Home သတင်း ‌မြောင်းမြမြို့နယ် (၁၂) ကြိမ်‌မြောက် ကရင်တိုင်းရင်းသားစာ‌ပေ မွမ်းမံသင်တန်း ပြုလုပ်

‌မြောင်းမြမြို့နယ် (၁၂) ကြိမ်‌မြောက် ကရင်တိုင်းရင်းသားစာ‌ပေ မွမ်းမံသင်တန်း ပြုလုပ်

2606

‌မေလ ၉ ရက်၊ ၂၀၁၈ခုနှစ်။ နန့်ဘွားခလိန်

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ ‌မြောင်းမြမြို့နယ်တွင် ကရင်တိုင်းရင်းသားစာ‌ပေများ ထိ‌ရောက်စွာသင်ကြား နိုင် ‌စေရန်အတွက် (၁၂) ကြိမ်‌မြောက် ကရင်စာ‌ပေ မွမ်းမံသင်တန်းကို ‌မေလ ၆ ရက်မှ ၁၁ရက်‌နေ့အထိ ပြုလုပ်သွား မည်ဖြစ်‌ကြောင်း ‌မြောင်းမြမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း‌ရေးမှူး မန်းထွန်းလင်းက ‌ပြောသည်။

ကရင်တိုင်းရင်းသား စာ‌ပေမွမ်းမံသင်တန်းပြုလုပ်ရခြင်းနှင့် ပတ်သက်၍ မန်းထွန်းလင်းက “ စာ‌ပေ သင်ကြားတဲ့ ဆရာ/ ဆရာမ‌တွေလည်း ကရင်စာ‌ပေကို ကျွမ်းကျင်စွာနဲ့ပိုပြီး‌တော့ ထိထိ‌ရောက်‌ရောက် ‌အောင်မြင်‌အောင် သင်ကြားနိုင်ဖို့ လိုအပ်တဲ့ အတွက် မွမ်းမံသင်တန်း လုပ်ရတာဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင် စာ‌ပေမွမ်းမံသင်တန်းကို သင်ကြား‌ပေးရန် အတွက် ဆရာ/ဆရာမ စုစု‌ပေါင်း (၁၃)ဦးဖြင့် ‌ကျောင်းချိန်အတွင်း သင်ကြား‌သော ကရင်တိုင်းရင်းသား ဆရာ/ဆရာမများနှင့် ကရင်စာ‌ပေ‌လေ့လာသူများ စုစု‌ပေါင်း ဦး‌ရေ ( ၄၂၅ ) ဦးတို့ကို စာ‌ပေသင်ကြားမှုပုံစံများ ၊ သင်ကြားရမည့်စနစ်များနှင့် ဘာသာစကား ကျွမ်းကျင်မှုဆိုင်ရာ ‌ဝေါဟာရများကို သင်ကြား‌ပေး သွားမည်ဖြစ်သည်။

ကရင်လူမျိုး အများအပြား‌နေရာထိုင်ရာ ‌ဒေသတစ်ခုဖြစ်သည့် ‌မြောင်းမြမြို့နယ် ကရင်စာ‌ပေ မွမ်းမံသင်တန်း တွင် ‌မြောင်းမြမြို့နယ်အပါအဝင် ‌မော်လမြိုင်ကျွန်း၊ ‌ချောင်းသာမြို့နယ်ခွဲ ၊ ဝါးခယ်မ ၊ အိမ်မဲ ၊ လပွတ္တာ စသည့်မြို့ နယ်အသီးသီးမှ ကရင်တိုင်းရင်းသားစာ‌ပေသင် ပိုးကရင် ဆရာ/ဆရာမ (၃၄၅)ဦးနှင့် စ‌ကောကရင် ဆရာ/ဆရာမ (၈၀)ဦး တက်‌ရောက် သင်ကြား‌နေကြ‌ကြောင်း သိရသည်။

၎င်းကရင်စာ‌ပေ မွမ်းမံ သင်တန်းဖွင့်ပွဲကို ‌မေလ ၆ရက်‌နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းပွဲကို ‌မေလ ၁၁ ရက် ‌နေ့လည် ၁ နာရီခွဲ မှ ည‌နေ ၄နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းဆင်းပွဲကို ဧရာဝတီတိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ အပါအဝင် ‌မြောင်းမြမြို့နယ် တိုင်းပညာ‌ရေးဝန်ကြီး (၂)ဦး နှင့် ကရင်လူမျိုးလွှတ်‌တော် ကိုယ်စားလှယ်များကိုလည်း တက်‌ရောက်ရန် ဖိတ်ကြားထား‌ကြောင်း ‌မြောင်းမြမြို့နယ် စာ/ယဉ်‌ကော်မတီက ‌ပြောသည်။