Home သတင်း မိကရင်‌ကျေးရွာရှိ ‌ဒေါ်လာအင်း ထိန်းသိမ်းကာကွယ်‌ရေးပွဲ‌တော် ‌ဒေသခံများ စု‌ပေါင်းကျင်းပ

မိကရင်‌ကျေးရွာရှိ ‌ဒေါ်လာအင်း ထိန်းသိမ်းကာကွယ်‌ရေးပွဲ‌တော် ‌ဒေသခံများ စု‌ပေါင်းကျင်းပ

3271

‌မေလ ၂၆ ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သံလွင်မြစ်အ‌နောက်ဘက်ရှိ ‌ဒေသခံများမှီခို‌နေရသည့် ‌ဒေါ်လာအင်းကြီး ‌ရေရှည် တည်တံ့‌ရေးအတွက်ရည်ရွယ်ပြီး ထိန်းသိမ်းသည့်အ‌နေဖြင့် ယမန်‌နေ့(‌မေလ ၂၅ ရက်)က မိကရင်‌ကျေးရွာရှိ ‌ဒေါ်လာအင်းတွင် အင်းပွဲ‌တော်ကျင်းပပြုလုပ်ခဲ့ကြသည်။
‌ဒေါ်လာအင်းအလှနှင့် ရိုးရာဓ‌လေ့‌ခေါင်းစဉ်ဖြင့် ‌ဒေသခံများစု‌ပေါင်းပြီး ကျင်းပလာခဲ့သည်မှာ ယခု ၃ နှစ်တိုင် ရှိ‌နေပြီဖြစ်ပြီး စီးပွား‌ရေးလုပ်ငန်းရှင်များ၏ အသုံးချမှုမှကာကွယ်ရန် ‌ဒေသခံများကိုယ်တိုင် စု‌ပေါင်းထိန်း သိမ်း ခြင်းနည်းလမ်းဖြင့် ယခုလိုကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟု ‌ဒေါ်လာအင်းထိန်းသိမ်း‌ရေး‌ကော်မတီဥက္ကဌ ‌စော‌အောင်နိုင်က ‌ပြောသည်။

“‌ဒေသခံ‌တွေ ဒီအင်းကို မထိန်းသိမ်းရင် ‌လေလံတင်ဖို့ အရင်အစိုးရက စီစဉ်ထားပြီးသား။ ကျ‌နော်တို့ ‌ဒေသခံ ‌တွေက ဒီအင်းကို အရင်ကတည်းက ထိန်းသိမ်းတာ၊ ‌လေလံတင်ဖို့ ကျ‌နော်တို့‌တွေ လုံးဝလက်မခံနိုင်ဘူး။ အခုက အစိုးရက ထိန်းသိမ်းခွင့်‌ပေးလိုက်လည်း သူတို့အချိန်မ‌ရွေးယူနိုင်တယ်ဆို‌တော့ သူတို့ ပြန်ယူလို့ မရ‌အောင် ကျ‌နော်တို့‌တွေ စည်းကမ်းစနစ်တကျနဲ့ ပြန်ထိန်းသိမ်းတယ်။ အင်းပွဲ‌တော်ကိုလည်း နှစ်စဉ်လုပ်သွားမယ်” ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဧရိယာအကျယ် ဧက‌ပေါင်း ၆,၅၀ဝ ‌ကျော်ရှိသည့် ‌ဒေါ်လာအင်းသည် မိကရင်၊ မုက္ကဒိ၊ ခဲ‌တောက်ကမ်းကြီး၊ ကမ်းက‌လေးစသည့် ‌ကျေးရွာ ၅ ရွာ၏ ဧရိယာထဲတွင်ရှိပြီး ၂၀၁၃ ခုနှစ်က ပြည်နယ်အစိုးရမှ အဆိုပါ အင်းအား ‌လေလံတင်ရန် ကြိုးပမ်းမှုများရှိခဲ့သည်ဟု သိရသည်။
ထိုသို့ကြိုးပမ်းမှုများရှိလာသည့်အတွက် ‌ဒေသခံများမှ ဝိုင်းဝန်းကန့်ကွက်ခဲ့ကြပြီး‌နောက် ၂၀၁၆ ခုနှစ်တွင် ‌ကျေး ရွာ ၅ ရွာပါဝင်သည့် ‌ဒေါ်လာအင်းထိန်းသိမ်း‌ရေး‌ကော်မတီဖွဲ့ကာ ‌ဒေါ်လာအင်းထိန်းသိမ်း‌ရေးအတွက် စည်းကမ်း ချက်များထုတ်ပြန်ပြီး စု‌ပေါင်းထိန်းသိမ်းခဲ့ကြခြင်းဖြစ်သည်။

မိကရင်ရွာမှ ‌နော်မြဝင်းက“ ကျမတို့‌ဒေသမှာ သဘာဝသယံဇာတနဲ့ပတ်သက်လို့ ‌တောင်‌တွေ ပြီးရင်အင်းပဲ။ အ မျိုးမျိုး‌သော စီးပွား‌ရေးသမား‌တွေ လာလာ‌ချောင်းကြတယ်။ ကျမတို့လည်း တတ်နိုင်သ‌လောက် ကာကွယ် မယ်။ အင်းဆိုရင် စည်းကမ်း‌တွေထုတ်ထား‌တော့ အခုဆိုရင် ကျမတို့ရွာကလူကြီးမက က‌လေး‌တွေလည်း အ ဖိတ်၊ ဥပုသ်‌နေ့မှာ ငါးမဖမ်းရဘူး။ အင်းစည်းကမ်းချက်‌တွေ သူတို့ အကုန်အ‌လေ့အကျင့်ရသွားပြီ။ သူတို့အသိ စိတ်ဓာတ်နဲ့သူတို့‌ပေါ့။ ဒါကိုဆက်ထိန်းသွားမယ်” ဟု ‌ပြောသည်။

ယမန်‌နေ့ကျင်းပသည့် ‌ဒေါ်လာ အင်းပွဲ‌တော်တွင် အနီးအနား‌ကျေးရွာများမှ ‌ဒေသခံများ၊ စိတ်ပါဝင်စားသူများက တက်‌ရောက်ခဲ့ကြပြီး ‌ဒေါ်လာအင်းနှင့်ပတ်သက်‌သော အစဉ်အလာထိန်းသိမ်းမှု အ‌ခြေအ‌နေများကို ရှင်းလင်း တင်ပြသည့် အစီအစဉ်များအပြင် အင်းနှင့်သက်ဆိုင်သည့် ပြပွဲ၊ ရိုးရာငါးဖမ်းပစ္စည်းပြပွဲ၊ ငါးဖမ်းပြိုင်ပွဲ၊ ငါးရှဉ့်ဖမ်းပြိုင်ပွဲ၊ ပိုက်ကွန်ပစ် ပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ခဲ့ကြသည်။

‌ဒေသခံများစု‌ပေါင်းကျင်းပသည့် ‌ဒေါ်လာအင်းပွဲ‌တော် ပထမအကြိမ်ကို ၂၀၁၇ ခုနှစ်က ကမ်းကြီး‌ကျေးရွာမှ စတင်ကာ ဒုတိယအကြိမ်ကို မုက္ကဒိ‌ကျေးရွာတွင်ကျင်းပပြီး‌နောက် ယခုမိကရင်‌ကျေးရွာတွင် တတိယ အကြိမ် ‌မြောက် ကျင်းပခြင်းလည်း ဖြစ်သည်။