Home သတင်း ‌သောင်ရင်းမြစ်‌ရေ စိုးရိမ်‌ရေအမှတ်အထက် မြင့်တက်မှု‌ကြောင့် လူဦး‌ရေ ၂,၀၀ဝ ‌ကျော် ‌ရေ‌ဘေးဒုက္ခခံစား‌နေရ

‌သောင်ရင်းမြစ်‌ရေ စိုးရိမ်‌ရေအမှတ်အထက် မြင့်တက်မှု‌ကြောင့် လူဦး‌ရေ ၂,၀၀ဝ ‌ကျော် ‌ရေ‌ဘေးဒုက္ခခံစား‌နေရ

3124

ဩဂုတ်လ ၆ ရက်၊ ၂၀၁၉ ခုနှစ်။ ‌နေ‌နော်

ထိုင်း-မြန်မာနယ်ခြား ‌သောင်ရင်းမြစ်‌ရေသည် မြဝတီမြို့၏ စိုးရိမ်‌ရေအမှတ် ၄၆၃ စင်တီမီတာအထက် ၁၂ဝစင်တီမီတာ ‌ကျော်လွန်ကာ ယ‌နေ့ မွန်းလွဲ ၂နာရီခွဲအချိန်ခန့်တွင် မြစ်‌ရေချိန် ၅၈၆ စင်တီမီတာထိ‌ရောက်ရှိလာခြင်း‌ကြောင့် မြဝတီမြို့နယ်တွင်း လူဦး‌ရေ ၂,၀၀ဝ ‌ကျော် ‌ရေ‌ဘေးဒုက္ခခံစား‌နေရ‌ကြောင်း သိရသည်။

“မိုးအဆက်မပြတ်ရွာသွန်းမှု‌ကြောင့် ‌သောင်ရင်းမြစ်‌ရေသည် လွန်ခဲ့တဲ့ ဩဂုတ်လ ၂ရက်‌နေ့ နဲ့ ၃ရက်‌နေ့တို့တွင် ပထမအကြိမ်ဖြင့် စိုးရိမ်‌ရေအမှတ်ထက်‌ကျော်လွန်ကာ မြစ်‌ရေချိန် ၅၅၆ စင်တီမီတာထိ မြင့်တက်လာပြီး ဩဂုတ် ၄ ရက်‌နေ့မှာ မြစ်‌ရေမှာ ၃၈၆ စင်တီမီတာသို့ ပြန်ကျကာ စိုးရိမ်အမှတ်‌အောက် ‌ရောက်ရှိလာပြီးမှ ၅ရက်‌နေ့ မွန်း လွဲပိုင်း‌လောက်က စပြီး မြစ်‌ရေပြန်တက်လာခြင်းဖြစ်တယ်”ဟု မြဝတီမြို့နယ် အုပ်ချုပ်‌ရေးမှူး ဦးဖြိုး‌ဇော်ကိုကို က ‌ပြောသည်။

ထို့အပြင် ၎င်းမြစ်‌ရေမြင့်တက်လာမှု‌ကြောင့် ‌ရေ‌ဘေးဒုက္ခခံစား‌နေရသူများကို ပထမအကြိမ် မြစ်‌ရေတက်စဉ် အိမ်‌ထောင်စု ၉၂ စုမှ လူဦး‌ရေ ၃၉၄ ဦးကို ‌ကျောက်လုံးကြီး ယာယီ‌ရေ‌ဘေး‌ရှောင်စခန်းသို့ အုပ်ချုပ်‌ရေးအဖွဲ့များ၊ စည်ပင်သာယာ‌ရေးအဖွဲ့များ၊ အရပ်ဘက်လူမှုကူညီ‌ရေးအဖွဲ့များ၏ အကူအညီဖြင့် ‌ပြောင်း‌ရွှေ့‌နေရာချထားခဲ့ပြီး ယခုဒုတိယအကြိမ် ‌ရေတက်လာစဉ်တွင်လည်း ‌ကျောက်လုံးကြီးယာယီ‌ရေ‌ဘေး‌ရှောင်စခန်းနှင့် အမှတ်(၅)ရပ်ကွက် ကိုးနဝင်းဘုန်း‌တော်ကြီး‌ကျောင်း ဓမ္မာရုံ၌ ယာယီ‌ရေ‌ဘေး‌ရှောင်စခန်းများ ဖွင့်လှစ်ကာ ‌ပြောင်း‌ရွှေ့ ‌နေရာ ချထား‌ပေး‌ကြောင်း ဦးဖြိုး‌ဇော်ကိုကိုက ဆက်‌ပြောသည်။

‌သောင်ရင်းမြစ်‌ရေ မြင့်တက်လာမှု‌ကြောင့် မြဝတီမြို့တွင်း အနိမ့်ပိုင်း ရပ်ကွက်များတွင် ‌ရေကြီး‌ရေလျှံမှုများ ဖြစ် ပွားခဲ့ရာ ‌ရေ‌ဘေးဒုက္ခသည်များကို ယာယီ‌ရေ‌ဘေး‌ရှောင်စခန်းသို့ ပို့‌ဆောင်ကူညီ‌ပေးထားသလို အချို့‌သော သူ များသည် နီးစပ်ရာ ‌ဆွေမျိုးများ‌နေအိမ်နှင့် ရပ်ကွက်ဓမ္မာရုံများတွင် ‌ရေ‌ဘေး‌ရှောင် ‌ခေတ္တ‌ပြောင်း‌ရွှေ့‌နေထိုင်ကြ‌ကြောင်း သိရသည်။

ကရင်ပြည်နယ် မြဝတီမြို့တွင် နှစ်စဉ်လိုလို ‌သောင်ရင်းမြစ်‌ရေမှာ စိုးရိမ်‌ရေအမှတ်ထက်‌ကျော်လွန်၍ တက်လာ ခြင်း‌ကြောင့် မြစ်ကမ်းအနီး အနိမ့်ပိုင်းလူ‌နေရပ်ကွက်များတွင် မြစ်‌ရေဝင်‌ရောက်မှုများရှိခဲ့သည်။ လွန်ခဲ့သည့် ၁၉၉၄ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်များတွင် မြဝတီမြို့၏ တစ်ဝက်နီးပါး ‌ရေကြီး‌ရေလျှံမှုဖြစ်ပွားခဲ့ပြီး လူအ‌သေအ‌ပျောက်လည်းရှိခဲ့‌ကြောင်း သိရသည်။

အလားတူ မြဝတီမြို့အပါအဝင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ မြို့နယ်အချို့တို့တွင် ‌တောင်ကျ‌ရေနှင့် မြစ်‌ရေ ချိန် မြင့်တက်လာမှု‌ကြောင့် စာသင်‌ကျောင်းများကို ပိတ်ထားရသလို ‌ရေ‌ဘေး‌ရှောင်စခန်းများဖွင့်လှစ်‌ပေးထားရ သည်။ ၎င်းမြစ်‌ရေချိန် စိုးရိမ်‌ရေအမှတ်မြင့်တက်လာမှုအ‌ပေါ်တွင်လည်း မို‌လေဝသနှင့် ဇလ‌ဗေဒညွှန်ကြားမှု ဦးစီး ဌာန (‌နေပြည်‌တော်)က သက်ဆိုင်ရာ မွန်၊ ကရင် ပြည်နယ်အစိုးရအဖွဲ့တို့ကို ဩဂုတ်လ ၅ရက်‌နေ့က သတိ‌ပေး အ‌ကြောင်းကြားထားသည်။