Home သတင်း ၄၈ ကြိမ် ကရင်စာ/ယဉ် တွင် လူဦး‌ရေ ၄ ‌ထောင်‌ကျော် စံချိန်တင် ပါဝင်ယှဉ်ပြိုင်‌နေ

၄၈ ကြိမ် ကရင်စာ/ယဉ် တွင် လူဦး‌ရေ ၄ ‌ထောင်‌ကျော် စံချိန်တင် ပါဝင်ယှဉ်ပြိုင်‌နေ

2598

‌မေ ၇ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ဖားအံမြို့နယ်၊ ‌ကော့ပရံရွာ၌ ‌မေ ၇ ရက်မှ ၁ဝ ရက်‌နေ့အထိ ကျင်းပ‌နေ‌သော ၄၈ ကြိမ်‌မြောက် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု စု‌ပေါင်းသင်တန်းဆင်းပွဲတွင် နှစ်စဉ် ပါဝင်ယဉ်ပြိုင်သည့် လူဦး‌ရေများလာပြီး ယခုနှစ်တွင်လည်း ၄၀၀ဝ ဦး‌ကျော်အထိ ရှိသည်ဟု သင်တန်းကျင်းပ‌ရေး တာဝန်ခံများက‌ပြောသည်။

ကရင်ပြည်နယ်၊ စာ‌ပေနှင့်ယဉ်‌ကျေးမှု တိုုးတက်ပြန့်ပွား‌ရေးအသင်းမှ ဦး‌ဆောင်ကျင်းပသည့် ယခု စု‌ပေါင်း သင်တန်းဆင်းပွဲတွင် နှစ်စဉ် ယှဉ်ပြိုင်သည့် လူဦး‌ရေများလာရခြင်းနှင့် ပတ်သက်၍ သင်တန်းမှူး ‌စောရှားထွန့်က ‌မေ ၇ ရက်(ယ‌နေ့)၌ ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ကရင်စာယဉ်အသင်း‌ရော ကရင်သံဃာ‌တော်များအသင်းပါ အမျိုးသား‌ရေးအမြင်‌တွေ သိမြင်လာဖို့ ‌ဒေသ‌တွေ၊ ရွာ‌တွေကို စည်းရုံးလှုံ့‌ဆော်‌ပေးမှု အားလည်း ပို‌ကောင်းလာတယ်။ ဆက်သွယ်သွားလာ‌ရေး၊ နည်းပညာ‌တွေ လည်း ပိုမြင့်လာတယ်။ ဒီနှစ်က ဖားအံမြို့နယ်လည်း ဖြစ်တယ်ဆို‌တော့ လူ‌တွေ သွားလာရ အဆင်‌ပြေ တယ်‌လေ↔ဟု‌ပြောသည်။

ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုများ တည်တံ့ခိုင်မြဲကာ ရှင်သန်ဖွံ့ဖြိုး‌စေရန် ရည်ရွယ်သည့် သင်တန်းဆင်းပွဲတွင် လွန်ခဲ့သည့် ၂ နှစ်က လူဦး‌ရေ ၃,၀၀ဝ ‌ကျော်သာ လာ‌ရောက်ဆင်နွှဲခဲ့‌သော်လည်း ယခုနှစ်တွင် ၄၁၅၉ ဦးအထိ စာ‌ပေတွင်သာမက ယဉ်‌ကျေးမှု ကဏ္ဍများတွင်လည်း ယဉ်ပြိုင်သူများခဲ့ခြင်း ဖြစ်သည်ဟု သင်တန်း တာဝန်ရှိသူက ‌ပြောသည်။

ယခုနှစ်တွင် မွန်ပြည်နယ်ရှိ ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ ‌ရေး၊ ‌ပေါင်နှင့်ကရင်ပြည်နယ်ရှိ ဖားအံ၊ ကြာအင်း ဆိပ်ကြီး၊ လှိုင်းဘွဲ၊ မြဝတီ၊ ‌ကော့ကရိတ်မြို့နယ်များမှ မြို့၊ ရပ်ကွက်၊ ‌ကျေးရွာများမှ ၆၅ ဖွဲ့ ဝင်‌ရောက် ယဉ်ပြိုင်‌နေခြင်းလည်း ဖြစ်သည်။

ဘုရားသုံးဆူမြို့မှ ဒုံးအက လာ‌ရောက်ယှဉ်ပြိုင်သည့် ၈ တန်း‌ကျောင်းသူ နန်းမဉ်ဇူပို်င်က ̏ ‌ရှေ့ဆက် အနာဂတ်မှာ ကရင်လူမျိုး‌တွေဟာ မျိုးချစ်စိတ်ရှိလာဖို့၊ ဒုံးအကလည်း ကတတ်လာဖို့ ရည်ရွယ်ပြီး ဒုံးအက လာ‌ရောက် ယှဉ်ပြိုင်တာပါ ↔ဟု‌ပြောသည်။

‌မေ ၇ ရက် ယ‌နေ့ ‌နေ့ပိုင်းတွင် အတန်းလိုက်စာ‌ပေပြိုင်ပွဲများ၊ တစ်ကိုယ်‌တော် သီချင်းပြိုင်ပွဲ၊ ရာဓနာ.(ဆု‌တောင်း) ‌တေးသီချင်းပြိုင်ပွဲများ ယှဉ်ပြိုင်‌နေပြီး ညပိုင်းတွင် ဒုံးအကပြိုင်ပွဲ ပြုလုပ်မည်ဖြစ်သည်။

‌မေ ၈ ရက်‌နေ့တွင် စာစီစာကုံး၊ ကဗျာ၊ ‌ဆောင်းပါး၊ ဝတ္တတို၊ ပန်းချီ၊ အုပ်စုသီချင်းပြိုင်ပွဲများ၊ ညပိုင်းတွင် ဒုံးအကနှင့် ‌မေ ၉ ရက်‌နေ့တွင် ကဗျာရွတ်၊ ကဗျာသရုပ်‌ဖော်၊ ရိုးရာတူရိယာများဖြစ်‌သော ‌စောင်း‌ကောက်၊ ဗျက်‌စောင်း စသည်တို့နှင့် ဒုံးအကတို့ပါဝင်ပြီး ၁ဝ ရက်‌နေ့တွင် ဆု‌ပေးပွဲကျင်းပမည်ဖြစ်သည်။

ယမန်နှစ်က မွန်ပြည်နယ်၊ ‌ပေါင်မြို့နယ်၊ က‌ဆောင့်ရွာတွင် ကျင်းပခဲ့ပြီး လာမည့် ၄၉ ကြိမ်‌မြောက် ကရင်စာ‌ပေ နှင့်ယဉ်‌ကျေးမှု စု‌ပေါင်းသင်တန်းဆင်းပွဲကိုမူ ဖားအံမြို့နယ်ရှိ ရွာများမှ အပြိုင်အဆိုင် ကျင်းပခွင့်ရရန် ‌တောင်းဆိုကြိုးပမ်း‌နေကြသည်ဟုလည်း သင်တန်းတာဝန်ရှိသူများက ‌ပြောသည်။