Home သတင်း ကိုဗစ်ကူးစက်မှု ကာကွယ်တားဆီး‌ရေးစည်းကမ်းများ ပိုမိုတင်းကြပ်‌ဆောင်ရွက်သွားမည်ဟု KNU ကိုဗစ်အ‌ရေး‌ပေါ်တုံ့ ပြန်‌ရေး‌ကော်မတီ‌ပြော

ကိုဗစ်ကူးစက်မှု ကာကွယ်တားဆီး‌ရေးစည်းကမ်းများ ပိုမိုတင်းကြပ်‌ဆောင်ရွက်သွားမည်ဟု KNU ကိုဗစ်အ‌ရေး‌ပေါ်တုံ့ ပြန်‌ရေး‌ကော်မတီ‌ပြော

2433

ဇူလိုင် ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကူးစက်မြန် ကိုဗစ်တတိယလှိုင်း ကူးစက်မှုနှုန်း ပိုမိုမြှင့်မားလာခြင်း‌ကြောင့် KNU- ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ် နယ်‌မြေအားလုံးတွင် ကိုဗစ်ကူးစက်မှုကာကွယ်တားဆီး‌ရေး စည်းမျဉ်းစည်းကမ်းများ ပိုမိုတင်းကြပ် ‌ဆောင်ရွက်သွားမည်ဖြစ် ‌ကြောင်း KNU ကိုဗစ်အ‌ရေး‌ပေါ်တုံ့ပြန်‌ရေး‌ကော်မတီထံမှ သိရသည်။

ကူးစက်ခံ ကိုဗစ်လူနာများအတွက် ကာကွယ်ကုသ‌ရေးပိုင်းတွင် စိန်‌ခေါ်မှုများစွာရှိ‌နေခြင်း‌ကြောင့် ယခင် ကိုဗစ် ပထမလှိုင်း နှင့် ဒုတိယလှိုင်းကဲ့သို့ ကာကွယ်တားဆီး‌ရေးအပိုင်းကို ပိုမိုတင်းကြပ်လုပ်‌ဆောင် သွားရမည်ဖြစ်‌ကြောင်း KNU ၏ ကိုဗစ် အ‌ရေး‌ပေါ် တုံ့ပြန်‌ရေး‌ကော်မတီ ဥက္ကဌ ပဒို‌စောဒိုင်းမွန်းခင်က ယခုလို‌ပြောသည်။

“စိန်‌ခေါ်မှုက ကျ‌နော်တို့ KNU ခရိုင် ၇ခုမှာ ကိုဗစ်ကို စမ်းသပ်နိုင်တဲ့ PCR စက်က တစ်ခုပဲရှိတယ်။ ပြီး‌တော့ အခု ‌ရောဂါပိုးက သ‌န္ဓေ‌ပြောင်းတဲ့ ပုံစံဖြစ်လာတဲ့အခါ ကျ‌နော်တို့ အခု PCR စက်က ဖတ်လို့မရဘူး။ အဲ့ဒီအတွက် ဒီ အ‌ပြောင်းအလဲ‌ကြောင့် အခက်အခဲဖြစ်လာနိုင်တယ်။ ဒါ‌ကြောင့် ခရိုင် တစ်ခုချင်းစီအလိုက် ကာကွယ်တားဆီး‌ရေးအပိုင်းကို ပို‌ကောင်း‌အောင်လုပ် သွားမယ်။” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် အဆိုပါ KNU တပ်မဟာ၊ ခရိုင်အားလုံးတွင် ကာကွယ်တားဆီး‌ရေးအတွက် လိုက်နာရမည့် ကိုဗစ်စည်းမျဉ်း စည်းကမ်းများနှင့်ပတ်သက်ပြီး ယမန်‌နေ့က ကိုဗစ်အ‌ရေး‌ပေါ်တုံ့ပြန်‌ရေး ‌ကော်မတီမှ အစည်းအ‌ဝေး‌ခေါ်ယူ၍ ‌ဆွေး‌နွေးဆုံး ဖြတ်ခဲ့ခြင်းဖြစ်ပြီး KNU ဗဟို အတွင်း‌ရေးမှူးရုံးမှတဆင့် သက်ဆိုင်ရာ တပ်မဟာခရိုင်အသီးသီးသို့ ဆက်လက် ညွှန်ကြားသွားမည်ဖြစ်သည်ဟုလည်း ပဒို‌စောဒိုင်းမွန်းခင် ကဆက်‌ပြောသည်။

အဆိုပါ ကိုဗစ်ကာကွယ်တားဆီး‌ရေး အစီအစဉ်များအရ ကျန်းမာ‌ရေး အသိပညာ‌ပေး စည်းရုံးလှုံ့‌ဆော်မှုများကို လိုက်လံ လုပ်‌ဆောင်‌ပေးမည်ဖြစ်သလို လူစုလူ‌ဝေးများသည့် ‌နေရာများတွင် Fever Clinic တစ်လုံးစီ တည်‌ဆောက်သွားမည်ပြီး စည်းမျဉ်းစည်ကမ်းများကိုလည်း ထုတ်ပြန်သွားမည်ဖြစ်သည်။

လတ်တ‌လောတွင် KNU ထိန်းချုပ် နယ်‌မြေအတွင်း ကိုဗစ်ပိုး‌တွေ့လူနာ ၂ဝ ဦးထက်မနည်းရှိ‌နေပြီး ‌သေဆုံးသူ မရှိ‌သေး ‌ကြောင်းသိရသည်။ KNU နယ်‌မြေအတွင်း ဝင်ထွက်သွားလာမှုများကို စနစ်တကျ ကြပ်မတ်သွားရန်လည်းရှိကာ ‌ဒေသတွင်း ‌ကျောင်းများကိုလည်း ယာယီပိတ်ထားရပြီး ကိုဗစ်ကာကွယ်တားဆီး‌ရေးနှင့် ပတ်သက်၍လည်း ယခုလဆန်းပိုင်းက ‌ကော်သူး‌လေ ကျန်းမာ‌ရေးနှင့်ကယ်ဆယ်‌ရေးဌာန(KDHW)က စည်းကမ်းချက်များကို ထုတ်ပြန် ထား‌သေးသည်။

အလားတူ မြန်မာနိုင်ငံအတွင်း ကိုဗစ် တတိယလှိုင်း ကူးစက်ပြန့်နှံ့မှု မြှင်မားလာခြင်းနှင့်အတူ သ‌န္ဓေ‌ပြောင်း ကူးစက်မြန် ကိုဗစ်ကပ်‌ရောဂါ‌ကြောင့် ‌သေဆုံးမှုနှုန်းလည်းမြှင့်တက်‌နေပြီး ကုသ‌ရေးအတွက် လိုအပ်သည့်အ‌ရေး‌ပေါ် ‌အောက်ဆီဂျင် များလည်း ပြတ်လပ်မှုများနှင့် ကန့်သတ်ပိတ်ပင်မှုများ ရှိ‌နေ‌ကြောင်း သိရသည်။