Home သတင်း ကရင်ပြည်နယ်တွင် လူကြိုက်များသည့် ထိုင်းဘီယာများပြတ်လပ်‌နေ

ကရင်ပြည်နယ်တွင် လူကြိုက်များသည့် ထိုင်းဘီယာများပြတ်လပ်‌နေ

3319

‌မေလ ၆ ရက်၊ ၂ဝ၂ဝ ပြည့်နှစ်။ ‌စောမြတ်ဦးသာ

COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်‌ရောဂါကာကွယ်သည့် ကာလအတွင်း ကရင်ပြည်နယ် မြို့နယ်အသီးသီးတွင် ထိုင်းနိုင်ငံ နယ်စပ်မှ တင်သွင်းလာသည့် ဘီယာ အ‌ဖျော်ယမကာရည်အများစုမှာ ဧပြီလ ‌နောက်ဆုံးပတ်မှစပြီး ပြတ်လပ်သွား‌ကြောင်း စားသုံးသူများက ‌ပြောသည်။

ထိုင်းနိုင်ငံနယ်စပ်တွင် တင်သွင်းသည့် LEO၊ CHANG၊ SINGER တံဆိပ်ပါ ဘီယာများ အခြားဘီယာများထက် ‌ဈေးနှုန်းချိုသာ သည့်အတွက် စားသုံးမှုပိုများလာပြီး တင်သွင်းမှုအခက်အခဲရှိသည့်အတွက် ဆိုင်များတွင် ဘီယာလုံးဝပြတ်လပ်သွားသည်ဟု ကုန်စုံဆိုင်ကြီးများထံမှ သိရသည်။

ဖားအံမြို့ခံ ‌စောသားကြီးက “ ဒီကဘီယာ‌တွေထက် ထိုင်းကလာတဲ့ဘီယာက ‌ဈေးချိုတယ်‌လေ။ ခုလိုခက်ခဲတဲ့ကာလမှာ ‌ဈေး နည်းတာကို ပို‌ရွေးချယ်ကြတယ်။ ဒီမှာက ၅ ရက်‌လောက်ရှိသွားပြီး ဆိုင်‌တွေမှာ ဝယ်လို့မရ‌တော့တာ‌ပေါ့‌နော်။ အဓိက Leo ၊ Chang တံဆိပ်‌တွေက လူပိုကြိုက်များတယ်”ဟု ‌မေလ ၅ ရက်‌နေ့ ‌ကေအိုင်စီသို့ ‌ပြောသည်။

ကိုဗစ်‌ရောဂါ ကာကွယ်သည့်ကာလအတွင်း ကရင်ပြည်နယ် ထိုင်း-မြန်မာနယ် အမှတ် ၂ မြဝတီချစ်ကြည်‌ရေးတံတား တွင် တရားဝင် ကုန်ပစ္စည်းများကို တရားဝင်တင်ပို့ခွင့်ရှိ‌သော်လည်း တားမြစ်ထားသည့် ဘီယာအပါအဝင် တားမြစ်ထားသည့် အ ‌ဖျော်ယမကာရည်နှင့် အခြားကုန်ပစ္စည်းအချို့မှာ အခြားနယ်စပ်ဂိတ်ဝင်‌ပေါက်များတွင် တင်သွင်းမှုခက်ခဲသွားသည့်အတွက် ‌ဈေးကွက်ထဲ ဘီယာရှားပါးသွားခြင်းဖြစ်သည်ဟု ကုန်သည်များထံမှ သိရသည်။

“ ထိုင်းကဘီယာ‌တွေ ဝယ်လို့မရ‌တော့ဘူး။ ပစ္စည်းပြတ်သွားတာ တစ်ပတ်‌လောက်ရှိပြီ။ တရားမဝင်တာလည်း ပါ‌တော့ ‌ပေါ့‌လေ‌နော်။ ‌ဈေးနှုန်းနည်း‌တော့ လူ‌တွေပိုကြိုက်ကြတယ်” ဟု ကုန်စုံဆိုင်ပိုင်ရှင် ကို‌ဇော်နိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာအစိုးရအ‌နေဖြင့် ထိုင်းနိုင်ငံမှ အရက်၊ ဘီယာများ တင်သွင်းမှုကို တားမြစ်ထားပြီး နယ်စပ်မှ နည်းမျိုးစုံဖြင့် တရား မဝင်တင် သွင်းလာသည့် ဘီယာအများစုမှာ ဧပြီလအတွင်း တစ်ဗူးလျှင် ၇ဝဝ ဝန်းကျင်သာရှိခဲ့ရာမှ လက်ရှိ‌ဈေးကွက်များတွင် ၁ ဗူးလျှင် ၁,၀၀ဝကျပ် အထိ ‌ဈေးနှုန်းရှိသည်ဟု စားသုံးသူများထံမှ သိရသည်။