။

‌မေး- အခု တပ်မဟာ (၅) နယ်‌မြေမှာ အဓိက ဝင်‌ရောက်လှုပ်ရှား‌နေတဲ့ BGF ‌တွေက ဘယ်သူ့ရဲ့ ဦး‌ဆောင်မှု ‌အောက်မှာရှိ‌နေလဲ၊ တပ်ရင်းဘယ်‌လောက်ရှိပြီး‌တော့ စစ်‌ကောင်စီကို ဘယ်လို ပုံစံမျိုးပူး‌ပေါင်းကူညီ‌ပေး‌နေသလဲ။
အဓိက ဦး‌ဆောင်ပြီး အစီအစဉ်ဆွဲ ညွှန်ကြားတဲ့သူက ဗိုလ်ချစ်သူပဲရှိတယ်။ သူက အတွင်း‌ရေးမှူးဖြစ်‌တော့ သူ့လူ‌တွေ‌ပြောတာက အတွင်း‌ရေးမှူးရဲ့ အစီအစဉ်‌တွေချည်းပဲ။ သူတို့ အချင်းချင်းကြားမှာလည်း လက်ရှိ အ‌ခြေ အ‌နေမှာ စစ်တပ်ကို အကူအညီ မ‌ပေးဖို့ ပြန်‌ပြောကြတာရှိ‌ပေမဲ့ စစ်တပ်နဲ့ သူတို့အကြားမှာ သ‌ဘောတူညီမှု တစ်ခုခု ယူထားလို့လား‌တော့မသိဘူး၊ မလာချင်လည်း လာရတဲ့သ‌ဘော‌တွေ ‌တွေ့ရတယ်။ သူ့လက်‌အောက် က လူ‌တွေမှာလည်း အခက်အခဲ ဖြစ်‌စေတာ‌ပေါ့။

တချို့ဆို သွားခိုင်းလည်း မသွားတဲ့သူလည်းရှိ‌နေတယ်။ ဒါ‌ပေမဲ့ ‌မြေပြင်မှာ အဓိက ဦး‌ဆောင်တဲ့သူ‌တွေက‌တော့ (၁၀၁၄) တပ်ရင်းမှာဆို ဗိုလ်‌မောင်ချစ်၊ ၁၀၁၃ မှာဆိုရင် လှကြိုင်နဲ့ ‌ကျော်ဝင်းတို့က ဦး‌ဆောင်တာ‌ပေါ့။ တကယ့် ‌မြေပြင်မှာ လှုပ်ရှားတဲ့‌နေရာမှာ အဓိက‌တွေ့ရတာက ‌မောင်ချစ် နဲ့ ‌ကျော်ဝင်းပဲ။ ဒီ‌တောင်သုံးလုံး အထက်ဘက်ကို တက်လာခိုင်းဖို့ ‌ရှေ့တန်း ထွက်ဖို့အတွက် အဓိက အမိန့်‌ပေး တဲ့သူက ‌ကျော်ဝင်း‌ပေါ့။ ကတိုင်တိ ‌အောက်ဘက်မှာ ကျ‌တော့ ‌မောင်ချစ်က အဓိက လှုပ်ရှားတာ‌ပေါ့။ အရင်က ဝင်လာတုန်းကဆိုရင် ခန့်မှန်းချက်အရ တပ်ရင်း နှစ်ခု (၁၀၁၃) နဲ့ (၁၀၁၄) ‌ပေါင်း အင်အား ၇၀ဝ ‌လောက်ရှိ တာ‌ပေါ့။ ‌နောက်ပိုင်း ပိုတိုးလာတယ်။ ‌တောင်သုံးလုံးမှာ ၁၀ဝ ‌လောက် ထပ်တိုးလာတာ‌ပေါ့။ ခန့်မှန်းရသ‌လောက်‌တော့ ၈၀ဝ ‌ကျော် ၉၀ဝ နီးပါးရှိ‌လောက်တယ်။ တချို့က တပ်မဟာ (၁)ဘက်ကို ဆင်းတာ တပ်အ‌ပြောင်းအလဲ လုပ်တာလည်းရှိတာ‌ပေါ့။

‌မေး။ ။ ဒီ သတိ‌ပေးထုတ်ပြန်ချက် မထုတ်ခင်က နှစ်ဖက်‌ခေါင်း‌ဆောင်‌တွေ အကြား၊ ‌မြေပြင်တပ်မှူး‌ခေါင်း ‌ဆောင်‌တွေအကြားမှာ ညှိနှိုင်း‌ပြောဆိုတာမျိုး‌တွေ‌ကော ဘယ်လိုရှိပါသလဲ။
အရင်က ကျ‌နော် ဗိုလ်တင်ဝင်းကို ‌ပြော‌သေးတယ်။ ဗိုလ်ချစ်သူအ‌နေနဲ့ ကျ‌နော့်ကို ဆက်သွယ်‌ပြောဆိုလာ ‌ပေးပါ ‌ပေါ့။ ကျ‌နော်တို့ ‌ဆွေး‌နွေးကြမယ်။ အဲ့ဒီမတိုင်ခင်မှာ ကျ‌နော်တို့ အဖိုး‌စောပီးလာစိန်နဲ့ ဗိုလ်ချစ်သူနဲ့ ‌တွေ့တာ‌တွေ ရှိတယ်။ ‌နောက်ပိုင်း အဖိုးက ဆုံးသွား‌တော့ အဲ့ဒါ‌တွေက တန့်သွားတယ်။ အရင်က ‌ရှေ့တန်းက တပ်ရင်း ‌ခေါင်း‌ဆောင်‌တွေ (၁၀၂)တပ်ရင်း‌ခေါင်း‌ဆောင်နဲ့ ဗိုလ်‌မောင်ချစ်တို့ ဗိုလ်လှကြိုင်တို့နဲ့ ‌တွေ့ကြတာမျိုး ‌ဆွေး‌နွေးတာမျိုးရှိတယ်။ တကယ်လို့ ‌နောက်‌ကြောင်းပြန်လှည့်တဲ့ အ‌ခြေအ‌နေ‌တွေရှိလာရင် စစ်တပ်နဲ့ ပူး‌ပေါင်းပြီး မလုပ်ဖို့၊ ကိုယ့်အမျိုးသား‌ရေးအတွက် ညှိနှိုင်းလုပ်ကြဖို့ ‌ဆွေး‌နွေး‌ပြောဆိုတာမျိုး‌တော့ ရှိတယ်။

အလားတူ အရင်ကလည်း ‌ရှေ့တန်းက ‌ခေါင်း‌ဆောင်‌တွေ အချင်းချင်းကြားမှာ လက်တွဲပြီး ဘယ်လို လုပ် ‌ဆောင်ရမလဲဆိုတာ‌တွေလည်း ရှိ‌ပေမဲ့ ဘယ်လို‌နေရာ‌တွေမှာ လုပ်ရမယ် ဘယ်‌နေရာမှာ‌တော့ မလုပ်ဘူးဆို တာ‌တော့ ‌သေချာ‌ပြောဆိုကြရမှာ‌ပေါ့။ ‌ပြောဆို‌ဆွေး‌နွေး‌နေကြ‌ပေမဲ့လည်း သူတို့ တပ်ရင်းအသီးသီးမှာ ဗိုလ်မှူး အသီးသီး‌တွေရှိတယ်။ အရင်က သူတို့ကို ဘယ်‌နေရာ‌တော့ မသွားနဲ့ မလာနဲ့ မလုပ်နဲ့လို့ သတိ‌ပေး‌ပေမဲ့ သူတို့ က ပြန်‌ပြောတာက သူတို့အ‌နေနဲ့လည်း ဘာမှ မတတ်နိုင်ဘူး။ အမိန့်ညွှန်ကြားချက်‌တွေကို လိုက်လုပ်‌နေရတာ နာလည်‌ပေးပါဆိုပြီး ‌ပြောဆိုတာမျိုး‌တွေ ရှိတာ‌ပေါ့။

အဲ့ဒါ‌ကြောင့် ‌နောက်ကွယ်က ကြိုးကိုင်တဲ့သူ အ‌သေအချာရှိသလို သူတို့မှာ အစီအစဉ်လည်း အ‌သေအချာ ရှိလိမ့် မယ်။ ‌နောက်ပိုင်းသ‌ဘောတူ ထားတာ‌တွေရှိ‌ပေမဲ့လည်း သ‌ဘောတူထားတဲ့အတိုင်းလည်း မလုပ်ဘူး၊ ညှိနှိုင်းတာ‌တွေ လာမလုပ်ဘူး။ အကုန်လုံးက ရန်သူအလုပ်အကုန်ဖြစ်သွားတာချည်းပဲ။ ကိုယ့်အမျိုးသား‌ရေး အလုပ်ကျ‌တော့ ဘာမှ ဖြစ်မလာဘူး။

‌မေး ။ ။ အရင်ကလည်း KNU ဘက်က‌ပြောဆို သတိ‌ပေးခဲ့တာ‌တွေရှိခဲ့တယ်လို့ သိရတယ်။ အခု သတိ‌ပေး ထုတ်ပြန်ချက်နဲ့ အရင်က ထုတ်ပြန်ချက်‌တွေနဲ့ ဘယ်လိုကွာခြားသလဲ။
ကျ‌နော်ထင်တာက ဒါက ‌နောက်ဆုံးပါပဲ။ ‌နောက်ဆုံးဖြစ်‌ပေမဲ့ သတိ‌ပေးသလို မလုပ်ရင်‌တော့ ကျ‌နော်တို့ အားလုံး သိတဲ့အတိုင်းပဲ။ ကျ‌နော်တို့ ကရင်‌တွေအားလုံး‌ကော၊ BGF ရဲ့ မိသားစုဝင်‌တွေအားလုံး‌ကော သိရမှာ ကျ‌နော်တို့ ကွဲ‌အောင် လုပ်တာမဟုတ်ဘူးဆိုတာ သိရမှာ‌ပေါ့။ ကျ‌နော်တို့ အတူလက်တွဲဖို့ အဖက်ဖက်က ကြိုးပမ်းခဲ့တာပဲ။ ကိုယ့်ကိုယ်ကိုပဲ ချစ်တာမဟုတ်ဘူး။ တပ်မဟာ ၅ က စစ်လိုလားတာ အချင်းချင်းကြား သတ်ဖြတ်ချင်လို့‌တော့ မဟုတ်ဘူး။ အ‌တွေ့အကြုံအရ‌တော့ ကိုယ့်လူမျိုးကို ကာကွယ်ဖို့က ပထမ ဦးစား‌ပေးလုပ်ရမှာပဲ။ ကိုယ့်လူမျိုးမှ ကိုယ့်ကိုယ်ကို ကရင်မှန်း မသိဘူး၊ ကိုယ့်လူမျိုးကို ကိုယ်တန်ဘိုးမထားဘူးဆိုရင်‌တော့ ဒါက ‌နောက်ဆုံးအကြိမ်ပဲ လို့ ‌ပြောချင်တယ်။

‌မေး- ဒီလို အချင်းချင်း ကြားပစ်ခတ် သတ်ဖြတ်လာခဲ့ရတာ နှစ်‌ပေါင်းလည်း ကြာခဲ့ပြီး။ အခုလည်း အလားတူ ဆက်ဖြစ်ဖို့ အရိပ်အ‌ယောင်‌တွေရှိ‌နေ‌သေးတဲ့အ‌ပေါ်မှာ ကရင်ပြည်သူ‌တွေကို ဘယ်လို ရှင်းလင်း‌ပြောဆို ချင်တာမျိုးရှိ‌သေးလဲ။
ကျ‌နော်တို့ ပြည်သူ‌တွေအားလုံးအ‌နေနဲ့က သိထားတာက ကရင်လို‌ပြောရင် ကရင်စစ်သားလိုပဲ ထင်ကြတယ်။ တကယ်က ကရင်လို‌ပြော‌ပေမဲ့ ကရင်အလုပ် လုပ်‌နေလား၊ ရန်သူအလုပ် လုပ်‌နေလားဆိုတာက မသိနားမလည် တဲ့သူ‌တွေလည်း အများကြီးရှိ‌နေ‌သေးတယ်။ အခု မျက်‌မှောက်‌ခေတ်ကို ကြည့်မယ်ဆိုလည်း စစ်အာဏာရှင်က အာဏာကို အဓမ္မရယူတယ်၊ ကိုယ့်ပြည်သူ‌တွေကို ပြန်နှိပ်စက် သတ်ဖြတ်တယ်။ ‌နေရာအစုံက ပြည်သူ‌တွေမှာ လည်း အတိဒုက္ခ‌တွေ ‌ရောက်ကြရတယ်။ အခုအချိန်ထိလည်း ‌လေယာဉ်‌တွေ လက်နက်ကြီး‌တွေ နဲ့ လာပစ် တာ‌တွေ ဒါ‌တွေကလည်း ဟိုအရင်ကတည်းက စစ်တပ်က ပြည်သူအ‌ပေါ်မှာ နှိပ်စက်သတ်ဖြတ်တာ‌တွေ က ရှိခဲ့တာပဲ။

ပြည်သူ‌တွေအ‌ပေါ်မှာ နည်းလမ်းအစုံနဲ့ ဖိနှိပ်သလို တိုင်းရင်းသား‌တွေအ‌ပေါ်မှာလည်း နည်းလမ်း ‌ပေါင်းစုံနဲ့ ဖိနှိပ်ခဲ့တာပဲ။ အခုလည်း အဲ့နည်းလမ်း‌တွေပဲ သုံးလာ‌နေတာပဲ။ အခု ‌လေယာဉ်နဲ့ လာပစ်တယ်ဆိုတာကလည်း စစ်သားအချင်းချင်းကို ပစ်တာမဟုတ်ဘဲနဲ့ ပြည်သူ‌တွေ လူ‌နေအိမ်‌တွေကိုပဲ ပစ်‌နေတာ။ ပစ်ချင်ရင် စစ်သား အချင်းချင်းပစ်ပါလား။ အခုက ရွာ‌တွေ လူ‌တွေ လုပ်ကိုင်စား‌သောက်တဲ့ ‌နေရာ‌တွေကို လာပစ်တာက ရှင်းရှင်းလင်းလင်း မြင်‌နေရတာပဲ။

အာဏာရှင်က အကြမ်းဖက်တဲ့နည်းလမ်း၊ သတ်ဖြတ်တဲ့ နည်းလမ်း‌တွေကို သုံးပြီး အာဏာတည်မြဲဖို့ လုပ်‌နေတာဖြစ်တဲ့အတွက် ကရင်ဖြစ်တဲ့ BGF ပဲဖြစ်ဖြစ် စစ်တပ်ထဲမှာရှိ‌နေတဲ့ ကရင်‌တွေ ပဲဖြစ်ဖြစ် စစ်‌ကောင်စီနဲ့ ပူး‌ပေါင်းလုပ်တာမျိုးမလုပ်ဖို့ ရှင်းရှင်းလင်းလင်းမြင်ဖို့ လို‌နေပြီ‌ပေါ့။

အားလုံး‌သော BGF ညီအစ်ကို‌တွေ အ‌နေနဲ့ ရန်သူကို အား‌ပေးအား‌မြောက်ဖြစ်‌စေမယ့် နည်းလမ်း‌တွေ လုပ်ရပ် ‌တွေကို မလုပ်မိ‌စေဖို့၊ အတူတကွ တာဝန်ယူပြီး နားလည်‌အောင် ‌ပြောဆိုကြဖို့ ကိုယ့်ကရင် အလုပ်ကိုပဲ လုပ်တာ မျိုး ဖြစ်‌စေဖို့ အားလုံး ပူး‌ပေါင်းလုပ်‌ဆောင်ဖို့ လိုတာ‌ပေါ့။

တချို့ မြင်တာက စစ်တပ်က သူ့ပါသူ ‌နေတာကို ဘာလို့ သွားပစ်တာလဲဆိုပြီး ‌ဝေဖန်တဲ့သူတချို့ရှိတာ‌ပေါ့။ သိထား ရမှာ စစ်တပ်က သူ့‌နေရာမှာ ‌နေတာမဟုတ်ဘူး။ ကိုယ့်‌နေရာမှာ ဝင်လာ‌နေတယ်ဆိုတာက ရှင်းရှင်းလင်း သိဖို့ လည်းလိုပါတယ်။ စစ်တပ်သာ လာမ‌နေဘူး ဝင်မလှုပ်ရှားဘူးဆိုရင်‌တော့ တိုက်ပွဲ ဖြစ်စရာဘာ အ‌ကြောင်းမှ လည်းမရှိဘူး။ ‌နောက်တစ်ခု ‌လေယာဉ်နဲ့ လာပစ်တယ်ဆိုတာကလည်း ကျ‌နော်တို့‌ကြောင့်ဆိုတာထက် သူတို့မှာ အစီအစဉ်တကျရှိ‌နေတဲ့အတိုင်း စစ်အုပ်ချုပ်မှု၊ နယ်‌မြေရယူလိုမှု နဲ့ အာဏာ ပါဝါ ပြပြီး အ‌ကြောက်တရားနဲ့ အုပ်ချုပ်ချင်တဲ့ သ‌ဘောပဲ။