Home သတင်း UN ၏ ထုတ်ပြန်ချက်အ‌ပေါ် ကရင်အမျိုးသမီးအစည်းအရုံး ကြိုဆို‌ထောက်ခံ

UN ၏ ထုတ်ပြန်ချက်အ‌ပေါ် ကရင်အမျိုးသမီးအစည်းအရုံး ကြိုဆို‌ထောက်ခံ

2698

ဩဂုတ်လ ၆ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

သီးခြားလွတ်လပ်သည့် ကုလသမဂ္ဂအချက်အလက်ရှာအဖွဲ့၏ မြန်မာစစ်တပ်နှင့် ဆက်စပ်စီးပွား‌ရေးလုပ်ငန်း များနှင့် အဆက်အသွယ်ဖြတ်‌တောက်ရန် နိုင်ငံတကာများအား တိုက်တွန်းချက်နှင့်ပတ်သက်ပြီး ယမန်‌နေ့ (ဩဂုတ် ၅ရက်)က ထုတ်ပြန်သည့် ကုလသမဂ္ဂလူ့အခွင့်အ‌ရေး‌ကောင်စီ၏ ထုတ်ပြန်ချက်အ‌ပေါ် ကရင် အမျိုးသမီးအစည်းအရုံး-KWOက သ‌ဘောထားထုတ်ကာ ကြိုဆို‌ထောက်ခံလိုက်သည်။

မြန်မာစစ်တပ်အပါအဝင် ၎င်းနှင့်ဆက်စပ်သည့် စီးပွား‌ရေးလုပ်ငန်း ကုမ္ပဏီများအ‌ပေါ် UN အချက်အလက်ရှာ အဖွဲ့၏ ‌ဖော်ပြချက်များနှင့် တိုက်တွန်းချက်များသည် KWO ၏ လိုလားချက်များနှင့်ကိုက်ညီခြင်း‌ကြောင့် ၎င်း ထုတ်ပြန်ချက်ကို ကြိုဆို‌ထောက်ခံရခြင်းဖြစ်သည်ဟု KWO၏ အတွင်း‌ရေးမှူး ‌နော်က‌ညော‌ဖောက ‌ကေ အိုင်စီသို့ ‌ပြောသည်။

၎င်းက “ကျမတို့ KWOအ‌နေနဲ့ တိုင်းရင်းသား ပြည်သူ‌တွေအ‌ပေါ် အကြမ်းဖက်နှိပ်ကွပ်မှုအများဆုံးလုပ်တဲ့ စစ်တပ်အ‌ပေါ်မှာ အမြဲတမ်း ကန့်ကွက်ရှုတ်ချခဲ့သလိုပဲ စစ်တပ်ကို ဖိအား‌ပေးဖို့ အမြဲတမ်းလိုလားခဲ့တာဖြစ် တယ်။ စစ်တပ်ကပဲ အာဏာရယူထားပြီး သူတို့‌ကြောင့်ပဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုမရှိခဲ့တာ‌ကြောင့် ဒီ UN ရဲ့ စစ်တပ်နဲ့ ဆက်စပ်တဲ့ စီးပွား‌ရေးလုပ်ငန်း‌တွေနဲ့ ပူး‌ပေါင်းလုပ်‌ဆောင်မှု‌တွေကို ဖြတ်‌တောက်ဖို့ တိုက်တွန်းတဲ့ ထုတ်ပြန်ချက်က ကျမတို့ရဲ့ လိုလားချက်နဲ့ ထပ်တူကျပါတယ်”ဟု ‌ပြောသည်။

တပ်မ‌တော် စီးပွား‌ရေးလုပ်ငန်းများကရသည့် ဝင်‌ငွေနှင့် လက်နက်များ‌ကြောင့် တပ်မ‌တော်အ‌နေဖြင့် ဆိုးရွား သည့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရ‌နေခြင်းဖြစ်သည့်အတွက် မြန်မာစစ် တပ်နှင့်ဆက်စပ်မှုရှိသည့် စီးပွား‌ရေး လုပ်ငန်းများဖြစ်‌သော မြန်မာ့စီးပွား‌ရေးဦးပိုင်လီမီတက်နှင့် မြန်မာ့စီးပွား ‌ရေး‌ကော်ပို‌ရေးရှင်းတို့၏ လက်ရှိလုပ်ငန်းများနှင့် အဆက်အသွယ် ဖြတ်‌တောက်ရန် သီးခြားလွတ်လပ်သည့် ကုလသမဂ္ဂအချက်အလက်ရှာအဖွဲ့က တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

မြန်မာ့စီးပွား‌ရေး ဦးပိုင်လီမီတက်နှင့် မြန်မာ့စီးပွား‌ရေး ‌ကော်ပို‌ရေးရှင်းတို့သည် မြန်မာစစ်တပ်ထိပ်ပိုင်း‌ခေါင်း ‌ဆောင်များက အဓိက လွှမ်းမိုးပိုင်ဆိုင်ထားကြပြီး ၎င်းလက်‌အောက်ရှိ ကုမ္ပဏီ‌ပေါင်း ၁၄၀‌ကျော်သည် ‌ဆောက် လုပ်‌ရေး၊ ခရီးသွားလုပ်ငန်း၊ ဘဏ်လုပ်ငန်း စသည်တို့အပြင် ‌ကျောက်မျက်ရတနာထုတ်လုပ်ခွင့် လိုင်စင်များကို ချုပ်ကိုင်ထားကာ ဝင်‌ငွေအ‌မြောက်အများရရှိကြသည်ဟု UN အချက်အလက်ရှာ‌ဖွေအဖွဲ့၏ အစီရင်ခံစာထုတ် ပြန်မှု၌ ပါရှိသည်။

၎င်းဝင်‌ငွေအ‌မြောက်အများရရှိသည့် စီးပွား‌ရေးလုပ်ငန်းများအ‌ပေါ် ကုလသမဂ္ဂလုံခြုံ‌ရေး‌ကောင်စီနှင့် ၎င်းအဖွဲ့ဝင် နိုင်ငံများအ‌နေဖြင့် ချက်ချင်းပစ်မှတ်ထား ပိတ်ဆို့မှုများ ပြုလုပ်ရန်ကိုလည်း ၎င်းအချက်အလက်ရှာ‌ဖွေ အဖွဲ့က တိုက်တွန်းထားသည်။

ထို့အပြင် နိုင်ငံ‌ပေါင်း ၇ နိုင်ငံမှ အနည်းဆုံး နိုင်ငံခြားကုမ္ပဏီ ၁၄ ခုခန့်က ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ကာလများတွင် တိုက်ခိုက်‌ရေး ဂျက်‌လေယာဉ်များ၊ သံချပ်ကာ စစ်ယာဉ်များ၊ မစ်ဆိုင်းဒုံးလက်နက်များကို တပ်မ‌တော်သို့ ‌ထောက်ပံ့မှုများရှိခြင်းအ‌ပေါ် လက်နက်ကုန်သွယ်မှုပိတ်ပင်ခြင်းကိုလည်း ပြုလုပ်‌ပေးရန် ‌တောင်းဆိုထားသည်။

အလားတူ ပြီးခဲ့သည့်လပိုင်းတွင်လည်း အ‌မေရိကန်အစိုးရမှ မြန်မာစစ်တပ်ထိပ်ပိုင်း ‌ခေါင်း‌ဆောင်များနှင့် ‌ဆွေမျိုးများကို ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းပြုလုပ်ခဲ့‌သေးပြီး ၎င်းပိတ်ဆို့မှုအပြင် စီးပွား‌ရေး ပိတ်ဆို့မှုများကိုလည်း ပြုလုပ်‌ပေးရန် KWOက UNထုတ်ပြန်ချက်နှင့်ဆက်စပ်ပြီး ဆက်လက် ‌မေတ္တာရပ်ခံထားသည်။

ထိုသို့ UN၏ ‌တောင်းဆို တိုက်တွန်ချက်များအ‌ပေါ် ကရင်အမျိုးသမီးအစည်းအရုံးမှ ကြိုဆို‌ထောက်ခံသလို အ ခြား‌သော နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အစိုးရများအ‌နေဖြင့်လည်း အ‌ရေးယူ‌ဆောင်ရွက်မှုများကို လုပ်‌ဆောင် ရန်အပြင် ကုလသမဂ္ဂအချက်အလက်ရှာ‌ဖွေအဖွဲ့၏ အကြံပြုချက်များအ‌ပေါ် လိုက်ပါ‌ဆောင်ရွက်ရန်ကိုပါ KWO က တိုက်တွန်းလိုက်သည်။