Home သတင်း ဖာပွန်ခရိုင်အတွင်း ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွား

ဖာပွန်ခရိုင်အတွင်း ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွား

2750

‌မေလ ၁ဝ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

KNU-ကရင်အမျိုးသားအစည်းအရုံး၊ မူတ‌ရော်(ဖာပွန်)ခရိုင်၊ လူ‌သောမြို့နယ်ရှိ ‌ခေးပူ၊ လယ်မူပ‌လောကြား ကားလမ်း‌ဟောင်းကို မြန်မာ့တပ်မ‌တော်က ယခု ‌မေလ ၆ရက်‌နေ့မှစ၍ ကားလမ်း‌ဖောက်လုပ်မှုများ တဖန်ပြန်လည် ပြုလုပ်လာ‌သော‌ကြောင့် နှစ်ဖက် တပ်အကြား ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွား‌နေသည်ဟု KNU ဖာပွန်ခရိုင်က ‌ပြောသည်။

ပြီးခဲ့သည့် မတ်လအ‌စောပိုင်းကစ၍ စတင်ဖြစ်ပွားခဲ့သည့် အဆိုပါ စစ်‌ရေးတင်းမာမှုသည် ဧပြီလ ‌နောက်ဆုံးအပတ်တွင် အ‌ခြေ အ‌နေ တည်ငြိမ်စရှိခဲ့‌သော်လည်း ယခုလဆန်းတွင် မြန်မာ့တပ်မ‌တော်ဘက်မှ ယခင်ထက် တပ်အင်အား ပိုမိုဖြည့်တင်းလာပြီး စက် ယန္တရားများဖြင့် လမ်းများပြန်လည်‌ဖောက်လုပ်လာခြင်း‌ကြောင့် ပစ်ခတ်မှု ၈ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီးဖြစ်‌ကြောင်း ဖာပွန်ခရိုင် ဥက္ကဌ ‌စောထဲဒယ်က ‌ကေအိုင်စီသို့ ယမန်‌နေ့က ‌ပြောသည်။

၎င်းက “ဒီ ‌မေလ ၄ရက်၊ ၅ရက်က စပြီး‌တော့ ပိုပြီးလှုပ်ရှားလာကြတယ်။ ကားလမ်းကို‌ဖောက်ဖို့ စက်ယန္တရား‌တွေ ထပ်ပို့လာတာ ရှိတယ်။ သတင်းရတာက ကားလမ်း‌ဟောင်း‌အောက်ပိုင်းဘက်မှာ လမ်း‌တွေ စ‌ဖောက်‌နေပြီးလို့သိရတယ်။ ‌နောက်ပြီး အ‌နှောက် အယှက်မရှိ‌အောင်လည်း လုံခြုံ‌ရေး‌တွေ ချထားတယ်။ ပစ်ခတ်မှုရှိလာ‌တော့ အ‌နောက်က ‌တောင်ကုန်း‌ပေါ်က‌နေ လက်နက်ကြီး နဲ့ ပစ်ကူတယ်။ ‌မေလ ၆ရက်‌နေ့က ပစ်ခတ်မှု ၂ကြိမ်၊ ၇ရက်‌နေ့က ၃ကြိမ်နဲ့ မ‌နေ့က ၈ရက်‌နေ့မှာ ၃ကြိမ်‌လောက်ဖြစ်တယ်”ဟု ‌မေလ ၉ရက်‌နေ့က ‌ပြောသည်။

ထို့အပြင် ယခင်မတ်လအတွင်း နှစ်ဖက်ပစ်ခတ်မှုများ‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်‌နေခဲ့ရသည့် ‌ဒေသခံ ရွာသားအချို့မှာ အစိုးရ တပ်မှ တပ်ပြန်‌ရွှေ့သွားသည့်အ‌ပေါ် ဧပြီလကုန်‌လောက်တွင် မိမိ‌နေရပ်သို့ ပြန်လည်ဝင်‌ရောက်လာခဲ့‌သော်လည်း ယခုကဲ့သို့ ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားလာမှု‌ကြောင့် အဆိုပါ ‌ဒေသခံရွာသားများ ထပ်မံ ထွက်‌ပြေး တိမ်း‌ရှောင်‌နေကြရသည်ဟုလည်း ‌စောထဲဒယ်က ဆက်‌ပြောသည်။

လတ်တ‌လောဖြစ်ပွားသည့် စစ်‌ရေးတင်းမာမှုသည် ပြီးခဲ့သည့် မတ်လ ၅ရက်‌နေ့ကစ၍ ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်‌အောက်ခံ တပ်ဖွဲ့မှ ‌ခေးပူနှင့် လယ်မူပ‌လော ကားလမ်း‌ဟောင်းကို ‌ဖောက်လုပ်ရန် အ‌ကြောင်းပြ၍ အင်အားအလုံးအရင်း ဖြင့် နယ်‌မြေ ‌ကျော်လွန်ဝင်‌ရောက်လာရာမှ KNU တပ်မဟာ(၅)နှင့် အစိုးရတပ်တို့ ထိ‌တွေ့မှု စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ‌ပြေလည်မှုရရှိရန် နှစ်ဖက်‌ခေါင်း‌ဆောင်များ ‌တွေ့ဆုံညှိနှိုင်းမှုပြုရန် ကြိုးစား‌နေချိန်တွင် ယခုလို ထပ်မံ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည် ဟု ‌ကေအဲန်ယူဘက်က ‌ပြောဆိုသည်။

လက်ရှိဖြစ်ပွား‌နေသည့် စစ်‌ရေးတင်းမာမှု ကိစ္စရပ်အ‌ပေါ် ကရင်ပြည်နယ် လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီးအား ‌ကေအိုင်စီမှ ဆက်သွယ်‌မေးမြန်း‌သော်လည်း ပြန်လည်‌ဖြေကြားရန် အချိန်မ‌ပေးနိုင်‌ကြောင်း ‌ပြောဆိုသည်။

မူတ‌ရော်(ဖာပွန်) စစ်‌ရေးတင်းမာမှုကိစ္စနှင့်ပတ်သက်၍ တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ်ရုံး၏ ဧပြီလ ၁ဝရက်စွဲပါ သတင်း ထုတ်ပြန်ချက်ထဲတွင်မူ လမ်း‌ဖောက်လုပ်မှုအတွက် နယ်‌မြေခံ KNLA နှင့် ကြိုတင် အသိ‌ပေး အ‌ကြောင်းကြား ညှိနှိုင်းခြင်း ၁၁ ကြိမ် ပြုလုပ်ခဲ့ပြီး ‌နောက်လမ်း‌ဖောက်လုပ်မှုကို မတ်လ ၄ရက်‌နေ့တွင် စတင်ခဲ့ရာ နယ်‌မြေအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့မှာ တပ်ပိုင်းဆိုင်ရာ စစ်ဆင်‌ရေးများတွင် အသုံးပြုရန် ‌ဖောက်လုပ်ခြင်းဟု စိုးရိမ်စိတ်များပြားပြီး လမ်း‌ဖောက်လုပ်‌ရေး လုပ်ငန်းများ ‌ဆောင်ရွက်လျက်ရှိ‌သော တပ်မ‌တော်စစ်‌ကြောင်းများအား မိုင်း‌ထောင်၊ ပစ်ခတ်မှုများလုပ်‌ဆောင်‌သော‌ကြောင့် မိမိ ဘက်မှစစ်သည်အချို့ ထိခိုက်ကျဆုံး ဒဏ်ရာရရှိမှုများရှိခဲ့သည်ဟု ဆိုထားသည်။

အဆိုပါ လမ်းဆက်လက်‌ဖောက်လုပ်‌နေမှုနှင့် ပစ်ခတ်မှုများဖြစ်ပွားသည့်ကိစ္စကို မလိုလားအပ်သည့် ပြဿနာများ ဆက်လက် မဖြစ်ပွားရန်အတွက် ‌ကေအဲန်ယူ တပ်မဟာ(၅)၊ မူတ‌ရော်(ဖာပွန်)ခရိုင်မှ ‌ကေအဲန်ယူ ဗဟိုသို့ တင်ပြအ‌ကြောင်းကြားထားပြီးဖြစ် သည်ဟု မူတ‌ရော်ခရိုင်ဥက္ကဌက ‌ပြောသည်။

ယခင်ဖြစ်ပွားခဲ့သည့် ကိစ္စရပ်အ‌ပေါ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ (JMC)မှ သီးခြားလွတ် လပ်သည့် စုံစမ်းစစ်‌ဆေး‌ရေးအဖွဲ့ဖြင့် အရပ်သား ၄ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့က မတ်လ ၁၉ရက်မှ ၂၁ရက်‌နေ့အထိ တပ် မဟာ (၅) ဌာနချုပ်ရှိရာ ဖာပွန်ခရိုင်၊ ‌ဒေ့ဘိုနို့ရွာသို့ သွား‌ရောက်စုံစမ်း‌လေ့လာခဲ့ကြပြီး ခရီးစဉ်အစီရင်ခံစာကို ၁၅ကြိမ်‌မြောက် JMC-U အစည်းအ‌ဝေးသို့ တင်ပြခဲ့ပြီးဖြစ်သည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်ပြီး မတ်လ ၂၉ရက်နှင့် ၃ဝရက်‌နေ့တွင် နှစ်ဖက်တပ်‌ခေါင်း‌ဆောင်များပါဝင်သည့် တပ်ပိုင်းဆိုင်ရာ ‌ဆွေး‌နွေးပွဲကို ပဲခူးတိုင်း၊ ‌ကျောက်ကြီးမြို့ရှိ KNU တပ်မဟာ ၃ဆက်ဆံ‌ရေးရုံး၌ ပြုလုပ်ရန် စီစဉ်ခဲ့‌သော်လည်း KNU မှ ဖွဲ့စည်း ထားသည့် စစ်ဘက်‌ရေးရာညှိနှိုင်း ‌ဆွေး‌နွေး‌ရေးအဖွဲ့တွင် KNU တပ်မဟာ(၅)မှူး မပါဝင်သည့်အတွက်‌ကြောင့်ဆိုကာ မြန်မာ့တပ် မ‌တော်ဘက်က ‌ဆွေး‌နွေးပွဲကို ‌ရွှေ့ဆိုင်းခဲ့ပြီး ယ‌နေ့အချိန်ထိ ‌တွေ့ဆုံညှိနှိုင်းနိုင်ခြင်းမရှိ‌သေး‌ကြောင်း သိရသည်။

မတ်လဆန်းပိုင်းက စတင်ဖြစ်ပွားခဲ့သည့် တပ်မ‌တော်နှင့် ‌ကေအဲန်ယူ တပ်မဟာ ၅ တပ်ဖွဲ့တို့အကြား စစ်‌ရေးတင်းမာမှု‌ကြောင့် လယ်မူပ‌လော‌ဒေသရှိ ‌ကျေးရွာ‌ပေါင်း ၁၆ရွာမှ ‌ဒေသခံ ၂,၃ဝဝ‌ကျော် ‌နေရပ်မှ ယခုအချိန်ထိ ထွက်‌ပြေးတိမ်း‌ရှောင်လျှက်ရှိသည်။