Home သတင်း မြဝတီနယ်စပ် ဖလူးတိုက်ပွဲ ဂယက်‌ကြောင့် ထိုင်းဘက်သို့ စစ်‌ရှောင်‌နေသူများ ‌နေရပ်ပြန်လာ

မြဝတီနယ်စပ် ဖလူးတိုက်ပွဲ ဂယက်‌ကြောင့် ထိုင်းဘက်သို့ စစ်‌ရှောင်‌နေသူများ ‌နေရပ်ပြန်လာ

1892

ဇွန်လ ၅ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

မြဝတီနယ်စပ်ဖလူးတိုက်ပွဲ ဂယက်‌ကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ စစ်‌ရှောင်‌နေသူ ၇၀ဝ ခန့်မှာ ယ‌နေ့ ဇွန်လ ၅ ရက် ‌နေ့လည်ပိုင်းမှစ၍ ပြည်တွင်း ‌နေရပ်ကို ပြန်လည် ဝင်‌ရောက်လာပြီး ဖြစ်‌ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁ ရက်‌နေ့မှစ၍ (၄) ရက်အကြာ စစ်‌ရှောင်‌နေရပြီး‌နောက် ယ‌နေ့ ‌နေ့လည်ပိုင်းတွင် ထိုင်းဘက်ခြမ်း မဲ့ခိုကင်းရွာရှိ ယာယီစစ်‌ရှောင်စခန်းမှ ပြည်တွင်း‌နေရပ်သို့ ပြန်လာကြခြင်းဖြစ်သည်။

ကရင်ပြည်နယ်၊ မြဝတီမြို့၏ ‌တောင်ဘက် ၁၂ မိုင်ခန့်အကွာ ဖလူး‌ကျေးရွာအနီးတွင်
ပြီးခဲ့သည့် ဇွန်လ ၁ ရက်‌နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ ဇွန်လ ၂ ရက် ည‌နေ ၄ နာရီထိ စစ်‌ကောင်စီတပ် ၊ BGF ပူး‌ပေါင်းအဖွဲ့နှင့် ဗိုလ်ချုပ်‌ကျော်သက် ဦး‌ဆောင်‌သော ခွဲထွက် DKBA နှင့်အတူ မဟာမိတ်ပူး‌ပေါင်းအဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ယင်း တိုက်ပွဲဂယက်‌ကြောင့် ဖလူးကြီး၊ ဖလူး‌လေးရွာနှင့် အနီးဝန်းကျင် ‌ကျေးရွာများမှ ‌ဒေသခံပြည်သူ ၇၀ဝ ‌ကျော်ခန့် မှာ ထိုင်းနိုင်ငံဘက်ခြမ်း မဲ့ခိုကင်း ‌ကျေးရွာရှိ နွားတင်းကုတ် ‌နေရာသို့ သွား‌ရောက် တိမ်း‌ရှောင်‌နေမှုများ ရှိသလို နီးစပ်ရာ အနီးဝန်းကျင်ရှိ ‌ကျေးရွာများသို့လည်း စစ်‌ရှောင်‌ပြေးမှုများ ရှိခဲ့သည်။

၎င်းအပြင် ဇွန်လ ၃ ရက်‌နေ့ က ‌ဝေါ‌လေမြို့အထွက် ကနဲ‌လေးရွာဘက်တွင်လည်း KNDO အဖွဲ့နှင့် စစ်‌ကောင်စီတပ်တို့ ထိ‌တွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့၍ ‌ဒေသခံပြည်သူ များမှာ ယ‌နေ့ အထိ ဘုန်းကြီး‌ကျောင်းနှင့် နီစပ်ရာသို့ စစ်‌ပြေးတိမ်း‌ရှောင်‌နေရ‌ကြောင်း သိရသည်။