Home သတင်း ‌သေဆုံးသူများ‌နေ၍ မြဝတီသုသာန်တွင် ဒီဇယ်ဆီသုံးသၤဂြိုဟ်စက်တစ်လုံး ထပ်မံပြင်ဆင် အသုံးပြု‌နေရ

‌သေဆုံးသူများ‌နေ၍ မြဝတီသုသာန်တွင် ဒီဇယ်ဆီသုံးသၤဂြိုဟ်စက်တစ်လုံး ထပ်မံပြင်ဆင် အသုံးပြု‌နေရ

4765

ဇူလိုင် ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့တွင် ကိုဗစ်‌ရောဂါကူးစက်မှုမြင့်မား‌နေသလို ‌သေဆုံးမှုလည်း များပြားလာ၍ မြဝတီသုသာန်တွင် လက်ရှိအသုံးပြု‌နေသည့် ထင်းမီးသုံး သၤဂြိုဟ်စက် တစ်လုံးတည်းဖြင့် မလုံ‌လောက်သည့်အတွက် ယခင်အသုံးမပြုဘဲ ထားရှိသည့် ဒီဇယ်ဆီသုံး သၤဂြိုဟ်စက်တစ်လုံး ထပ်မံအသုံးပြုရန် ပြင်ဆင်‌နေရ‌ကြောင်း သိရသည်။

” လက်ရှိ သုံး‌နေတဲ့ ထင်းမီးသုံး သၤဂြိုဟ်စက်က အ‌လောင်းတစ်‌လောင်းလျှင် မီးရှို့ကြာချိန် ၄၅ မိနစ်ခန့် ရှိပါတယ်။ မ‌နေ့က တစ်ရက်တည်း ၁၉ ‌လောင်း သၤဂြိုဟ်ခဲ့ရတာဆို‌တော့ အချိန်အ‌တော်‌လေးကို ‌ပေးခဲ့ပါတယ်။ ဒါ‌ကြောင့် ဒီဇယ်သုံး သၤဂြိုဟ် စက်ကို အလှူရှင်တစ်ဦးရဲ့ အကူအညီနဲ့ ပြန်လည်ပြင်ဆင်ပြီး အသုံးပြုသွားမှာပါ။ ဒီအတွက် ဒီဇယ်ဆီဖိုး‌တွေက‌တော့ လိုအပ်မှု ရှိလာမယ့်အတွက် အလှူရှင်များရဲ့ အကူအညီ‌တွေ လိုအပ်‌နေပါ‌သေးတယ်” ဟု မြဝတီမြို့နယ် စည်ပင်သာယာ‌ရေး ဦးစီး အရာရှိ ‌စော‌ရောဘတ်ထူးက ‌ပြောသည်။

ထို့အပြင် မြဝတီမြို့တွင် မ‌နေ့ ဇူလိုင်လ ၁၅ ရက်‌နေ့ တစ်ရက်တည်း ‌သေဆုံးသူ ၁၉ ဦးထိရှိခဲ့ပြီး ထိုအထဲ၌ မြဝတီ ပြည်သူ့‌ဆေးရုံမှ ကိုဗစ်အတည်ပြုလူနာ ၉ ဦးပါဝင်သည်ဟု မြို့နယ်စည်ပင်သာယာ‌ရေး ဦးစီးအရာရှိ ‌စော‌ရောဘတ်ထူးက ဆက်‌ပြောသည်။

မြဝတီမြို့တွင် ဇွန်လ ၂၁ ရက်‌နေ့မှစ၍ ဇူလိုင် ၁၅ ရက်‌နေ့အထိ ကိုဗစ်ပိုး‌တွေ့လူနာ ၉၇၉ ဦးရှိခဲ့ပြီး ထိုအထဲမှ ‌သေဆုံးသူ ၄၅ ဦးရှိခဲ့ပြီဖြစ်သည်။ လက်ရှိတွင် မြဝတီခရိုင်‌ဆေးရုံ၊ သဃင်္န်းညီ‌နောင်တိုက်နယ်‌ဆေးရုံနှင့် ကိုဗစ်စင်တာ ၂ ခု တို့တွင် ကုသဆဲ လူနာ ၄၉၄ ဦးရှိ‌နေ‌ကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။

၎င်းအပြင် ‌မြေပြင်အ‌ခြေအ‌နေတွင် အနံ့‌ပျောက်ဖျားနာ‌နေသူများ ရပ်ကွက်တိုင်း၊ လမ်းတိုင်းလိုလိုတွင် ရှိ‌နေပြီး ‌သေဆုံးမှုများလည်းရှိ‌နေ‌ကြောင်း သိရသည်။