Home သတင်း မူးယစ်‌ဆေး‌ရောင်းဝယ်မှု ‌နောက်ကွယ်တွင် လက်နက်ကိုင်အဖွဲ့ရှိဟု ပြည်နယ်ရဲမှူး‌ပြော

မူးယစ်‌ဆေး‌ရောင်းဝယ်မှု ‌နောက်ကွယ်တွင် လက်နက်ကိုင်အဖွဲ့ရှိဟု ပြည်နယ်ရဲမှူး‌ပြော

2267
JMC နှင့် ‌ဒေသခံများ ‌တွေ့ဆုံပွဲ အခမ်းအနား (Photo_KIC)

ဇွန် ၅ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်အတွင်း မူးယစ်‌ဆေးဝါး‌ရောင်းဝယ်မှု ‌နောက်ကွယ်တွင် လက်နက်ကိုင်အဖွဲ့ရှိသည်ဟု ကြာအင်း ဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသ ဖားပြရွာဘုန်းကြီး‌ကျောင်း၌ ဇွန် ၄ ရက်‌နေ့တွင် ပြုလုပ်သည့် ပစ်ခတ်တိုက်ခိုက် မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီဝင်များနှင့် ‌ဒေသခံများ ‌တွေ့ဆုံပွဲ အခမ်းအနားတွင် ပြည်နယ် ရဲမှူးကြီးကြည်လင်းက ‌ပြောဆိုလိုက်သည်။

ပြည်နယ်ရဲမှူးကြီး ကြည်လင်းက “ခလယ်၊ တံခွန်တိုင်၊ ဖားပြ ဒီဘက်ရွာ‌တွေမှာ မွန်ပြည်နယ် ကျိုက်မ‌ရော၊ ‌မော်လမြိုင် တို့မှာ ဖမ်းမိတဲ့မူးယစ်‌ဆေး‌တော်‌တော်များများက ဒီဘက်က‌နေ လာ‌ရောင်းတယ်လို့ ဒီလိုပဲ စွပ်စွဲတယ်။ နာမည်ပျက် တာ‌ပေါ့။ စက်‌တွေရိုက်ပြီး ‌ရောင်းတဲ့အဆင့်‌လောက်ထိ ‌ပြောပါတယ်။ ရွာသား‌တွေထဲမှာ ဝိသမ‌လောဘ‌ပေါ့။ ပိုက်ဆံအမြတ်များများလိုချင်တဲ့လူက ‌ရောင်းတယ်။ ‌ရောင်း‌သော်များလည်း လက်နက်ကိုင် အဖွဲ့အစည်း‌တွေကို အကာကွယ်ယူရတယ်။ ‌နောက်ကွယ်မှာ လက်နက်ကိုင်အဖွဲ့အစည်းရှိတယ်” ဟု ‌ပြောသည်။

ထို့အပြင် အလွှာ‌ပေါင်းစုံထဲသို့ မူးယစ်‌ဆေးဝါးများ စိမ့်ဝင်လာသည့်အတွက် စိုးရိမ်သလို ‌နောင်အနာဂတ်တွင် မူးယစ်‌ဆွေး စွဲသူ၊ ဘိန်းစားများမဖြစ်‌အောင် ပူး‌ပေါင်း‌ဆောင်ရွက်ရမည်ဖြစ်ပြီး မူးယစ်‌ဆေးစွဲသူများကို အသိ‌ပေးပါက ဖမ်းဆီးသွားမည်မ ဟုတ်ဘဲ ‌ဆေးဖြတ်‌ပေးသွားမည်ဖြစ်ကာ ‌ဒေသအတွင်း မိမိရဲတပ်ဖွဲ့ဝင်များ မမှန်လုပ်သည်များရှိပါက အ‌ရေးယူသွားမည်ဟု ပြည်နယ်ရဲမှူးကြီး ကြည်လင်းက ဆက်‌ပြောသည်။

အဆိုပါ ပြည်နယ် JMC-S ‌ကော်မတီဝင်များနှင့် ‌ဒေသခံများ ‌တွေ့ဆုံပွဲ အခမ်းအနားသို့ ဝင်း‌ရော်‌ဒေသရှိ ‌ကျေးရွာ ၃၉ ရွာမှ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများ ‌ဒေသခံရွာသား ၅ဝဝ နီးပါးတက်‌ရောက်ပြီး တပ်ပိုင်းဆိုင်ရာကိစ္စနှင့် တိုင်းရင်းသားစာ‌ပေ ကိစ္စ ရပ်များ ‌ဆွေး‌နွေးသွားသည်ဟု သိရသည်။

အခမ်းအနားတက်‌ရောက်လာသူ ဖားပြရွာမှ မန်းယုံထီက “ဒီမူးယစ်‌ဆေးဝါးကို ကျ‌နော်တို့ပြည်သူ‌တွေ၊ လက် နက်ကိုင်အဖွဲ့အစည်း‌တွေ၊ အစိုးရ၊ စစ်တပ်၊ တညီတစ်ညွတ်ထိန်းကွပ်မှ ဒီကိစ္စက ငြိမ်မယ်။ သူရဲ့ ‌နောက်ခံ ‌တွေ က ‌တော်‌တော်‌ကောင်းတဲ့ ပုံစံပဲ။ တခါတ‌လေ ကားတစ်စီးလုံး‌တောင် ပိုင်ရှင်မဲ့လုပ်တာကျ‌တော့ ‌တော်‌တော်ရုပ်ဆိုးတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း ၂ဝ၁၇ ခုနှစ်အတွင်း မူးယစ်‌ဆေးပြား ၂၃ သိန်း ၇ ‌သောင်း‌ကျော်နှင့် လက်နက် ၁၈၇ လက် ဖမ်းဆီးရမိခဲ့ပြီး ပတ်ခတ်မှု ၂ဝ ကြိမ် ဖြစ်ပွားကာ လက်နက်ကိုင်အဖွဲ့အစည်း‌ရော၊ လက်နက်ကိုင်အဖွဲ့ အစည်းမဟုတ် သည်များလည်းပါဝင်သည်ဟု ပြည်နယ်တာဝန်ရှိသူထံမှ သိရသည်။