Home သတင်း နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုဆိုင်ရာ ပြင်ဆင်ထားမှုများကို KNDCC နှင့် ကရင်နီကိုယ်စားလှယ်အဖွဲ့ အမြင်ချင်း‌ဆွေး‌နွေးဖလှယ်

နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုဆိုင်ရာ ပြင်ဆင်ထားမှုများကို KNDCC နှင့် ကရင်နီကိုယ်စားလှယ်အဖွဲ့ အမြင်ချင်း‌ဆွေး‌နွေးဖလှယ်

2157

‌မေလ ၉ ရက်၊ ၂၀၁၈ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်နီ(ကယား)ကိုယ်စားလှယ်အဖွဲ့မှ ကရင်အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ကျင်းပ‌ရေး‌ကော်မတီ (KNDCC) နှင့် ဖားအံမြို့တွင် ယ‌နေ့( ‌မေ ၉ ရက်) ‌တွေ့ဆုံကာ လက်ရှိ ကရင်အမျိုးသားတို့၏ နိုင်ငံ‌ရေးလှုပ်ရှား ကြိုးပမ်းမှုဖြစ်စဉ်အား လာ ‌ရောက်‌လေ့လာပြီး အမြင်သ‌ဘောထားများ‌ဆွေး‌နွေးဖလှယ်ကြသည်ဟု သိရသည်။

ကရင်နီ‌ဒေသမှ အဖွဲ့‌ပေါင်းစုံပါဝင်သည့် ကိုယ်စားလှယ်များအ‌နေဖြင့် ‌ရှေ့လာမည့် နိုင်ငံ‌ရေးဆိုင်ရာ ကိစ္စရပ်များအတွက် ထိုသို့လာ‌ရောက်‌လေ့လာပြီး ‌ဆွေး‌နွေးရခြင်းနှင့်ပတ်သက်၍ ကရင်နီအမျိုးသားတိုုးတက်‌ရေးပါတီ (KNPP) အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌ရွှေမျိုးသန့်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောဆိုသည်။

“ ပြည်‌ထောင်စုညီလာခံကြီးမှာ တင်မယ့်စာတမ်း‌တွေ မူ‌တွေက ကရင်က တစ်မျိုး၊ ကရင်နီ၊ မွန် တစ်ဖွဲ့တစ်မျိုးဖြစ်ရင် အခက်အခဲရှိနိုင်တယ်။ ကျ‌နော်တို့ဖက်ဒရယ်သွားရင် ကိုယ့်နယ်‌မြေ‌ဒေသအလိုက်ပဲ ဖြစ်‌စေ၊ သမိုင်းအချက် အလက် ‌တွေဖြစ်‌စေ ကွာခြားတဲ့ အချို့အချက်အလက်‌တွေကလွဲပြီး တကယ့် အ‌ခြေခံ‌ကျောရိုး‌တွေက ကွဲလွဲမှုမရှိဘူး။ ဒါကို အပြန် အလှန်ဖလှယ်ဖို့ လုပ်ဖို့လိုမယ်။ ပြီး‌တော့ ‌ဆွေး‌နွေးချက်‌တွေ ပိုအား‌ကောင်း‌အောင် တစ်ဖွဲ့ လိုအပ်ချက်ကို တစ်ဖွဲ့ ‌ထောက်ပြ ခြင်းအားဖြင့် ပိုပြီး‌ကောင်း‌အောင် လုပ်‌ဆောင်နိုင်မယ်လို့ ယူဆချက်နဲ့ ‌တွေ့ဆုံ‌ဆွေး‌နွေးတဲ့ အဓိက ရည်ရွယ်ချက်ပါတယ် ” ဟု ‌ပြောသည်။

ကရင်နီကိုယ်စားလှယ်အဖွဲ့တွင် KNPP အပါအဝင် ကရင်နီ‌ဒေသရှိ လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံ‌ရေးပါတီများမှ ကိုယ်စားလှယ်များ စုစု‌ပေါင်း ၃ဝ ဦးပါဝင်သည်ဟု သိရသည်။

ယ‌နေ့‌တွေ့ဆုံမှုမှာ ဖက်ဒရယ်ပြည်‌ထောင်စု သွားနိုင်ရန်အတွက် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများတွင် ‌ဆွေး‌နွေးမည့် အ‌ကြောင်းအရာများဖြစ်သည့် နိုင်ငံ‌ရေး၊ လူမှု‌ရေး၊ စီးပွား‌ရေး၊ လုံခြုံ‌ရေး၊ ‌မြေယာနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ၎င်းတို့၏ ပြင်ဆင်ပြုစုထားသည့် အချက်များကို အပြန်အလှန် တင်ပြ‌ဆွေး ‌နွေးဖလှယ်မှု များပြုလုပ်ခဲ့ခြင်းဖြစ်သည်။

KNDCC အဖွဲ့‌ခေါင်း‌ဆောင် KNU အတွင်း‌ရေးမှူး (၂) ပဒို‌စောလှထွန်းက“ ဖယ်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက် မယ်ဆိုရင် အ‌ခြေခံမူကို‌တော့ လက်ခံလာကြတာ‌ပေါ့‌နော်။ ပြီး‌တော့ အခုရှိ‌နေတဲ့နိုင်ငံ‌ရေးအခင်းအကျင်းက တိုင်းရင်းသား လူမျိုးတစ်ဖွဲ့ချင်းစီရဲ့ ရပ်တည်မှုအ‌နေထားအရ မတူညီတဲ့နည်းလှုပ်ရှား‌ဆောင်ရွက်မှု‌တွေနဲ့ ချဉ်းကပ်‌နေကြတာ‌ပေါ့‌နော်။ အခုတူညီတဲ့ ဘုံရပ်တည်ချက်ကိုသွားပြီး တည်‌ဆောက်မှာဖြစ်တဲ့အတွက် အပြန်အလှန်‌တွေ့ဆုံမှုက‌နေ တူညီတဲ့ စုဖွဲ့ပြီး အား‌ကောင်း‌ကောင်းနဲ့ သွားနိုင်မှာဖြစ်တယ်” ဟု ‌ပြောသည်။

ကရင်နီပြည်နယ်ရှိ ကိုယ်စားလှယ်အဖွဲ့သည် ယမန်‌နေ့က မွန်လူမျိုးစု ကိုယ်စားလှယ်များနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးဖလှယ်ပြီး သည့်‌နောက်တွင် ယခု KNDCC ကိုယ်စားလှယ်များနှင့် ပြန်လည်‌တွေ့ဆုံခြင်းဖြစ်ပြီး ရှမ်း(သျှမ်း)နှင့် ပအိုဝ်းကိုယ်စား လှယ်များကိုလည်း ဆက်လက်‌တွေ့ဆုံရန် အစီအစဉ်ရှိသည်ဟု ကရင်နီကိုယ်စားလှယ် တာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။