Home သတင်း တိုင်းရင်းသား‌ပေါင်းစုံပါ ‌ကျောင်းဆရာ/ဆရာမများ၏ စွမ်းရည်မြှင့်တင်ခြင်းသင်တန်း ပြင်ဦးလွင်တွင် ပြုလုပ်‌နေ

တိုင်းရင်းသား‌ပေါင်းစုံပါ ‌ကျောင်းဆရာ/ဆရာမများ၏ စွမ်းရည်မြှင့်တင်ခြင်းသင်တန်း ပြင်ဦးလွင်တွင် ပြုလုပ်‌နေ

2597
Photo_tanar ku

ဇွန် ၆ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

‌ကျေးလက်‌နေဌာ‌နေတိုင်းရင်းသားများ‌ရေရှည်ရပ်တည်‌ရေးဆိုင်ရာ ပညာ‌ရေး- Rural Indigenous Sustainable Education (RISE) အဖွဲ့မှ ဦး‌ဆောင်ပြီး ပြုလုပ်သည့် Mobile Teacher Trainers’ Capacity Building Training- MTT ‌ကျောင်းဆရာ/ဆရာမများ၏ စွမ်းရည်မြှင့်တင်ခြင်းသင်တန်းတရပ်ကို မန္တ‌လေးတိုင်း‌ဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ပြုလုပ် လျက်ရှိသည်။

ဇွန် ၆ ရက်မှ စက်တင်ဘာအထိ ၄ လတာ ကြာမြင့်မည့် ယခုသင်တန်းတက်‌ရောက်‌နေသည့် MTT ‌ကျောင်း ဆရာ/မများအ ‌နေဖြင့် တိုင်းရင်းသား‌ဒေသရှိ ဆရာ/မများဆီသို့ သွား‌ရောက် ‌တွေ့ဆုံသည့်အခါ ပညာ‌ရေး ဆိုင်ရာအ‌ခြေအ‌နေများ နှင့် ပတ်သက်၍ ‌ဆွေး‌နွေးအကြံ‌ပေးမှုများပြုလုပ်‌ပေးနိုင်ရန် သင်တန်း‌ပေးရခြင်းဖြစ်သည်ဟု RISE မှ program manger ဆရာမ Crystal White က ‌ပြောသည်။

၎င်းက “‌ဝေးလံ‌ခေါင်ဖျားတဲ့ တိုင်းရင်းသား‌ဒေသက ဆရာ/မ ‌တွေဟာ ပံ့ပိုးမှုနည်းလာလို့ အလုပ်ထွက်တာ များလာတယ်။ ဒါ‌ကြောင့် အဲ့ဒီ ဆရာ/မ‌တွေကို စွမ်းရည်မြှင့်သင်တန်း‌တွေ‌ပေးဖို့၊ နည်းပညာပို်င်းဆိုင်ရာ‌တွေ၊ စိတ်ဓာတ်ခွန်အား‌တွေ ဖြစ်လာ‌အောင်၊ မိမိကိုယ်ကို ယုံကြည်မှုရှိလာ‌အောင် MTT က‌နေတဆင့် ပံ့ပိုး‌ပေးဖို့ပါ။ ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါသင်တန်းတွင် ကရင်၊ ကယန်း၊ ကချင်၊ သျှမ်း(ရှမ်း)၊ ပအိုဝ်း၊ ချင်း၊ ဇိုမီး၊ နာဂ၊ လားဟူ၊ တအာင်း စသည့် သက်ဆိုင်ရာ တိုင်းရင်းသား ပညာ‌ရေးအဖွဲ့ ၁ဝ ဖွဲ့မှတက်‌ရောက်လာသည့် သင်တန်းသား/သူ ၅၂ ‌ယောက်ကို (Rise) မှ ဆရာ ၆ ဦးက ကြီးကြပ်သင်ကြား‌ပေး‌နေခြင်းလည်း ဖြစ်သည်။

Photo_tanar ku

တိုင်းရင်းသားပညာ‌ရေးဆိုင်ရာအဖွဲ့အစည်းများတွင် ဖွဲ့စည်းထားသည့် MTT အဖွဲ့မှာ တိုင်းရင်းသား‌ဒေသများရှိ ပညာ‌ရေး ဆိုင်ရာကိစ္စများနှင့်ပတ်သက်ပြီး စွမ်း‌ဆောင်ရည်မြှင့်တင်‌ရေးဆိုင်ရာလုပ်ငန်းများကို အဓိက ဖြန့်‌ဝေ သင်ကြား ‌ပေး‌နေသည့် အဖွဲ့အစည်းလည်းဖြစ်သည်။

အဆိုပါ သင်တန်းတွင် Education Psychology ၊ Facts of Management ၊ Manage Style ၊ Teacher Role and Reasonability၊ Learning Environment စသည့် ဘာသာရပ်များကို သင်ကြားပို့ချ‌ပေးသွားမည်ဖြစ်ပြီး အနည်းဆုံး စာသင် အ‌တွေ့အကြုံ (၂) နှစ်ရှိသူ၊ မိခင်အဖွဲ့အစည်းမှ ‌ထောက်ခံထားသူ၊ အထက်တန်းအဆင့် ‌အောင်မြင်ထားသူများကို သင်တန်းသို့ တက်‌ရောက်ရန် သတ်မှတ်ထားသည်ဟု သင်တန်း တာဝန်ခံများထံမှ သိရသည်။

ထို့အပြင် တိုင်းရင်းသား‌ဒေသများတွင် ပညာ‌ရေးလိုအပ်ချက်များစွာရှိ‌နေပြီး ယခုသင်တန်းတွင် သင်ကြား‌ရေး အပြင် တိုင်းရင်းသားက‌လေးငယ်များကို ၎င်းတို့၏ မိခင်ဘာသာစကားနှင့် သင်ကြား‌ပေးခြင်းအားဖြင့် သင်ယူမှု အပိုင်း၌ အကျိုး ‌ကျေးဇူး ဖြစ်ထွန်းနိုင်သည့် အဉာဏ် ပံ့ပိုး‌ပေး‌သော နည်းပညာပိုင်းကိုလည်း ထည့်သွင်းထား‌ကြောင်း ဆရာမ Crystal White က‌ပြောသည်။

‌ကျေးလက်‌နေဌာ‌နေတိုင်းရင်းသားများ‌ရေရှည်ရပ်တည်‌ရေးဆိုင်ရာပညာ‌ရေး- Rural Indigenous Sustainable Education (Rise) မှ ဦး‌ဆောင်ပြုလုပ်သည့် ယခုလိုသင်တန်းမျိုးကို ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့တွင် ၂၀၁၁ ခုနှစ်မှ စတင်ပြုလုပ်ခဲ့ပြီး ယခင်သင်တန်းများမှာ ရက်ပိုင်းသာကြာမြင့်ခဲ့‌သော်လည်း ယခုုနှစ်၏ ‌လေးလကြာ သင်တန်းမှာ အရှည်ကြာဆုံးသင်တန်းကာလဖြစ်‌ကြောင်းလည်း သိရသည်။