Home ကဗျာ ကြွေလွှင့်ကြယ် ခွန်အားနှင့် အနာဂတ်လူငယ်များ

ကြွေလွှင့်ကြယ် ခွန်အားနှင့် အနာဂတ်လူငယ်များ

1481

(ခေါင်ဆူလိုင့်)

သွေးတစ်စက် ပေးဆပ်ခဲ့ပြီ
ဆယ့်တစ်နှစ်တဲ့ လွန်မြောက်ခဲ့ရ ကျဆုံးမှုကာလ
အမည်ကတော့ ရှင်သန်ဆဲ
ဘာတဲ့လဲ မန်းရှာ
နမ့်ကျင်ရွှေဟာ သူ့ဇနီး
သားကြီးက စေးစေးဖန်း
သားထွေးက စလုံ့ဖန်း
ဘွားဘွားဖန်းက သမီးကြီး
ရေဆန့်သမီးငယ် ဇိုယာဖန်း
လန်းဆန်းဆဲ ဖန်းဖောင်ဒေးရှင်းနဲ့
ကရင်လူငယ်မောင်မယ်ထုရဲ့ ခွန်အားဟာ
ကရင့်အနာဂတ်ရယ်ပါ …
လူငယ်ထုရဲ့လုပ်အားဟာ ကရင်လူမျိုးအတွက်ပါ …။

၂၀၀၈ ချစ်သူများနေ့မှာ
မုန်းသူများရဲ့ကျည်ဆံ သူ့ရင်ကိုခွင်းစေခဲ့တယ်
မေ့ဖျောက်မရနိုင်အောင် ရတက်ပွေ
မန်းရှာရေ လွမ်းမပြေတော့ဘူး
ရင်ကိုစူးတဲ့ ကျည်သုံးတောင့်
ပျောက်ပျက်မသွား လူငယ်တိုင်းရဲ့နှလုံးသား
နာကျင်မှုများကို ခွန်အားစွမ်းပကားအဖြစ်
အသုံးချတတ်နိုင်မယ်ဆိုရင်
ကရင်လူငယ်မောင်မယ်များတို့ရေ
ချစ်စကိုရှည်စေ မုန်းစကိုတိုစေမို့
တို့တတွေ သိုးငယ်တွေလို ဖြစ်မနေဘဲ
ခြင်္သေ့မင်းနှယ် အားအင်အပြည့်နဲ့
တက်ကြွတဲ့ အနာဂတ်ကို တည်ဆောက်သွားကြပါစို့ … ။

(ချစ်တဲ့သူတွေ ချစ်ခင်ကြင်နာမှု ပြည့်လျှမ်းနေကြတဲ့ ကမ္ဘာ့ချစ်သူများနေ့ ဖေဖော်ဝါရီလ ၁၄ရက်နေ့သို့)