Home သတင်း ဖားအံတွင် ကယ်ဆယ်‌ရေးစခန်း ၁၂ ခု ဖွင့်ထားပြီး ‌ရေ‌ဘေး‌ရှောင်ဦး‌ရေ ၇,ဝဝဝ နီးပါးရှိ‌နေ

ဖားအံတွင် ကယ်ဆယ်‌ရေးစခန်း ၁၂ ခု ဖွင့်ထားပြီး ‌ရေ‌ဘေး‌ရှောင်ဦး‌ရေ ၇,ဝဝဝ နီးပါးရှိ‌နေ

2209

ဩဂုတ် ၇ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ‌ရေကြီးမှု‌ကြောင့် ကယ်ဆယ်‌ရေးစခန်း ၁၂ ခု ဖွင့်လှစ်ထားရပြီး ‌ရေ‌ဘေး‌ရှောင် ပြည်သူ ၇,ဝဝဝနီးပါးရှိ‌နေသည်ဟု ဖားအံမြို့နယ်၊ အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာန၏ ဩဂုတ် ၇ ရက် (ယ‌နေ့) စာရင်းအရ သိရသည်။

ဖားအံမြို့တွင် ဇူလိုင်လကုန်ပိုင်းမှစတင်၍ ယ‌နေ့အထိ ‌ရေကြီးမှုဖြစ်ပွားလျက်ရှိကာ ကယ်ဆယ်‌ရေးစခန်း ၁၂ ခုတွင် ‌ရေ‌ဘေး‌ရှောင်ပြည်သူ ၆,၆၃၁ ဦးရှိသည့်အနက် ၁၂ နှစ်‌အောက် က‌လေး ၂,၀၀၄ ဦး ပါဝင်‌နေသည်ဟု စာရင်းတွင် ‌ဖော်ပြထားသည်။

ယ‌နေ့ နံနက် ၁၁ နာရီအထိ ရရှိထား‌သော စာရင်းများအရ ဖားအံမြို့တွင် မိုးလုံ‌လေလုံ အားကစားရုံ၊ ‌ရွှေရင် ‌မျှော်၊ အစ္စလာမ်‌ကျောင်း၊ ‌အောင်သံလွင်အားကစားကွင်း၊ အ.လ.က(၆) ‌ကျောင်း၊ အ.ထက(၃)၊ အ.ထ.က(ခွဲ) ၃၊ အ.မ.က(၁၁)၊ Cyclone Shelter ၊ အ.မ.က(၅)၊ ဓမ္မပီယဘုန်းကြီး‌ကျောင်း၊ ‌လေသာဘုန်းကြီး‌ကျောင်း၊ စသည့် ‌ရေ‌ဘေး‌ရှောင်စခန်း ၁၂ ခုရှိ‌နေခြင်းဖြစ်သည်။

ကရင်ပြည်နယ်အတွင်း ဇူလိုင်လမှစတင်ကာ မိုးဆက်တိုက်ရွာသွန်းခဲ့ပြီး သံလွင်နှင့် ‌သောင်ရင်း မြစ်‌ရေ မြင့်တက်လာမှု‌ကြောင့် လှိုင်းဘွဲ၊ မြဝတီ၊ ဖားအံ၊ ‌ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး စသည့် မြို့နယ်တို့တွင် ‌ရေကြီးမှုအရှိန်မြင့်တက်လာခဲ့ခြင်းလည်း ဖြစ်သည်။

ကရင်ပြည်နယ်တွင် လက်ရှိ‌ရေကြီးမှုနှင့်ပတ်သက်၍ ပြည်နယ်၊ မိုး‌လေဝသနှင့် ဇလ‌ဗေဒဦးစီးဌာနမှ လက် ‌ထောက်ညွှန်ကြား‌ရေးမှူး ဦး‌အောင်ကိုကိုက “သတိ‌ပေးချင်တာက‌တော့ ကမ်းနားမှာ‌နေတဲ့သူ‌တွေနဲ့ ‌တောင်‌ပေါ် လမ်း‌တွေမှာ သွားလာ‌နေတဲ့သူ‌တွေအတွက် ‌မြေပြိုမှုအန္တရာယ်‌တွေ ဂရုစိုက်ကြဖို့‌ပေါ့။ ” ဟု ‌ကေအိုင်စီသို့ ဩ ဂုတ် ၆ ရက်(ယမန်‌နေ့)တွင် ‌ပြောသည်။

ကရင်ပြည်နယ်‌ရေကြီးမှု‌ကြောင့် အခြား‌သောမြို့နယ်များဖြစ်သည့် လှိုင်းဘွဲမြို့နယ်တွင် ကယ်ဆယ်‌ရေးစခန်း ၆ ခု၊ မြဝတီ ၁ ခု၊ ‌ကော့ကရိတ် ၁ ခုနှင့် ကြာအင်းဆိပ်ကြီးတွင်လည်း နီးစပ်ရာ‌ဆွေမျိုးအိမ်သို့ ‌ပြောင်း‌ရွှေ့‌နေထိုင် ‌နေ ကြသည်ဟု ကရင်ပြည်နယ် ‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ယမန်‌နေ့ စာရင်းအရ သိရသည်။