Home သတင်း ဇမိမြစ်‌ရေတိုးလာမှု‌ကြောင့် ကြာအင်းဆိပ်ကြီးမြို့‌ပေါ် အိမ်‌ထောင်စု ၇၆ စု ယာယီ‌ရွှေ့‌ပြောင်းရ

ဇမိမြစ်‌ရေတိုးလာမှု‌ကြောင့် ကြာအင်းဆိပ်ကြီးမြို့‌ပေါ် အိမ်‌ထောင်စု ၇၆ စု ယာယီ‌ရွှေ့‌ပြောင်းရ

3177

ဩဂုတ် ၆ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ဩဂုတ်လ ၁ ရက်‌နေ့ကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှု‌ကြောင့် ဇမိမြစ် ‌ရေတိုးလာပြီး လူ‌နေအိမ်အချို့ ‌ရေဝင်‌ရောက်လာသည့်အတွက် ‌ဘေးလွတ်ရာသို့ ယာယီ‌ရွှေ့‌ပြောင်း‌နေထိုင်ကြရသည်ဟု ‌ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၂ ရက်‌နေ့က ဇမိမြစ်‌ရေလျှံတက်လာပြီး ကြာအင်းဆိပ်ကြီးမြို့ အမှတ် ၆ ရပ်ကွက်မှ လူ‌နေအိမ်များတွင် ‌ရေဝင် ‌ရောက်လာသည့်အတွက် အိမ်‌ထောင်စု ၇၆ စုမှ လူဦး‌ရေ ၃၃ဝ ဦးမှာ ကိုယ်ထူကိုယ်ထ ယာယီတဲထိုးပြီး ‌ရွှေ့‌ပြောင်း‌နေထိုင်ကြရ သည်ဟု ကြာအင်းဆိပ်ကြီးမြို့ လူမှုကယ်ဆယ်‌ရေးအသင်းထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့‌နေ လူမှုကယ်ဆယ်‌ရေးအသင်းဝင် နိုင်လင်း‌အောင်က “အိမ်‌ခြေ ၇၆ အိမ်‌ထောင်စု၊ လူဦး‌ရေ ၃၃ဝ ယာယီ ‌ရွှေ့ ‌ပြောင်း‌နေကြရတယ်။ ဘိုတဲ‌နေရာမှာ‌ရော၊ ရာဘာခြံကုန်းမှာ‌ရော ယာယီ‌နေထိုင်ဖို့ တဲထိုး‌နေကြတယ်။ အလှူရှင်‌တွေ က‌နေပြီး ‌တော့ စားစရာ‌တွေ သွား‌ဝေ‌ပေးထားတယ်” ဟု ဩဂုတ်လ ၆ ရက်(ယ‌နေ့)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ဇမိမြစ်‌ရေသည် ‌ရေအမြင့် ၂၈ ‌ပေ ၅ လက်မသို့‌ရောက်ရှိလာပြီး ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းမကြီးရှိ ‌ချောင်းဝတံတား ‌နေရာတွင် လမ်းမ‌ပေါ်‌ရေ‌ကျော်လာသည့်အတွက် ကားငယ်‌လေးများ သွားလာမရ‌တော့သည့်အပြင် ‌အောက်သကင်္န်း‌ချောင်နှင့် မရိကလပ်ရွာထိပ်အ‌ကွေ့တွင် ကားလမ်းမ‌ပေါ် ‌ရေအမြင့် ၂ ‌ပေ‌ကျော်ရှိလာသဖြင့် မဲသ‌ရောလမ်းမကြီးဘက်သို့ ခရီးသည်များ ‌ကွေ့ပတ်သွားလာ‌နေရသည်ဟု ‌ဒေသခံများက ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် အုပ်ချုပ်‌ရေးမှူး ဦး‌ကျော်စိုးဦးက “‌ရေမတိုးဘူး‌လေ။ မိုးကလည်းပြတ်‌နေပြီးဆို‌တော့ ‌ရေကျသွားမှာပါ။ အမှတ် ၆ ရပ်ကွက်အချို့ ကျူး‌ကျော်‌တွေ နဂိုကတည်းက ‌ရေတိမ်ပိုင်းမှာ‌နေတာ ဒါကြီးကို စာဖွဲ့‌နေ‌နေလို့‌တော့ ဘယ်ရမလဲ။ ယာ ယီတဲ‌လေး‌တွေက ခုမှ‌ဆောက်တာ မဟုတ်ဘူး‌လေ။ ဇမိမြစ်‌ရေမတက်ခင်ကတည်းက အ‌ပေါ်မှာ ‌ဆောက်ထားတာ‌လေ။ ‌ရေ‌ဘေး ဆိုပြီး‌တော့ သွားဆိုလို့ မရဘူး။ သူတို့‌နေတဲ့‌နေရာက နဂိုကတည်းက အနိမ့်ပိုင်းမှာ ‌နေတာကိုး။ မနှစ်က ‌ရေအ‌နေထား‌တောင် မ ‌ရောက်တဲ့အ‌နေအထားမျိုးဆို‌တော့ ဘာမှသိပ်ပြီး‌တော့ လုပ်‌ပေးစရာမလို‌သေးဘူး” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဩဂုတ်လ ၁ ရက်‌နေ့မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှု‌ကြောင့် ဇမိမြစ်နှင့် ဝင်း‌ရော် ‌ချောင်း ‌ရေလျှံမှုဖြစ်လာပြီး ‌မြေနိမ့်ပိုင်း‌ကျေးရွာအချို့ ‌ရေနစ်မြှုပ်မှုဖြစ်ပွားသလို လယ်စိုက်ဧကများလည်း ‌ရေမြှုပ်လျက်ရှိပြီး လမ်းမကြီး အချို့‌ရေ‌ကျော်မှုဖြစ်သည့်အတွက် သွားလာ‌ရေး ခက်ခဲမှုဖြစ်‌နေသည်ဟု လူမှုအဖွဲ့အစည်းများထံမှ သိရသည်။