Home သတင်း ကရင့်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့ (KNDO-Karen National Defense Organization) ဖွဲ့စည်းတည်‌ထောင်ခြင်း

ကရင့်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့ (KNDO-Karen National Defense Organization) ဖွဲ့စည်းတည်‌ထောင်ခြင်း

2782
Photo: KNDO

ကရင့်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့
(KNDO-Karen National Defense Organization)
ဖွဲ့စည်းတည်‌ထောင်ခြင်း

၁၉၄၇ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်‌နေ့တွင် ‌ကေအဲန်ယူ၊ ဗဟိုအလုပ်အမူ‌ဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် မန်းဘဇန်သည် ‌ကေအဲန်ဒီအို‌ခေါ် ကရင်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့ကို ဦး‌ဆောင်ဦးရွက်ပြုခဲ့ပြီး ဖွဲ့စည်းခဲ့‌လေသည်။

‌ကေအဲန်ဒီအိုအား ဖွဲ့စည်းတည်‌ထောင်ခဲ့ရခြင်း၏ အ‌ကြောင်းရင်းများမှာ –
(၁) ကရင်အမျိုးသား၏လှုပ်ရှားမှုသည် တ‌နေ့ မုချ လက်နက်ကိုင်တိုက်ပွဲအဆင့်သို့ ‌ရောက်ရှိမည်ဖြစ်သဖြင့် အန္တရာယ် များ ကာကွယ်ရန်နှင့် ကြိုတင်ပြင်ဆင်မှုပြုရန်
(၂) လက်ရှိ ဖြစ်‌ပေါ်‌နေ‌သော အ‌ခြေအ‌နေအရ ကရင်အမျိုးသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်‌စောင့် ‌ရှောက်ရန်
(၃) ကရင်အမျိုးသားများအား နိုင်ငံ‌ရေးအရ စည်းရုံးသည်ထက် လက်နက်ကိုင်ရန် စည်းရုံးသည်က ပိုမိုထိ‌ရောက်ကျယ် ပြန့်သည်။ ‌ကေအဲန်ဒီအိုသည် ကရင့်လွတ်လပ်မှုအတွက် ‌ကျောရိုးဖြစ်၏။ ‌ကေအဲန်ဒီအိုကို ဖွဲ့စည်းလာ‌သော‌ကြောင့် ကရင်များသည် ပိုမို နိုးကြားတက်ကြွလာကြသည်။ ‌ကေအဲန်ဒီအိုလုပ်ငန်းအတွက် ကရင်လူထု၏ ‌ထောက်ခံအား‌ပေးမှု ကို ရရှိသည်။ ကရင်လူထုကိုလည်း ကာကွယ်‌စောင့်‌ရှောက်နိုင်ခဲ့သည်။ တချိန်တည်းတွင် ‌ကေအဲန်ယူ၏ ‌ခေါင်း‌ဆောင်မှု သည် ပိုမို ကြံ့ခိုင်‌ကောင်းမွန်လာ‌စေသည်။

‌ကေအဲန်ဒီအိုကို ရန်ကုန်အလုံ၊ ဆရာဗင်တန်ခန်းမ၌ အစည်းအ‌ဝေးထိုင်ပြီး ဖွဲ့စည်းခဲ့ရာတွင် နယ်‌မြေအလိုက် တာဝန် ‌ပေးခန့်အပ်မှုများ ရှိခဲ့သည်။ နယ်‌မြေများကို ခရိုင်အလိုက် သတ်မှတ်ထားရှိပြီး နယ်‌မြေ‌ခေါင်း‌ဆောင်များကို ‌အောက်ပါ အတိုင်း သ‌ဘောတူ တာဝန်‌ပေးကြသည်။
အ‌ရှေ့တိုင်း (၁) ‌တောင်ငူ – မီးဒရယ်
(၂) ‌ညောင်‌လေးပင် – ‌အောင်စိန် (ပဲခူးခရိုင်ဖြစ်ပြီး ‌ရွှေကျင်၊ ‌ကျောက်ကြီး သုံးမြို့နယ် ပါဝင်သည်။)
(၃) သထုံခရိုင် – ဗိုလ်ကြီး‌မောင်ညွန့် (ဖားအံအပါ)
(၄) ‌မော်လမြိုင်(ကျိုက္ခမီ) – တကယ်
(၅) ဘိတ်/ထားဝယ် – ‌စောနယ်လ်ဆင်ကဲ
(၆) ရှမ်းပြည်နယ်နှင့်အထက် – ဝီးဒါ
(၇) ကရင်နီ – ‌ထောပလို
မြစ်ဝကျွန်း‌ပေါ်(၈) အင်းစိန် – စ‌ကော‌မော‌လေး
(၉) ပြည်နှင့် သာယာဝတီ – ဗိုလ်ပန်းကိုင်
(၁၀) ဟံသာဝတီ – ဗိုလ်တိုး
(၁၁) ဟသင်္ာတ – ဗိုလ်‌ဆောက်
(၁၂) မအူပင် – ထွန်းလှ‌အောင်
(၁၃) ပုသိမ် – ဆရာသာဆန်း
(၁၄) ‌မြောင်းမြ – ‌စောဘ‌ကျော်
(၁၅) ဖျာပုံ – ဆရာဧ‌မောင် တို့ဖြစ်ကြသည်။

သ‌ဘောတူညီချက်များရှိသည့်အတိုင်း အမျိုးသားတစ်ရပ်လုံးအတွက် (KNDO)ကို ဖွဲ့စည်းရာတွင် အကျယ်အပြန့် ‌နေရာ အနှံ့ ကရင်အမျိုးသားများရှိသည့် အရပ်‌ဒေသတိုင်း ဖွဲ့စည်းနိုင်ခဲ့ပြီး ကရင်အမျိုးသားများအား ထိ‌ရောက်စွာ ကာကွယ် နိုင်ခဲ့သည်။
# ဖူးစ‌ကောလယ်‌တော၏ “ကရင့်‌တော်လှန်‌ရေးသမိုင်း” စာအုပ်မှ ထုတ်နှုတ်ထားသည်။

ကရင်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့(KNDO) ‌ခေါင်း‌ဆောင်များ
– ပဒိုမန်းဘဇန်
– ဖူးစ‌ကော‌မော‌လေး
– ပဒို‌စော‌ဘောယူ‌ဖော
– ဗိုလ်မှူးချုပ်မန်း‌ကျော်‌သောင်း
– ဗိုလ်မှူးချုပ်မန်း‌ကျော်‌ဖေ
– ဗိုလ်မှူးချုပ်‌စောနယ်ဒါးမြ