Home သတင်း ‌လောင်းကစားဝိုင်းများကို ဆက်လက်အ‌ရေးယူသွားမည်ဖြစ်‌ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူး‌ပြော

‌လောင်းကစားဝိုင်းများကို ဆက်လက်အ‌ရေးယူသွားမည်ဖြစ်‌ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူး‌ပြော

3155

‌မေလ ၂၄ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်ရှိ ‌နေရာအချို့တွင် ပြုလုပ်‌နေသည့် အာဝါ‌ဒေး(‌လောင်းကစားဝိုင်း)များကို သတင်းရရှိမှုအ ‌ပေါ်မူ တည်ပြီး အ‌ရေးယူ‌ဆောင်ရွက်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်‌ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ‌အောင်မြတ်မိုးက ‌ပြောကြားလိုက်သည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအ‌ဝေးခန်းမတွင် ယမန်‌နေ့(‌မေလ ၂၃ ရက်)က ပြုလုပ်သည့် ပြည်နယ် အစိုးရ၏ တတိယ(၁)နှစ်တာ လုပ်‌ဆောင်ချက်များနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ် ရဲမှူးကြီးက ယခုလို သတိ‌ပေး‌ပြောဆိုလိုက်ခြင်းဖြစ်သည်။
ရဲမှူးကြီး ‌အောင်မြတ်မိုးက“‌လောင်းကစားပွဲက တရားဝင်ခွင့်ပြုထားတာမရှိဘူး။ တချို့က သာ‌ရေးနာ‌ရေး၊ ဘာ သာ‌ရေးပွဲ‌တွေကအစ နာမည်ခံပြီး‌တော့မှ အ‌ကြောင်းမျိုးမျိုး‌ခေါင်းစဉ်တပ်ပြီး တချို့တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်း‌တွေနဲ့ ပူး‌ပေါင်းလုပ်ကိုင်တာရှိတယ်။ ပြည်နယ်အစိုးရ အ‌နေနဲ့‌ကော ခွင့်ပြုထားတာတစ်ခုမှ မရှိပါ ဘူး။ အခုလည်း ဖမ်းဆီးအ‌ရေးယူမှု‌တွေရှိ‌နေသလိုဘဲ ‌နောင်လည်း ဆက်လက်ဖမ်းဆီးအ‌ရေးယူလုပ်‌ဆောင် သွားမယ်”ဟု ‌ပြောဆိုသည်။

ထိုသို့‌လောင်းကစားမှုများကို အ‌ရေးယူ‌ဆောင်ရွက်ရာတွင်လည်း ဥပ‌ဒေ မသိနားမလည်သည့် အချို့‌ကျေး လက်‌နေ‌ဒေသခံများလည်း ပါဝင်‌နေသည့်အတွက် ၎င်းအ‌ပေါ် ထိန်းထိန်းသိမ်းသိမ်းဖြင့် အ‌ရေးယူ‌ဆောင်ရွက်ရ သည့် အ‌ခြေအ‌နေများလည်းရှိ‌ကြောင်း ရဲမှူးကြီးက ဖြည့်စွက်‌ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ ‌ကျေးလက်‌ဒေသများတွင် များ‌သောအားဖြင့် ဘာသာ‌ရေးပွဲများအပါအဝင် ‌ကျေးရွာဖွံ့ ဖြိုး‌ရေး‌ခေါင်းစဉ်တပ် အာဝါ‌ဒေး(‌ခေါ်)‌လောင်းကစားဝိုင်းများကို အချို့‌သော ‌ကျေးရွာလူထုနှင့် လက်နက်ကိုင်အ ဖွဲ့အချို့တို့၏ ‌အောက်‌ခြေတပ်ဖွဲ့ဝင်များက နားလည်မှုဖြင့်ကျင်းပ‌နေကြခြင်းလည်း ဖြစ်သည်။

ထို့အပြင် ကရင်ပြည်နယ် နယ်စပ်မြို့တစ်မြို့ဖြစ်သည့် မြဝတီမြို့တွင် ကာစီနိုရုံများ သိသာထင်ရှားစွာ ဖွင့်လှစ်‌နေ မှုများအ‌ပေါ် ကာစီနိုရုံအပါအဝင် မည်သည့်‌လောင်းကစားမျိုးမဆို တရားဝင်ခွင့်ပြုထားခြင်းမရှိ‌ကြောင်းလည်း ပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ဦးက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ‌ပြောကြားခဲ့သည်။

‌နေရာ‌တော်‌တော်များများတွင် တရားမဝင်ပြုလုပ်‌နေသည့် အာဝါ‌ဒေး ‌လောင်းကစားဝိုင်းများ‌ကြောင့် ရပ်ရွာ‌အေး ချမ်းတည်ငြိမ်‌ရေးစိုးရိမ်မှုများအပြင် အချို့မှာ ယင်း‌လောင်းကစားမှုများ‌ကြောင့် စားဝတ်‌နေ‌ရေးထိခိုက်လာရုံမက ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများပါ ဆုံးရှုံးရသည်အထိ ‌တွေ့ကြုံ‌နေရ‌ကြောင်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

‌ကော့ကရိတ်မြို့နယ် ‌ဒေသခံတစ်ဦးဖြစ်သူ ‌စောချစ်လင်းက “ကျ‌နော်တို့ဘက်မှာ နယ်စပ်နဲ့နီး‌တော့ ‌လောင်း ကစား‌တွေလည်း အမျိုးမျိုး‌တွေ့ရတယ်။ အာဝါ‌ဒေး‌တွေမကဘဲ ‌ကျေးရွာ‌တွေမှာ ဂိမ်းစက်လိုက်‌ထောင်တာလည်း ရှိတယ်။ အာဝါ‌ဒေးက‌နေရွာအတွက် ဖွံ့ဖြိုး‌ရေးအပိုင်းမှာလည်း တချို့အ‌ထောက်အကူပြုတာလည်း ရှိတယ်။ ပြီး‌တော့ ဒီ‌ဒေသမှာ လူငယ်လူရွယ်‌တွေ ငါးဖမ်းဂိမ်းစက်‌ကြောင့်လည်း ဒုက္ခ‌ရောက်တာအများကြီးရှိတယ်။ ကျ‌နော့် မိသားစုဝင်‌တွေမှာလည်း ဒါကိုကြုံရတယ်” ဟု ‌ပြောသည်။

ဓ‌လေ့တစ်ခုလိုဖြစ်‌နေသည့် ကရင်ပြည်နယ်အတွင်းရှိ ‌လောင်းကစားဝိုင်းများကို ပြည်နယ်ရဲတပ်ဖွဲ့မှ နှိမ်နင်း အ‌ရေးယူ‌ဆောင်ရွက်မှုများ ပြုလုပ်သလို ထိုသိုု့ပြုလုပ်သည့်အတွက် ၂၀၁၆ ခုနှစ်မှ စတင်ပြီး ယခု၂၀၁၉ခုနှစ် ပထမ ၄ လပတ်အတွင်း ‌လောင်းကစားအမှု‌ပေါင်း ၁၁၆ မှုနှင့် တရားခံ ၂၉၆ ဦးကို ဖမ်းဆီးအ‌ရေးယူနိုင်ခဲ့ ‌ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။