Home သတင်း ‌ကော့မှူးမြို့နယ်တွင်းရှိ ရွာ ၁၆ ရွာပါဝင်သည့် ကရင်စာ‌ပေဆရာဖြစ်မွမ်းမံ သင်တန်းဆင်းပွဲပြုလုပ်

‌ကော့မှူးမြို့နယ်တွင်းရှိ ရွာ ၁၆ ရွာပါဝင်သည့် ကရင်စာ‌ပေဆရာဖြစ်မွမ်းမံ သင်တန်းဆင်းပွဲပြုလုပ်

1753
Photo- Nant Mi Mi Ki' FB

ဇွန် ၅ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ရန်ကုန်‌တောင်ပိုင်းခရိုင်၊ ‌ကော့မှူးမြို့နယ်အတွင်းရှိ ကရင်ရွာ‌ပေါင်း ၁၆ ရွာမှ သင်တန်းသားများပါဝင်သည့် အမှတ်စဉ် (၂) ကရင်(အ‌နောက်ပိုး) စာ‌ပေဆရာဖြစ် မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ‌ကော့မှူးမြို့နယ်၊ ဝါးသိခင်္ရွာတွင် ယ‌နေ့(ဇွန် ၅ ရက်) ပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းကို ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းရှိ အစိုးရအ‌ခြေခံပညာ‌ကျောင်းများတွင် ဇူလိုင်လမှ စတင် သင်ကြားမည့် ကရင်စာ‌ပေအတွက် အဆင်သင့်ဖြစ်‌စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်‌ကြောင်း သင်တန်း ဆရာမ နန့်စိုးစိုးက ယခုလို ‌ပြောသည်။

၎င်းက “ကရင်စာ‌ပေ ပြန်လည်မြင့်မားဖို့၊ ပြန့်ပွားဖို့အတွက် လာ‌ရောက် သင်ကြား‌ပေးခြင်းဖြစ်ပါတယ်။ တက် ‌ရောက်တဲ့ သင်တန်းသားထဲမှာ ‌လေ့လာသူ ၂ ဦးကလွဲလို့ ကျန်တဲ့ ၄၉ ဦးလုံးဟာ သူတို့ရဲ့သက်ဆိုင်ရာ ရွာ‌တွေမှာ ကရင်စာဆရာအဖြစ် စာပြန်သင်‌ပေးသွားမယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကော့မှူးမြို့နယ်၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီမှ ဦး‌ဆောင်ပြုလုပ်‌ပေးသည့် ယခုသင်တန်းကို မြို့နယ် အတွင်းရှိ ကရင်(အ‌နောက်ပိုး)ရွာ‌ပေါင်း ၁၆ ရွာမှ သင်တန်းသား/သူ(ဆရာ/မ ‌လောင်း ) ၅၁ ဦးတက်‌ရောက် ခဲ့ခြင်းဖြစ်သည်။
‌မေ ၂၉ ရက်မှ ဇွန် ၄ ရက်‌နေ့အထိ တပတ်ကြာဖွင့်လှစ်ခဲ့သည့် အဆိုပါသင်တန်းတွင် ကရင် KG (သူငယ်တန်း) ဖတ်စာ သင်ကြားနည်းများကို ဧရာဝတီတိုင်း‌ဒေသကြီးမှ ဆရာ/မ ‌လေးဦးက သင်ကြားပို့ချ‌ပေးခဲ့ ခြင်းဖြစ်‌ကြောင်း လည်းသင်တန်းတာဝန်ရှိသူများထံမှ သိရသည်။

သင်တန်းသူ ဝါးသိခင်္ရွာမှ နန့်စုမြတ်နိုင်က “ကိုယ့်အမျိုးသား‌ရေးကို တိုးတက်‌စေချင်တယ်။ ကရင်က‌လေး တိုင်းကို ကရင်စာတတ်‌စေချင်တယ်။ ဒါ‌ကြောင့် ဒီသင်တန်းကိုတက်ပြီး ဇူလိုင်လ ၁ ရက်‌နေ့ဆို (က‌လေး ‌တွေကို) ကရင်စာသင်‌ပေးရ‌တော့မယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း အစိုးရအ‌ခြေခံပညာ‌ကျောင်းများ၌ ၂၀၁၅ ခုနှစ်မှစ၍ ပိုးနှင့် စ‌ကောကရင်စာ စတင် သင်ကြားခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် KG တန်းတွင် ပိုးနှင့် စ‌ကောကရင်စာသင်ရိုး သစ်ဖြင့် သင်ကြားမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ ရန်ကုန် ‌မြောက်ပိုင်းခရိုင် အင်းစိန်၊ ‌မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး၊ ထန်းတပင်စသည့် မြို့နယ်များနှင့် ‌တောင်ပိုင်းခရိုင်အတွင်း တွံ‌တေး၊ ‌ကော့မှူး၊ ကွမ်းခြံကုန်းစသည့် မြို့နယ်များတွင် ကရင်စာသင်ကြားမှု အများဆုံး ဖြစ်‌ကြောင်းလည်း တိုင်းစာ/ယဉ်တာဝန်ရှိသူများထံမှ သိရသည်။

ယခုပြီးစီးသွားသည့် ‌ကော့မှူးမြို့နယ်၊ အမှတ်စဉ် (၂) ဆရာဖြစ်မွမ်းမံသင်တန်းဆင်းပွဲကို ‌ကော့မှူးမြို့နယ်အတွင်းရှိ ကရင် (အ‌နောက်ပိုး)စာ‌ပေအတွက် ဝါးသိခင်္ရွာနှင့် ကရင်(စ‌ကော)စာ‌ပေကို ၉ ရွာစု‌ပေါင်း၍ ‌သောင်အိမ်ရွာတို့တွင် နှစ်‌နေရာခွဲကာ ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

ပထမဦးဆုံးအကြိမ် ‌ကော့မှူးမြို့နယ်၊ အမှတ်စဉ် (၁) ကရင်ဆရာဖြစ်မွမ်းမံသင်တန်းဆင်းပွဲကို စ‌ကောနှင့် ပိုးရွာ ၂၁ ရွာ စု‌ပေါင်း၍ မို‌တောရွာတွင် ၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့သည်ဟု သိရသည်။