Home ဆောင်းပါး ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေးနှင့် တိုင်းရင်းသားတို့၏ အခွင့်အ‌ရေး

ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေးနှင့် တိုင်းရင်းသားတို့၏ အခွင့်အ‌ရေး

5381

မန်း‌အောင်ပြည်စိုး

ကျွန်ုပ်တို့၏နိုင်ငံတွင် လွတ်လပ်‌ရေးမရမီက ဗိုလ်ချုပ်‌အောင်ဆန်း ကြိုတင်‌ရေးဆွဲခဲ့‌သော ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေ၊ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီက ၁၉၇၄ ခုနှစ်တွင် ‌ရေးဆွဲပြဌာန်းခဲ့‌သော ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေနှင့် တပ် မ‌တော်အစိုးရမှ ‌ရေးဆွဲပြဌာန်းခဲ့‌သော ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေဟူ၍ အ‌ခြေခံဥပ‌ဒေ သုံးကြိမ် ‌ရေးဆွဲပြဌာန်းခဲ့‌ကြောင်း အားလုံးသိကြပြီးဖြစ်ပါသည်။

သို့ရာတွင် ပြည်သူတို့ အမှတ်တမဲ့ဖြစ်‌နေသည့် အချက်တစ်ရပ်မှာ ထိုဥပ‌ဒေသုံးခုစလုံးကို ပြင်ဆင်ခဲ့သည့်အချက် တစုံတရာ တစ် ကြိမ်တစ်ခါမျှ မရှိခဲ့ပဲ ၁၉၄၇ နှင့် ၁၉၇၄ ခုနှစ် ဥပ‌ဒေများကို အပြီးအပိုင် ရပ်စဲဖျက်သိမ်းခဲ့ခြင်းသာရှိ‌ကြောင်း သတိမူမိကြရန် ဖြစ် ပါသည်။

အိနိ္ဒယနိုင်ငံ ‌လေ့လာ‌ရေးခရီးစဉ်တစ်ခုမှ ‌မေးမြန်းသိရှိခဲ့ရသည့် အ‌ကြောင်းအချက်အရ ၁၉၄၇ခုနှစ်တွင် ပြဌာန်းအတည်ပြုခဲ့ ‌သော အိနိ္ဒယနိုင်ငံ၏ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို စာ‌ရေးသူတို့ ထိုနိုင်ငံ‌ရောက်ခဲ့သည့် ၂၀၁၆ ခုနှစ်အထိ နှစ်‌ပေါင်း (၇၀)နီးပါးအ တွင်း ဖျက်သိမ်းရပ်စဲခဲ့ဖူးခြင်းမရှိဘဲ (၁၀၃)ကြိမ်တိတိ ပြင်ဆင်ခဲ့ပြီး‌ကြောင်း ‌လေ့လာသိရှိရပါသည်။

လိုအပ်လျှင် လိုအပ်သလို ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး အ‌ခြေခံဥပ‌ဒေကို ပြုလွယ်ပြင်လွယ်‌အောင် ‌ရေးဆွဲပြဌာန်းခဲ့သည့် သ‌ဘောဖြစ် ‌ကြောင်း နားလည်ရပါသည်။ ယခုအခါ မိမိတို့၏ ၂၀၀၈ခုနှစ် အ‌ခြေခံဥပ‌ဒေကို ဖျက်သိမ်းရန် ပြင်ဆင်ရန် တင်ပြအဆိုပြု ‌ပြောဆို ‌ဆွေး‌နွေးလာကြသည်များလည်းရှိပါသည်။ အတည်ပြုပြဌာန်းပြီး‌သော ဥပ‌ဒေတစ်ရပ်ကို ပြင်ဆင်ရန် (သို့မဟုတ်) ဖျက်သိမ်းရန် ဟူသည့်ကိစ္စတွင် ထိုဥပ‌ဒေသည် တကယ်တမ်း ဖျက်သိမ်းရန် (သို့မဟုတ်) ပြင်ဆင်ရန် လိုအပ် မလိုအပ်သည်ကို ‌လေ့လာဆန်း စစ်ရပါမည်။ ‌ရွေး‌ကောက်ပွဲ ကတိကဝတ် တစ်ခုတည်း‌ကြောင့်သာမဟုတ်ပဲ အမှန်တကယ် ပြင်ဆင်ရန် (သို့မဟုတ်) ဖျက်သိမ်း ရန် လိုအပ်ခြင်း‌ကြောင့်သာလျှင် ဖြစ်ရပါမည်။

ရပ်စဲဖျက်သိမ်းခဲ့ပြီး‌သော ၁၉၄၇ ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေများနှင့် အသက်ဝင်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပါ ပြဌာန်းချက်များ သည် တိုင်းရင်းသားတို့အတွက် အခွင့်အ‌ရေး ဘယ်မျှရှိ၍ ဘယ်အတိုင်းအတာအထိ လုပ်ပိုင်ခွင့်များ ပါဝင်‌နေသည်ကို သမိုင်းဖြစ် ရပ်များအား ပြန်‌ပြောင်း ‌စောင်းငဲ့ကြည့်ရင်း သုံးသပ်တင်ပြလိုပါသည်။

မြန်မာပြည်လွတ်လပ်‌ရေးရရှိရန်အတွက် ဘိလပ်(လန်ဒန်) သို့ ဗိုလ်ချုပ်‌အောင်ဆန်း သွား‌ရောက်‌ဆွေး‌နွေး‌သောအခါ “‌အောင် ဆန်းဟာ ကျွန်ုပ်တို့ရဲ့ကိုယ်စားလှယ်မဟုတ်” ဟူ‌သော ‌ကြေးနန်းတစ်‌စောင်ကို ရှမ်း‌စော်ဘွားများက အဂင်္လိပ်အစိုးရထံ ရိုက်ပို့ သဖြင့် ဗိုလ်ချုပ်ခမျာ တိုင်းရင်းသားစည်းလုံးညီညွတ်ပြီး အတူတကွ လွတ်လပ်‌ရေးရရှိ‌အောင် ပင်လုံစာချုပ် ချုပ်ဆိုနိုင်‌ရေး ပြန် လည်လုံးပမ်းခဲ့ရပါသည်။

ခွဲခြားအုပ်ချုပ်ပုံစနစ်(Divide and Rule) အရ အဂင်္လိပ်တို့က ၎င်းတို့ သိမ်းပိုက်ပြီး‌သော မြန်မာနိုင်ငံကို ဥပ‌ဒေအမျိုးမျိုးဖြင့် ခွဲခြား အုပ်ချုပ်ခဲ့သည်။ ကချင်ပြည်‌ထောင်ကို ၁၈၉၄ခုနှစ်တွင် ‌ရေးဆွဲပြဌာန်းခဲ့‌သော” ကချင်‌တောင်တန်း‌ဒေသ ဖွဲ့စည်းအုပ်ချုပ်ပုံ စည်း မျဉ်းဥပ‌ဒေ” (1894 –Kachin Hills Regulation) ဖြင့်လည်း‌ကောင်း၊ ချင်းပြည်‌ထောင်ကို ၁၈၉၆ခုနှစ်တွင် ‌ရေးဆွဲပြဌာန်းခဲ့‌သော “ချင်း‌တောင်တန်း ‌ဒေသဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်း” (1896 – Chin Hills Regulation) ဖြင့်လည်း‌ကောင်း၊ ဖက်ဒရယ်ရှမ်းပြည် ‌ထောင်စုကို ၁၉၂၂ခုတွင် ပြင်ဆင်ပြဌာန်းခဲ့သည့် “ဖက်ဒရယ်ရှမ်းပြည်‌ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်း” (1922- Federal Shan State Act)ဖြင့်လည်း‌ကောင်း၊ ၁၉၃၅ ခုနှစ်တွင် ‌ရေးဆွဲပြဌာန်းပြီး ၁၉၃၇ ခုနှစ်၌ စတင်ကျင့်သုံးခဲ့သည့် “ဗမာပြည်အက် ဥပ‌ဒေ” (1935- Burma Act)ဖြင့်အုပ်ချုပ်သည့် ဗမာပြည်‌ထောင် ( Burma Proper or Ministerial Burma) ဖြင့်လည်း‌ကောင်း၊ သီးခြားလွတ်လပ်လျက် သီးခြားအ‌ခြေခံဥပ‌ဒေဖြင့် အုပ်ချုပ်ခဲ့‌သော ပြည်‌ထောင်စု(၄)ခုဖြစ်ပါသည်။

ထို့ပြင် ဗြိတိသျှ အစိုးရနှင့် မင်းတုန်းမင်းတို့၏ သ‌ဘောတူညီချက်အရ လွတ်လပ်‌သောပြည်‌ထောင်အဖြစ် ၁၈၇၅ခုနှစ်တွင် အသိအမှတ်ပြုခြင်းခံရ‌သော ကရင်နီ(ဝါ)ကယားပြည်‌ထောင်သည် ပင်လုံစာချုပ် ချုပ်ဆိုပြီး‌နောက်ပိုင်း ပြည်‌ထောင်စုအဖွဲ့ဝင် ဖြစ်လာပါသည်။ ပြည်‌ထောင်စု စတင်ဖွဲ့စည်းခဲ့စဉ်က အ‌ရေးအကြီးဆုံး အ‌ခြေခံမူတစ်ရပ်မှာ တိုင်းရင်းသားလူမျိုးအသီးသီးသည် အသစ်ဖွဲ့စည်းမည့် ပြည်‌ထောင်စုတွင် မိမိ၏ဆန္ဒအရသာ ပါဝင်နိုင်သည့် (Voluntary Association)ဟူ‌သော အချက်ဖြစ်ပါသည်။

မန်း‌နေပြည်‌တော် အပါအဝင် ‌အောက်မြန်မာပြည်တစ်ခုလုံးကို မြန်မာပြည်မ (Burma Proper) အ‌နေဖြင့် အဂင်္လိပ်တို့စီမံအုပ် ချုပ်ခဲ့သည်။ မြန်မာပြည်ထဲတွင် တိုင်းရင်းသားမျိုးနွယ်စုကြီးများဖြစ်သည့် ကရင်၊ ရခိုင်၊ မွန်တို့ပါဝင်‌နေပြီး ထိုတိုင်းရင်းသားများ ကို ဗမာတို့နှင့်‌ရော‌နှော၍ စီမံအုပ်ချုပ်ခဲ့ရာ ထိုစဉ်က သီးခြားကရင်ပြည်အလွန့်အလွန် အလိုရှိခဲ့‌သော ကရင်တိုင်းရင်းသားများအ ဖို့ ပြသာနာကြီးတစ်ရပ်ဖြစ်ခဲ့ပါသည်။

ဗိုလ်ချုပ်‌အောင်ဆန်း၏ ညှိနှိုင်းစည်းရုံးမှုအရ ပင်လုံစာချုပ်ကို ချင်း၊ ကချင်၊ ရှမ်းတိုင်းရင်းသားများက လက်မှတ်ထိုးရန် လက်ခံ လာချိန်၌ ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ် ဦး‌အောင်ဇံ‌ဝေက ဗိုလ်ချုပ်‌အောင်ဆန်းအား ရခိုင်ပြည်အ‌ရေး စဉ်းစား‌ပေးရန် ‌တောင်းဆိုခဲ့‌သော်လည်း ရခိုင်ပြည်ပါဝင်‌သော ဗမာပြည်အ‌ရေးထက် ရှမ်း၊ ကချင်၊ ချင်းတို့၏ အ‌ရေးတို့က ပို၍အ‌ရေးကြီး ‌ကြောင်း ပြန်‌ပြောသဖြင့် ရခိုင်ကိုယ်စားလှယ်က နားလည်မှု‌ပေးခဲ့ရသည်ဟု ‌လေ့လာသိရှိရပါသည်။

ကရင်တိုင်းရင်းသားများအဖို့လည်း ထိုစာချုပ် ချုပ်ဆိုပွဲသို့ ကိုယ်စားလှယ်အဖြစ် မဟုတ်ပဲ ‌လေ့လာသူ‌လေးဦး တက်‌ရောက်ခွင့်ရ ခဲ့‌ကြောင်း၊ ‌လေ့လာသူများမှာ ‌စောစိုင်း‌ခေ၊ ဦးလှ‌ဖေ၊ ‌စောချစ်တီး၊ ‌စောဝီရီ‌ကျော်တို့ဖြစ်‌ကြောင်း သို့‌သော် အ‌ရောက်‌နောက်ကျ၍ မည်သည့်အ‌ကြောင်းချင်းရာကိုမျှ ဂဃဏန မသိရှိခဲ့ရ‌ကြောင်းနှင့် ထိုစဉ်က ကရင်အဖွဲ့အစည်းကြီးဖြစ်သည့် KNU ကလည်း ပင်လုံစာချုပ်ကို သ‌ဘောမတူခဲ့‌ကြောင်း သိရှိခဲ့ရပါသည်။

နိုင်ငံ‌ရေးအရတန်းတူခွင့် (Political Equality) ကို ၁၉၄၇ ခု ‌ဖေ‌ဖော်ဝါရီလ ( ၇)ရက်‌နေ့တွင် ချင်း၊ ကချင်နှင့် ရှမ်း‌ခေါင်း‌ဆောင် များက ‌တောင်းဆိုခဲ့ပြီး ဒီမိုက‌ရေစီအရ ဗမာများနှင့် တန်းတူအခွင့်အ‌ရေး‌ပေးရန် သ‌ဘောတူညီမှုရယူခဲ့သည်။

သမိုင်းကို‌လေ့လာသူများ သိရှိကြမည်ဖြစ်ပါသည်။ တိုင်းရင်းသားများက ဗမာနှင့်ပူး‌ပေါင်းပြီး လွတ်လပ်‌ရေးရယူဖို့ ညှိနှိုင်းကြရာ၌ ရှမ်း‌စော်ဘွားစဝ်‌ရွှေသိုက်က “မိမိတို့ အဂင်္လိပ်ကျွန်ဘဝက လွတ်‌မြောက်ပြီး ‌နောက်တစ်ဖန် ဗမာကျွန် မဖြစ်လို‌ကြောင်း”ကိုလည်း ‌ကောင်း၊ ကချင်‌ခေါင်း‌ဆောင် ဆမားဒူးဝါးဆင်ဝါး‌နောင်ကလည်း “ဗိုလ်ချုပ်ရဲ့ ဗမာ‌ခေါင်း‌ဆောင်များကို ဗိုလ်ချုပ်ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်ရဲ့လား” ဟူသည့် ‌မေးခွန်းကိုလည်း‌ကောင်း ‌ပြောဆို‌မေးမြန်းခဲ့ကြပါသည်။

ဗိုလ်ချုပ်‌အောင်ဆန်းက ပြန်လည်‌ပြောကြားရာ၌ “တိုင်းရင်းသားများ အဂင်္လိပ်ကျွန်ဘဝက လွတ်‌မြောက်ပြီး‌နောက် တစ်ဖက် လှည့်၍ ဗမာကျွန် မဖြစ်‌စေရ‌ကြောင်း၊ မိမိရဲ့လူများကို ‌ပြောဆို၍မရပါက မိမိကိုယ်တိုင် ဖဆပလအဖွဲ့ချုပ်မှ နှုတ်ထွက်ပြီး ကချင် ပြည်ထူ‌ထောင်‌ရေးကို ဦးစီး‌ခေါင်း‌ဆောင်ပြုလုပ်မည်ဖြစ်‌ကြောင်း” ခိုင်မာသည့် ကတိ‌ပေးခဲ့ပါသည်။

ထို့ပြင် လွတ်လပ်‌ရေးရရှိ၍ (၁၀)နှစ်ပြည့်‌မြောက်ပါက ပြည်‌ထောင်စုမှ ခွဲထွက်လိုလျှင် ခွဲထွက်နိုင်‌ကြောင်း ဟူသည့်အပိုဒ်ကို စာချုပ်ထဲထည့်သွင်းရန် ဗိုလ်ချုပ်နှင့် ဦးနုတို့က သ‌ဘောမ‌တွေ့လှ‌သော်လည်း အတူတကွ လွတ်လပ်‌ရေးရယူပြီး ဖက်ဒရယ် ပြည်‌ထောင်စုကို တည်‌ဆောက်ပါမည်ဟူသည့် ကတိ‌ကြောင့် ထိုအပိုဒ်ကို ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေတွင် ထည့် သွင်းခဲ့‌ကြောင်း ‌လေ့လာသိရှိခဲ့ရပါသည်။

၁၉၄၈ခု လွတ်လပ်‌ရေးရရှိ‌သောအခါ ပင်လုံစာချုပ်တွင် လက်မှတ်မထိုးခဲ့သည့် ကရင်နီပြည်နယ်က ပြည်‌ထောင်စုတွင်ပါဝင်လာ ခြင်းဖြင့် ဗမာပြည်‌ထောင်၊ ချင်းပြည်‌ထောင်၊ ကချင်ပြည်‌ထောင်၊ ရှမ်းပြည်‌ထောင်နှင့် ကရင်နီပြည်‌ထောင်ဟူသည့် ပြည်‌ထောင်စု မြန်မာနိုင်ငံ‌ပေါ်လာပြီး ကြယ်ကြီးတစ်လုံးကို ကြယ်ငယ်ငါးလုံးဝန်းရံထား‌သော နိုင်ငံ‌တော်၏အလံကို ပုံ‌ဖော်ခဲ့‌ကြောင်း စာ‌ရေးသူ တို့ ‌ကောင်းစွာ မှတ်မိ‌နေဆဲဖြစ်ပါသည်။

သို့ရာတွင် အ‌ကြောင်းမလှ ကံမ‌ကောင်းစွာဖြင့် လွတ်လပ်‌ရေးမရမီ၌ ဗိုလ်ချုပ်တို့လုပ်ကြံခံရပြီး အုပ်ချုပ်‌ရေးအာဏာ ဆက်လက် ရယူသည့် ဦးနုတို့၏ ပါလီမန်ဒီမိုက‌ရေစီ‌ခေတ်၌ တိုင်းရင်းသားများထူ‌ထောင်လိုသည့် မျှတခြင်း၊ တန်းတူခြင်း၊ လွတ်လပ်ခြင်း တည်းဟူ‌သော ဒီမိုက‌ရေစီ ဖက်ဒရယ် ပြည်‌ထောင်စုစနစ်၏ ပန်းတိုင်များမှ‌သွေဖီသွားလျက် ဖက်ဒရယ်စနစ်အစား တစ်ပြည် ‌ထောင်စနစ်(Unitary System) သို့ချီတက်‌နေ‌ကြောင်း တိုင်းရင်းသားများက ရိပ်စားမိလာကြသည်။

တန်းတူညီတူရှိ‌သော ပြည်‌ထောင်စုအချင်းချင်းမဟုတ်ဘဲ ပြည်‌ထောင်စုအာဏာပါဝါကို လူဦး‌ရေများပြားသည့် ဗမာတို့က ရယူ လိုက်သည့် အ‌နေအထားမျိုးသို့ ‌ရောက်ရှိ‌နေ‌ကြောင်း တိုင်းရင်းသားများခံစားလာခဲ့ကြသည်။ ၁၉၄၇ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေကို အဓိကအကြံ‌ပေး ‌ရေးဆွဲ‌ပေးခဲ့‌သော ဥပ‌ဒေပညာရှင် ဦးချန်ထွန်းက “၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေ ဟာ အသွင်သဏ္ဍာန်အားဖြင့် ပြည်‌ထောင်စု (Federal) ဖြစ်‌ပေမယ့် အနှစ်သာရအားဖြင့် တစ်ပြည်‌ထောင် (Unitary) စနစ်ပဲ” ဟူ၍ အတိအလင်း ထုတ်‌ဖော်‌ပြောကြားခဲ့သည့် သမိုင်းဝင်အ‌ကြောင်းအချက်များကို ‌လေ့လာသူများ သိရှိနိုင်ကြပါလိမ့်မည်။

၁၉၄၈ခုနှစ် လွတ်လပ်‌ရေးရပြီး (၁၄)နှစ်မျှ ကြာမြင့်လာ‌သော ၁၉၆၁ခုနှစ်‌ရောက်ရှိလာချိန်၌ တိုင်းရင်းသားလိုလားသည့် ဖက်ဒ ရယ်ပြည်‌ထောင်စုစနစ်နှင့် ပတ်သက်၍ ‌လေ့လာဆန်းစစ်မည့် ‌တောင်ကြီးတိုင်းရင်းသားညီလာခံကို ကျင်းပခဲ့ကြပါသည်။ လွတ် လပ်‌ရေးရပြီး (၁၀)နှစ်ပြည့်လျှင် ပြည်‌ထောင်စုအတွင်းမှ ခွဲထွက်လိုက ခွဲထွက်နိုင်သည့်ဟူသည့် ၁၉၄၇ ခု ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေအ‌ပေါ် တိုင်းရင်းသားအချို့ကလည်း စဉ်းစားသုံးသပ်လာကြပါသည်။

“တိုင်းရင်းသား‌တွေ ပြည်‌ထောင်စုက မခွဲထွက်ချင်‌အောင် ငါတို့ဗမာ‌တွေက ကျင့်ကြံအားထုတ်ကြရမှာ‌ပေါ့” ဟူ၍ ‌ပြောဆိုမိန့် ကြားခဲ့သည့် ဗိုလ်ချုပ်‌အောင်ဆန်း မရှိ‌တော့သည့်အချိန်၌ ဖက်ဒရယ်ပြည်‌ထောင်စုနိုင်ငံ(ပြည်‌ထောင်စုစစ်စစ်) ဖြစ်၏၊ မဖြစ်၏ ဟူသည်နှင့် ပတ်သက်၍ အ‌ကြေအလည်ညှိနှိုင်း‌ဆွေး‌နွေးကြသည့် ‌တောင်ကြီးတိုင်းရင်းသားညီလာခံကို “ဖက်ဒရယ်စနစ်သည် ခွဲထွက်ခြင်း” ဟူ‌သော လွဲမှားသည့် အဓိပါယ် ‌ဖော်ညွန်းချက်ဖြင့် ဗိုလ်ချုပ်ကြီး‌နေဝင်းက အာဏာသိမ်းလိုက်သည်မှစ၍ တိုင်းရင်း သားတို့ ‌မျှော်မှန်း‌ရော်ရည်ခဲ့‌သော ဖက်ဒရယ်ပြည်‌ထောင်စုသည်လည်း ၁၉၄၇ခု ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေ နိဋ္ဋိတံခြင်းနှင့် အတူ ‌ပျောက်ကွယ်ခဲ့ရပါသည်။

၁၉၄၇ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေအရ ဖြစ်‌ပေါ်လာမည့် တိုင်းရင်းသားတို့၏ အခွင့်အ‌ရေးများ နစ်နာဆုံးရှုံးခဲ့ရသည့် သမိုင်းမှတ်တမ်းကို ပြန်‌ပြောင်းတင်ပြခြင်းဖြစ်ပါသည်။

ဦး‌နေဝင်း‌ခေတ် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ၌လည်း တိုင်းရင်းသားတို့၏ အခွင့်အ‌ရေးအတွက် မယ်မယ်ရရ ထိထိ ‌ရောက်‌ရောက် ‌ရေးဆွဲထားသည်ကို မ‌တွေ့ရ‌ပေ။ တစ်ပါတီတည်း‌သော မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ စနစ်‌အောက်တွင် ဆိုရှယ်လစ်စနစ်သာ‌ကောင်း‌ကြောင်း၊ ဆိုရှယ်လစ်စနစ်ကို အကာအကွယ်‌ပေးရမည်ဖြစ်‌ကြောင်းသာ ‌ဇောင်း‌ပေး‌ဖော်ပြထားပါ သည်။

ကချင်၊ ကယား၊ ကရင် ၊ ရှမ်းပြည်နယ်များအပြင် ချင်းဝိ‌သေသတိုင်းနှင့် ရခိုင်တိုင်းတို့ကို ပြည်နယ်များအဖြစ်လည်း‌ကောင်း၊ ‌မော် လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့ကို မွန်ပြည်နယ်အဖြစ်လည်း‌ကောင်း၊ ပြည်နယ်‌ပေါင်း (၇)ခုနှင့် တိုင်း(၇)တိုင်းတို့ဖြင့် နိုင်ငံ‌တော်ကို ဖွဲ့စည်းတည်‌ဆောက်ခဲ့ပါသည်။ ဤသို့ဖြင့် တိုင်းရင်းသားမျိုးနွယ်စုကြီး (၈)မျိုးဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတို့အတွက် ပြည်နယ်(၈)ခုမဟုတ်ဘဲ ပြည်နယ် (၇)ခုနှင့် တိုင်း (၇)တိုင်း ဖွဲ့စည်းထား‌ပေရာ တိုင်း(၇)တိုင်းသည် ဗမာ မျိုးနွယ်စုနှင့် သက်ဆိုင်‌နေသကဲ့သို့ဖြစ်‌နေပါသည်။

မည်သို့ပင်ဖြစ်‌စေ လမ်းစဉ်ပါတီ၏ ၁၉၇၄ ခုဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေသည် တိုင်းရင်းသားများအတွက် တန်းတူညီမျှသည်ဟု ယူဆ နိုင်‌သော ပြည်နယ်(၇)ပြည်နယ် ‌ပေါ်‌ပေါက်လာခဲ့ သည်မှန်‌သော်လည်း ဗမာတိုင်းရင်းသားများအတွက် ပြည်နယ်မရှိသဖြင့် သူတို့ တ‌တွေသည် လူအများစု မဟာလူမျိုးကြီးအဖြစ် ပြည်‌ထောင်စုကြီးကို စီမံအုပ်ချုပ်သူများကဲ့သို့ ဖြစ်‌နေပါသည်။

မှတ်မှတ်ရရ‌ဖော်ပြရလျှင် တိုင်းရင်းသားအ‌ရေးနှင့်ပတ်သက်၍ “‌တော်လှန်‌ရေး‌ကောင်စီ၏သ‌ဘောထားခံယူချက်” ဟူသည့် ‌ကြေ ငြာချက်တစ်‌စောင်ထုတ်ပြန်ခဲ့သည်မှလွဲ၍ တိုင်းရင်းသားတို့အတွက် အထူးအ‌ထွေ အပြည့်အဝ အာမခံချက်ရှိ‌သော အ‌ကြောင်း အရာများ ၁၉၄၇ခုနှစ် အ‌ခြေခံဥပ‌ဒေတွင် မ‌တွေ့ရှိရ‌ပေ။

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေသည်လည်း နိဂုံးချုပ်ခဲ့‌ပေပြီ။ ၎င်းအစား နာဂစ်မုန်တိုင်းကာလ တွင်‌ရေးဆွဲခဲ့‌သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ‌ပေါ်‌ပေါက်လာသည်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေသည် အခန်း‌ပေါင်း (၁၅)ခန်းရှိပြီး ပုဒ်မ ‌ပေါင်း (၄၅၇)ခုရှိသည်။ ‌နောက်ဆက်တွဲဇယား(၅) ခုလည်းပါသည်။ အခန်း (၁၅)ခန်းအနက် နိုင်ငံသားများ၏ တာဝန်နှင့် ရပိုင်ခွင့်နှင့်ပတ်သက်‌သော အခန်းမှာ အခန်း(၈)ဖြစ်‌ကြောင်း ညွန်းဆိုနိုင်‌သော်လည်း ထိုအခန်းတွင် “တိုင်းရင်းသား” ဟူသည့် စကားရပ်ကို မ‌တွေ့ရဘဲ “နိုင်ငံသား” ဟူသည့်စကားရပ်ကိုသာ ‌တွေ့ရသဖြင့် ၂၀၀၈ခုနှစ် အ‌ခြေခံဥပ‌ဒေ၌လည်း တိုင်းရင်းသား များအ‌ရေးကို အ‌လေးထား ထည့်သွင်းထားခြင်းမရှိ‌ကြောင်း ခံစားမိပါသည်။

‌နောက်ဆက်တွဲ ဇယား(၁)ပါ ပြည်‌ထောင်စုဥပ‌ဒေပြုစာရင်း၌ ကဏ္ဍရပ်အလိုက် ‌ခေါင်းစဉ်ကြီး (၁၁)ခု‌အောက်တွင် အ‌ကြောင်းအ ရာ‌ပေါင်း (၁၂၃)ခုရှိပြီး ဇယား(၂)ပါ တိုင်း‌ဒေသကြီး (သို့မဟုတ်) ပြည်နယ်ဥပ‌ဒေပြုစာရင်း၌ ကဏ္ဍရပ်အလိုက် ‌ခေါင်းစဉ် (၈)ခု ‌အောက်တွင် အ‌ကြောင်းအရာ‌ပေါင်း (၄၁)ခုသာရှိ‌ကြောင်း ‌တွေ့ရပါသည်။ အချိုးချိုးလိုက်လျှင် ဥပ‌ဒေပြုခွင့် ၃:၁ သ‌ဘောမျိုး သက်‌ရောက်‌နေပါသည်။

ဥပ‌ဒေပြုခွင့်တွင် ပူးတွဲအာဏာ ( Concurrent Power)ကိုလည်း ထည့်သွင်း ထားခြင်း မရှိပါ။ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးအဖွဲ့၏ ဥပ‌ဒေပြုစာရင်းတွင် အ‌ရေးမပါလှ‌သော အ‌ကြောင်းချက် (၁၀)ချက်ကို ထည့်သွင်းထားပြီး တိုင်းနှင့်ပြည်နယ်များမှ ‌ကောက်ခံရ မည့် အခွန်အခ (၁၉)ခုကို‌ဖော်ပြထား‌သော်လည်း ထိုအခွန်အခများ ခွဲ‌ဝေသုံးစွဲမှုနှင့်ပတ်သက်၍ ‌ဖော်ပြထားခြင်း တစ်စုံတစ်ရာ မ‌တွေ့ရှိရပါ။ ပြည်‌ထောင်စုနှင့် ပြည်နယ်များ၏ ဥပ‌ဒေပြုခွင့် အချိုးအစားများတွင် ကွာခြား‌နေပါသည်။

မည်သို့ဆို‌စေ ၂၀၀၈ ခုဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေကို ထိုစဉ်က နိုင်ငံ‌တော်‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီဥက္ကဌ ဗိုလ် ချုပ်မှူးကြီးသန်း‌ရွှေ၏ လက်မှတ်ဖြင့် (၂၉-၅-၂၀၀၈)ရက်‌နေ့တွင် အတည်ပြုပြဌာန်းခဲ့ပြီးဖြစ်ရာ ဖြစ်ပြီးသားကိစ္စပြီးသွားပြီ ဖြစ်ပါ သည်။ ဤ ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို NLD ပါတီအတိုက်အခံဘဝတွင် ရှိစဉ်က လက်သန်း‌ပေါင်း (၅)သန်း၏ တို့မှင်ဖြင့် ပြင်ဆင်‌ပေးရန် ‌ဆောင်ရွက်ခဲ့ဖူးပါသည်။

ယခုတဖန် NLD ပါတီဝင် ဦး‌အောင်ကြည်ညွန့်က လွှတ်‌တော်တွင် ၂၀၀၈ ခုဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေပြင်ဆင်ရန် အ‌ရေးကြီးအဆို တင်သွင်းခဲ့မှုအ‌ပေါ် ၂၀၀၈ခု အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေး ပူး‌ပေါင်း‌ကော်မတီတစ်ရပ်ကို လွှတ်‌တော်ကိုယ်စားလှယ် (၄၅)ဦးဖြင့်ဖွဲ့ စည်းပြီး လုပ်ငန်းစတင် ‌ဆောင်ရွက်‌နေဆဲဖြစ်သည်။ ဤအဆိုကို ကနဦးတွင် ဥပ‌ဒေနှင့်မညီညွတ်ဟုဆိုကာ တပ်မ‌တော်က ကန့် ကွက်ခဲ့‌သော်လည်း လွှတ်‌တော်က ဖွဲ့စည်းခဲ့‌သော ပူး‌ပေါင်း‌ကော်မတီတွင် ၎င်းတို့ပါဝင်လာပါသည်။ NLD ပါတီမှ ဦး‌ဆောင်တင် သွင်းသည့် ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေးတွင် ပုဒ်မ‌တော်‌တော်များများကို ပြန်လည်စီစစ်ပြီး ပြင်သင့်သည်များကို ပြင်ရန်ဖြစ်‌သော်လည်း ပြည်ခိုင်ဖြိုးပါတီကမူ ပုဒ်မ (၂၆၁) တစ်ခုတည်းကိုသာ ပြင်ဆင်ရန် အဆိုပြုခဲ့‌ကြောင်း သိရပါသည်။

အခြားသတင်းတစ်ရပ်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေကို ပုဒ်မ – ၅၉(စ)၊ ပုဒ်မ- ၂၆၁၊ ၂၆၂၊ အခန်း(၇)ပါတပ်မ‌တော်ဆိုင်ရာ ကဏ္ဍများ၊ ပုဒ်မ- ၄၃၆၊ အခန်း(၁၂)ပါ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ပြင်ဆင်ခြင်းနှင့် အခြားပြင်သင့် ပြင်ထိုက်သည့် ပုဒ်မများကို NLD ပါတီကပြင်ဆင်ရန် တင်ပြလာခြင်းသည်လည်း‌ကောင်း၊ ပြည်ခိုင်ဖြိုးပါတီက ပုဒ်မ-၂၆၁ကိုသာပြင်ဆင်လိုခြင်းသည်လည်း ‌ကောင်း၊ မြို့ကြီးအ‌တော်များများတွင် ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေးကို ‌ထောက်ခံ‌နေကြခြင်းသည်လည်း‌ကောင်း၊ ဥပ‌ဒေအရ ပြင်ဆင်လိုသည့် အချက်အားလုံးသည် လွှတ်‌တော်မှတစ်ဆင့်သာ ဖြတ်သန်းသွားရမည်ဖြစ်ရာ လွှတ်‌တော်ကိုယ်စား လှယ် (၇၅)ရာခိုင်နှုန်းအထက် ‌ထောက်ခံမှ အတည်ဖြစ်မည်ဖြစ်‌သော‌ကြောင့် (၂၅) ရာခိုင်နှုန်း‌သော တပ်မ‌တော်သားလွှတ်‌တော် ကိုယ်စားလှယ်များအနက် တစ်ဦးမျှသာ ကန့်ကွက်မည်ဆိုလျှင်ပင် အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေးအဆို ‌အောင်မြင်မည်မဟုတ်သဖြင့် အချိန်ကုန် ‌ငွေကုန်ခံပြီး ‌ဆောင်ရွက်ခြင်းမပြုသင့်‌ကြောင်း၊ တပ်မ‌တော်နှင့် ညှိနှိုင်း‌ဆောင်ရွက်သ‌ဘောတူညီမှုရယူပြီးမှသာ အ‌ခြေခံဥပ‌ဒေပြင်ဆင်နိုင်လိမ့်မည်ဖြစ်‌ကြောင်း ‌ထောက်ပြ‌ဝေဖန်သူများလည်း ရှိ‌နေပါသည်။

တပ်မ‌တော်ကလည်း ၂၀၀၈ အ‌ခြေခံဥပ‌ဒေကို မပြင်ပါဟူ၍ မ‌ပြောခဲ့၊ ဒီမိုက‌ရေစီအုတ်မြစ် အ‌ခြေခံခိုင်မာလာပြီး ‌အေးချမ်းတည် ငြိမ်မှုရှိလာလျှင် စစ်တန်းလျားပြန်မည်ဟု ‌ပြောဆိုခဲ့‌ကြောင်း သိရပါသည်။

သို့ဖြစ်ရာ ‌ရွေး‌ကောက်ပွဲ ကတိကဝတ်အရမ‌အောင်မြင်‌သေး‌သော ငြိမ်းချမ်း‌ရေးကြိုးပမ်းချက်မှ ပြည်သူများ အာရုံ‌ပြောင်းသွား ‌အောင် ‌ဆောင်ရွက်သည်ဟုပဲ‌ပြော‌ပြော၊ ၂၀၂ဝ ခုနှစ်‌ရွေး‌ကောက်ပွဲ နီးစပ်လာပြီဖြစ်သဖြင့် အ‌ခြေခံဥပ‌ဒေကို ကတိအတိုင်း အပြင်ပြသည်။ (ပြင်၍ ရသည်မရသည် အပထား)ဟုပဲဆိုဆို၊ သို့ကလို NLD ပါတီကို ‌ထောက်ပြကြသည်များရှိသည်။

ပုဒ်မ -၂၆၁ ကိုသာ ပြင်လိုသည့် ပြည်ခိုင်ဖြိုးပါတီက ပြည်နယ်/ တိုင်းဝန်ကြီးချုပ်များကို ပြည်နယ်တိုင်း လွှတ်‌တော်များကသာ ‌ရွေး‌စေရန်ဟူသည့် အဆိုပြုချက်အ‌ပေါ် တပ်မ‌တော်သား‌ဟောင်းများ လွှမ်းမိုး‌နေသည့် ၎င်းတို့ပါတီ၏ ရည်ရွယ်ချက် မည်သို့ရှိ သည်ကို မသိနိုင်ပါ။

လက်ရှိအ‌ခြေအ‌နေတွင် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ပြင်ဆင်ရာ၌ လမ်း‌ကြောင်း (၃)သွယ်‌တွေ့ရှိရပြီး ၎င်းတို့မှာ (၁) လွှတ်‌တော်မှ ဖွဲ့စည်းထား‌သော ဖွဲ့စည်းပုံပြင်ဆင်‌ရေး ပူး‌ပေါင်း‌ကော်မတီလမ်း‌ကြောင်း၊ (၂) ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေပုဒ်မ – ၄၃၅ ပါပြင်ဆင်‌ရေး ဥပ‌ဒေမူကြမ်းကို ပြည်‌ထောင်စုလွှတ်‌တော်ရှိ ကိုယ်စားလှယ်စုစု‌ပေါင်း၏(၂၀) ရာခိုင်နှုန်းက တင်ပြလာလျှင် လက်ခံ‌ဆွေး‌နွေးမည့် လမ်း‌ကြောင်း၊(၃) ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံ၊ ၂၁ ရာစုပင်လုံသ‌ဘောတူညီချက်များမှ တစ်ဆင့် ပြင်ဆင်‌ရေးလမ်း ‌ကြောင်းဖြစ်သည်။

စာ‌ရေးသူအဓိကထားတင်ပြလိုသည်မှာ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းဘယ်ပုဂ္ဂိုလ်ကပဲ ပြင်ဆင် သည်ဖြစ်‌စေ၊ အသစ်‌ရေးဆွဲသည်ဖြစ်‌စေ၊ တိုင်းရင်းသားတို့၏ သ‌ဘောဆန္ဒနှင့် လိုလားချက်များကို ထည်သွင်းစဉ်းစား အ‌လေး ထားသင်ခြင်းပင်ဖြစ်ပါသည်။

၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ အခန်း(၈)တွင် မူလအခွင့်အ‌ရေးနှင့်တာဝန်များကို ‌ဖော်ပြရာ၌ “တိုင်းရင်းသား” ဟု မ‌ဖော်ပြဘဲ “နိုင်ငံသား”ဟု ‌ဖော်ညွန်းထားသည်ကို တိုင်းရင်းသားများ နားမလည်နိုင်ပါ။ ဘဝင်လည်း မကျလှပါ။ ဒုတိယအကြိမ် (၂၁)ရာစု ပင်လုံငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲတွင် ဖြစ်မည်ထင်ပါသည်။ တပ်မ‌တော်က ပြည်‌ထောင်စု သ‌ဘောတူညီချက်(Union Accord)၌ ” ခွဲမထွက်ရ” ဟူသည့်စာပိုဒ်ကို ထည့်သွင်း‌စေလိုသည်။ တိုင်းရင်းသားများကမူ မထည့်သင့်‌ကြောင်း ‌ဆွေး‌နွေးကြပါသည်။

၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေပုဒ်မ-(၃၈၃)တွင်လည်း‌ကောင်း၊ NCA စာချုပ်တွင်လည်း‌ကောင်း၊ တိုင်းရင်းသားများက တို့တာ ဝန်အ‌ရေးသုံးပါးကို လက်ခံထားကြပြီးဖြစ်ပါသည်။ သို့စဉ်လျှက် “ခွဲမထွက်ရ” ဟူသည့်အပိုဒ်ကို အဘယ်‌ကြောင့်ထပ်မံ ထည့် သွင်းချင်ရသနည်း…….. ‌ပြော‌ကြေးဆိုပါလျှင် လွတ်လပ်‌ရေး၏ ဖခင် ဗိုလ်ချုပ်‌အောင်ဆန်းသည်ပင် ခွဲထွက်လိုက ခွဲထွက်နိုင် သည်ဟု ‌ပြောခဲ့‌သေး‌သော်လည်း ယခုအချိန်တွင် မည်သည့်တိုင်းရင်းသားကမျှ ခွဲထွက်မည်ဟူသည့် ‌လေသံမကြားရ‌သောအချိန် ၌ ဤအပိုဒ်(Clause)ထည့်သွင်းလိုခြင်းကို တိုင်းရင်းသားတို့ ‌တောင်းဆို‌နေသည့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စ၊ ပြည်နယ်အ‌ခြေခံ ဥပ ‌ဒေ‌ရေးဆွဲ‌ရေးကိစ္စတို့ကိုလည်း မ‌ဆွေး‌နွေးနိုင်ဟု ‌ပြောဆိုလာသည့်အ‌ပေါ် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးပွဲများ ‌ဝေဝါးရပ်တန့်‌နေသည့် အ‌ခြေအ‌နေသို့ ‌ရောက်ရှိသွား‌ကြောင်း တရားဝင်ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးပွဲများမှ KNU နှင့် RCSS တို့ယာယီရပ်ဆိုင်းလိုက်သည့် သာဓကကို ‌တွေ့ရမည်ဖြစ်သည်။

၁၉၄၇ နှင့် ၁၉၇၃ အ‌ခြေခံဥပ‌ဒေများအနက် ၁၉၄၇ ဥပ‌ဒေသည် တိုင်းရင်းသားများ၏ အခွင့်အ‌ရေးအတွက် စဉ်းစားမှု မရှိခဲ့ ‌သော်လည်း အ‌ကောင်အထည်‌ဖော်မှု မမှန်ကန်၊ မတည့်မတ်ခဲ့သဖြင့် တိုင်းရင်းသားများ မည်သည့် အကျိုး‌ကျေးဇူးမျှ မခံစား လိုက်ရ‌ပေ။ ၁၉၇၄ ဥပ‌ဒေကျပြန်‌တော့လည်း တိုင်းရင်းသားများအတွက် ဘာတစ်ခုမျှ‌ရေရာမှု မရှိ။

ယခု ၂၀၀၈ အ‌ခြေခံဥပ‌ဒေတွင်မူ နိုင်ငံသားတို့၏ မူလအခွင့်အ‌ရေးဟူ၍ ‌ဖော်ပြထား‌သော်လည်း တိုင်းရင်းသားတို့အဖို့ ထိ‌ရောက်ခိုင်မာသည့် အကျိုးသက်‌ရောက်မှုမရှိ။ ယခုပြင်ဆင်ဖို့လုံးပန်း‌နေကြသည်။ ၅၉(စ)ကိုပြင်မည်…..တိုင်းရင်းသားများနှင့် ဘာမျှသက်ဆိုင်မှုမရှိ၊ ‌ဒေါ်‌အောင်ဆန်းစုကြည်အတွက်ဟုလည်း သုံးသပ်ကြသည်။ မပြင်တာလည်း ‌ကောင်းသည်။ သို့မဟုတ်က ဘဂင်္လီများ မိမိတို့နိုင်ငံတွင် မင်းမူသွားမည်ဟု ဆိုသူကဆိုသည်။

ဥပ‌ဒေပုဒ်မ-၆ဝ ကိုမူ ပြင်ရန် စဉ်းစားကြပါသ‌လော….. အမျိုးသားလွှတ်‌တော်အစုအဖွဲ့၊ ပြည်သူ့လွှတ်‌တော်အစုအဖွဲ့၊ တပ်မ‌တော် သားလွှတ်‌တော်ကိုယ်စားလှယ်အဖွဲ့များက သမ္မတများကို ‌ရွေး‌ကောက်တင်‌မြှောက်ကြမည်ဆိုသည်မှာ မျှတမှုရှိပါ၏‌လော….. တိုင်းရင်းသားတို့ဘက်မှ အစွန်း‌ရောက်တင်ပြ‌နေခြင်း မဟုတ်ပါ။

အမျိုးသားလွှတ်‌တော်အစုအဖွဲ့တွင် ဗမာမဟုတ်‌သော တိုင်းရင်းသားသန့်သန့် ပါဝင်မှုရှိပါသ‌လော…. ၂၀၁ဝ ‌ရွေး‌ကောက်ပွဲ အပြီးတွင် တိုင်းရင်းသားများထဲမှ စိုင်း‌မောက်ခမ်းကို ဒုတိယသမ္မတ၊ ၂၀၁၅ ‌ရွေး‌ကောက်ပွဲအပြီးတွင် ဦးဟင်နရီဗန်ထီးယူကို ဒုတိယသမ္မတအဖြစ် ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့ခြင်းမှာ တိုင်းရင်းသားတို့အ‌ပေါ် သ‌ဘောထားကြီး‌ကြောင်း ပြသလိုခြင်း သက်သက်လား။ တကယ်တမ်းတွင် တိုင်းရင်းသားများထဲမှ သမ္မတကြီးတစ်ဦး ဖြစ်လာရန်မှာ ၂၀၀၈ အ‌ခြေခံဥပ‌ဒေဖြင့်ဆိုလျှင် အနားပင်ကပ်၍ ရမည်မဟုတ်‌ချေ။ ဖြစ်‌စေလိုသည်မှာ တိုင်းရင်းသားများကို အလှည့်ကျ သမ္မတကြီးဖြစ်ခွင့်ဥပ‌ဒေ ပြုစုပြဌာန်း ရန်ပင် ဖြစ်ပါသည်။

၂၀၁ဝ နှင့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲများအပြီးတွင် သမ္မတကြီး (၃)ဦး ‌ရွေးခဲ့သည့်‌နေရာ၌ မည်သည့်တိုင်းရင်းသားလူမျိုးက သမ္မတ ကြီးဖြစ်သွားသနည်း။ တိုင်းရင်းသားမျိုးနွယ်စုကြီး(၈)ခုရှိသည့်အနက် ဗမာလူမျိုးက လူများစုဖြစ်‌နေ‌သော‌ကြောင့်ဟုဆိုလျှင် အလှည့်ကျစနစ်တွင် ဗမာကို သမ္မတကြီး(၂)ကြိမ်ဖြစ်ခွ င့်ပြဌာန်းပြီး ကျန်တိုင်းရင်းသားများကို အလှည့်ကျ(၁)ကြိမ်စီ ဖြစ်ခွင့်‌ပေးလျှင်‌ကော တရားမျှတမှု မရှိနိုင်ပါသ‌လော…… ‌နောက်တစ်ချက် စဉ်းစားရန်ရှိသည်မှာ မျိုးနွယ်စုငယ်များ‌ရော သမ္မတမဖြစ်နိုင်ဘူးလား…. ဖြစ်နိုင်ပါသည်။

ထိုမျိုးနွယ်စုငယ်များသည် မည်သည့် မျိုးနွယ်စုကြီးထဲ ၌ ပါဝင်‌နေသနည်း….. ဆိုကြပါစို့၊ ပအိုဝ့်သည်ရှမ်းမျိုးနွယ်စုတွင် ပါဝင်သည်ဆိုပါက ရှမ်းတိုင်းရင်းသား သမ္မတကြီးဖြစ်ခွင့်ရှိချိန် ၌ ပအိုဝ့်လူမျိုးစုကိုထည့်သွင်းစဉ်းစားနိုင်ပါသည်။

ပုဒ်မ – ၃၅၂ တွင် ” နိုင်ငံ‌တော်သည် အလုပ်အကိုင် ခန့်ထားရာတွင်ဖြစ်‌စေ၊ နိုင်ငံဝန်ထမ်း‌ရွေးချယ်တာဝန်‌ပေးရာတွင်ဖြစ်‌စေ၊ သတ်မှတ်ထား‌သော အရည်အချင်းနှင့် ပြည့်စုံပါက ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိဈ ကိုးကွယ်ရာဘာသာသာသနာ၊ အမျိုးသား အမျိုးသမီးစသည်တို့ကို အ‌ကြောင်းပြုလျှက် ရာထူး‌ရွေးချယ်ခန့်ထားခြင်းကို ခွဲခြားမှုမပြုရ” ဟူ၍ ‌ဖော်ပြထားရာ လွန်စွာ သင့်‌လျော်‌ကောင်းမွန်‌သော ပုဒ်မတစ်ခုဖြစ်‌နေသဖြင့် ပြင်ဆင်ရန်မရှိ‌သော်လည်း လက်‌တွေ့ အ‌ကောင်အထည်‌ဖော်ရာ ၌ မျှတဆီ‌လျော်မှုမရှိ‌ကြောင်း ရှင်းလင်းစွာ ‌တွေ့မြင်

‌နေရပါသည်။ ၁၉၄၇ ခုနှစ်တွင် မိမိတို့နိုင်ငံ၏ စစ်ဦးစီးချုပ်သည် ကရင်တိုင်းရင်းသား ဗိုလ်ချုပ် ‌စောစမစ်သ်ဒွန်းဖြစ်ခဲ့ရာမှ ၁၉၄၉ ခုနှစ် ကရင်‌တော်လှန်‌ရေးကြီး စတင်ပြီးသည့် ‌နောက်ပိုင်း မည်သည့်တိုင်းရင်းသားမျှ စစ်ဦးစီးချုပ် ဖြစ်မလာ‌တော့ပဲ ဗမာများသာ စစ်ဦးစီးချုပ်ဖြစ်‌နေကြသည်မှာ ကျန်အခြားတိုင်းရင်းသားတစ်ဦးတစ်‌လေမျှ သတ်မှတ်အရည်အချင်းနှင့် မပြည့်စုံကြ၍‌လော……သို့မဟုတ် ‌ဖော်ပြပါ အချက်များအ‌ပေါ် ခွဲခြားချိုးနှိမ်မှုရှိ‌နေသ‌လော…….တပ်မ‌တော်ဘက်ဆိုင်ရာ ရာထူးများတွင် တိုင်းရင်းသား များကို အမြင့်ဆုံး ဗိုလ်မှူးချုပ်ရာထူးအထိသာ ခန့်ထား‌ကြောင်း ‌တွေ့ရသဖြင့် ယခုပုဒ်မကို အ‌ကောင်အထည်‌ဖော်ရာ ၌ လွန်စွာအားနည်း‌ကြောင်း ‌တွေ့ရပါသည်။

ကိုးကွယ်ယုံကြည်မှုနှင့်သက်ဆိုင်သည့် ၂၀၀၈ အ‌ခြေခံဥပ‌ဒေပုဒ်မ ၃၆၁၊ ၃၆၂ တို့ကို စဉ်းစားရာ ၌ လွတ်လပ်‌ရေးရရှိပြီး‌သောအခါ ဗုဒ္ဓဘာသာကို နိုင်ငံ‌တော်ဘာသာအဖြစ် ပြဌာန်းသင့်‌ကြောင်း ဒီးဒုတ်ဦးဘချိုက အဆိုပြုရာ ၌ ” ဗုဒ္ဓဘာသာကို နိုင်ငံ‌တော်ဘာသာအဖြစ် မပြဌာန်းနိုင်ပါက လွတ်လပ်‌ရေးသည် အနှစ်သာရ ကင်းမဲ့‌သော အတုအ‌ယောင် လွတ်လပ်‌ရေးမျှသာဖြစ်သွားမည်” ထုတ်‌ဖော်‌ပြောဆိုချက်အ‌ပေါ် ဗိုလ်ချုပ်‌အောင်ဆန်းက ‌အောက်ပါအတိုင်း ပြတ်ပြတ်သားသား ပယ်ချခဲ့ပါသည်။

“Religion is matter of individual conscience, while politics is social science. We must see to it that the individual enjoys his rights, including the right to freedom of religious, belief and worship. We must draw clear lines between politics and religion because the two are not the same thing. If we mix religion with politics, then we offend the spirit of religion itself” ဆိုလိုချက်အကျဉ်းမှာ “ဘာသာတရားဟာ ပုဂိ္ဂုလ်တစ်ဦးချင်းနဲ့သာ သက်ဆိုင်ပြီး နိုင်ငံ‌ရေးမူကား လူမှုဝန်းကျင်တစ်ရပ်လုံးနှင့် ပတ်သက်‌နေပါတယ်၊ ပုဂိ္ဂုလ်တစ်ဦးချင်းဟာ ပုဂ္ဂိုလ်‌ရေးဆိုင်ရာ အခွင့် အ‌ရေးများ ရယူခံစားခွင့်ရှိသည့်အထဲတွင် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်လည်း ပါဝင်ပါတယ်။ နိုင်ငံ‌ရေးနဲ့ ဘာသာ‌ရေးဟာ မတူညီ‌ကြောင်း၊ ရှင်းရှင်းလင်းလင်း ခွဲခြားထားသင့်ပြီး ၎င်းနှစ်ခုကို ‌ရောယှက်ထားပါက ဘာသာတရားတည်ရှိမှုကို ပစ်ပယ်ထား တဲ့သ‌ဘော သက်‌ရောက်တာပဲ”
ဗိုလ်ချုပ်‌အောင်ဆန်းကိုယ်တိုင် ဖဆပလ ညီလာခံတွင် ‌ရေးဆွဲတင်သွင်းခဲ့သည့် ၁၉၄၇ ခုဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေ(မူ ကြမ်း)၌ ပုဒ်မ -၁၄ တွင် ‌အောက်ပါအတိုင်း ‌ဖော်ပြထားပါသည်။

14(1).The abuse of the church or of religion for political purpose is forbidden.
14(2). The state shall observe neutrality in religious matters.
14(3). Religion communities whose teaching is not contrary to the Constitution are free in practice and exercise of their religion and religious ceremonies are also free to have school for the education of priests; but schools shall, however, be under the general supervision of the State.

ဘာသာ‌ရေးနှင့်ပတ်သက်‌သော ၁၉၄၇ ခုဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေမူကြမ်းကို ဗိုလ်ချုပ်‌အောင်ဆန်းက အထက်ပါအ တိုင်း ‌ရေးဆွဲတင်သွင်းခဲ့‌သော်လည်း ဗိုလ်ချုပ်ကျဆုံးပြီး‌နောက် (၂၄-၉-၁၉၄၇)ရက်‌နေ့တွင် ပြဌာန်းခဲ့‌သော ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေ ပုဒ်မ-၂၁ ၌” ဗုဒ္ဓဘာသာ၊ သာသနာ‌တော်သည် နိုင်ငံ‌တော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်‌သော ဂုဏ်ထူး ဝိ‌သေသနှင့်ပြည့်စုံသည့် ဘာသာကြီးဖြစ်သည်ဟု ပြည်‌ထောင်စုမြန်မာနိုင်ငံ‌တော်က အသိအမှတ်ပြုသည်”ဟု ‌ဖော်ပြထားရာ ဗိုလ်ချုပ်၏ မူရင်းပုဒ်မကို ‌ပြောင်းလဲခဲ့ပါသည်။

ထို့အပြင် ဦးနုက ဗုဒ္ဓဘာသာကို နိုင်ငံ‌တော်ဘာသာအဖြစ် ပြဌာန်းလိုက်သည့်အခါ ခရစ်ယာန်ဘာသာအများစုကိုးကွယ်ကြ‌သော ကချင်နှင့် ချင်း တိုင်းရင်းသားတို့က အကြီးအကျယ် မ‌ကျေမနပ်ဖြစ်ခဲ့ကြသည့် သမိုင်းဖြစ်ရပ်ကို ဆင်ခြင်သင့်ပါသည်။ ၂၀၀၈ ခု အ‌ခြေခံဥပ‌ဒေပုဒ်မ- ၃၆၁ သည် ၁၉၄၇ ခု ဥပ‌ဒေ၏ ပုဒ်မ- ၂၁နှင့် တူညီ‌နေပါသည်။

ပုဒ်မ -၃၆၂ တွင်မူ “အခြားဘာသာများသည် ဤဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ အာဏာတည်သည့်‌နေ့၌ နိုင်ငံ‌တော်တွင် ရှိ‌နေကြ‌သော ဘာသာသာသနာများဖြစ်ဟု နိုင်ငံ‌တော်က အသိအမှတ်ပြုသည်” နှိုင်းယှဉ်စဉ်းစားပါက ပုဒ်မ ၃၆၁တွင် ဗုဒ္ဓဘာသာသည် ဂုဏ် ထူးဝိ‌သေသနှင့် ပြည့်စုံ‌ကြောင်း ‌ဖော်ပြထား‌သော်လည်း ပုဒ်မ ၃၆၂တွင် အခြားဘာသာများ ဂုဏ်ထူးဝိ‌သေသနှင့် ပြည့်စုံ၏ မပြည့်စုံ၏ မ‌ဖော်ပြထားခြင်း‌ကြောင့် အ‌တွေးအ‌ခေါ် အယူအဆ သ‌ဘောထားများ ကွဲလွဲသွားနိုင်‌ကြောင်း သတိချပ်မိကြ‌စေလိုပါ သည်။

ဗမာလူမျိုး နိုင်ငံ‌ရေးသု‌တေသီတစ်ဦး၏ ‌ရေးသားတင်ပြချက်ကို အလျဉ်းသင့်၍ ‌ဖော်ပြလိုပါသည်။ မိမိတို့နိုင်ငံ၌ ၁၉၅၂၊ ၁၉၅၆၊ ၁၉၉၀၊ ၂၀၁ဝနှင့် ၂၀၅ ခုနှစ်များတွင် ကျင်းပခဲ့‌သော ‌ရွေး‌ကောက်ပွဲများတွင် နိုင်သူအကုန်ယူ (First Past the Post- FPTP) ဟူသည့်စနစ်ကိုသာ ကျင့်သုံးခဲ့သဖြင့် တိုင်းရင်းသားများ၊ တိုင်းရင်းသားပါတီများ အထိနာခဲ့ကြပြီး ပါတီကြီးများ (အထူးသဖြင့် ဗမာပါတီများ)သာ ‌အောင်ပွဲဆင်နိုင်ခဲ့ကြ‌ကြောင်း၊ ကမ္ဘာ‌ပေါ်ရှိ နိုင်ငံ‌ပေါင်းများစွာအနက် အချိုးကျ ကိုယ်စားပြု (Proportional Representation _ PR)ဟူသည့် ‌ရွေး‌ကောက်ပွဲစနစ် ကျင့်သုံးသည့်နိုင်ငံ (၉၅)နိုင်ငံရှိ‌ကြောင်း၊ အနိုင်ရသူချည်းသာ လွှတ်‌တော် ထဲ‌ရောက်‌နေရသည်မဟုတ်ဘဲ ဒုတိယ၊ တတိယအနိုင်ရသူများလည်း လွှတ်‌တော်ထဲ‌ရောက်ရှိ‌စေနိုင်သည့် ပုဒ်မများ ‌ရွေး‌ကောက်ပွဲဥပ‌ဒေများ ၂၀၀၈ထဲ၌ မရှိပါ။

ထိုဥပ‌ဒေရှိပါက လွှတ်‌တော်ထဲတွင် လည်း‌ကောင်း၊ အစိုးရကို‌သော်လည်း‌ကောင်း၊ ‌ဝေဖန်‌ထောက်ပြထိန်း‌ကျောင်းမှုများ ရှိနိုင်ပြီး တိုင်းရင်းသားများ၊ တိုင်းရင်းသားပါတီများလည်း တစ်စုံတစ်ခု‌သော အတိုင်းအတာအထိ လွှတ်‌တော်ထဲသို့ ‌ရောက်ရှိကိုယ်စားပြု နိုင်ခြင်းဖြင့် တိုင်းရင်းသားတို့၏ တန်းတူညီမျှမှုကို ‌ဖော်‌ဆောင်နိုင်မည်ဖြစ်‌ကြောင်း ‌ရေးသားထားသည်ကို ‌တွေ့ရှိရပါသည်။

ထို့‌ကြောင့် ၂၀၀၈ အ‌ခြေခံဥပ‌ဒေကို ပြင်ဆင်ရန်ကိစ္စရပ်များတွင် တိုင်းရင်းသားတို့၏ အခွင့်အ‌ရေးနှင့် အ‌ခြေခံလိုအပ်ချက်များကို မ‌မေ့မ‌လျော့ဘဲ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးကို အ‌ထောက်အကူပြုသည့် အချက်အလက်များ ပါဝင် ထည့်သွင်းပြင်ဆင်‌ရေးသားသကဲ့သို့ တစ်ဦးနှင့်တစ်ဦး အထင်အမြင်လွဲမှားပြီး သ‌ဘောထား မကိုက်ညီမှုများ ‌ပေါ်‌ပေါက်လာ‌စေ နိုင်‌သော အ‌ကြောင်းအချက်များ ထည့်သွင်းပြဌာန်းခြင်းမှ အထူး‌ရှောင်ရှားသင့်‌ကြောင်း မီး‌မောင်းထိုးပြလိုက်ရပါသည်။