Home သတင်း ဌာ‌နေ လူထု‌ခေါင်း‌ဆောင် ‌စောအိုမူး ‌သေဆုံးမှု တစ်လပြည့် ‌အောက်‌မေ့ဆု‌တောင်းပွဲ ပြုလုပ်

ဌာ‌နေ လူထု‌ခေါင်း‌ဆောင် ‌စောအိုမူး ‌သေဆုံးမှု တစ်လပြည့် ‌အောက်‌မေ့ဆု‌တောင်းပွဲ ပြုလုပ်

2903

‌မေလ ၆ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

စစ်‌ဘေး‌ရှောင်‌ဒေသခံများအတွက် လိုအပ်သည့် စားနပ်ရိက္ခာနှင့် ‌ဆေးဝါး အကူအညီများ လိုက်လံကူညီ ‌ပေး‌နေ ရင်း ဧပြီလ ၅ ရက်‌နေ့က တပ်မ‌တော်၏ ပစ်ခတ်မှု‌ကြောင့် ‌သေဆုံးသွားခဲ့ရသည့် ဌာ‌နေလူထု ‌ခေါင်း‌ဆောင် ‌စောအိုမူး၏ တစ်လပြည့် ‌အောက်‌မေ့ဆု‌တောင်းပွဲတစ်ခုကို ကရင်အရပ်ဖက်အဖွဲ့များစု‌ပေါင်း၍ ထိုင်း-မြန်မာနယ် စပ်တစ်‌နေရာ၌ ‌မေလ ၅ ရက် ည‌နေပိုင်းက ပြုလုပ်ခဲ့သည်။

မူ‌တြော်(ဖာပွန်)ခရိုင် အ‌ရေး‌ပေါ်ကူညီ‌ရေးအဖွဲ့ ( Mutraw Emergency Assistance Team – MEAT)၏ ‌ဒေသ ခံ‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သည့် ‌စောအိုမူး၏ ၎င်း‌ဒေသနှင့် ပြည်သူများအတွက်လုပ်‌ဆောင်‌ပေးခဲ့မှုများကို ပြန် လည်‌အောက်‌မေ့ အသိအမှတ်ပြုခြင်းနှင့်အတူ အပြစ်မဲ့ပြည်သူတစ်ဦး၏‌သေဆုံးရခြင်း၏ အမှန်တရား ‌ပေါ်‌ပေါက် လာ‌ရေးအတွက် ရည်ရွယ်၍ ယခုလိုဆု‌တောင်းပွဲ ပြုလုပ်ရခြင်းဖြစ်‌ကြောင်းပွဲကို ဦး‌ဆောင်သူ ကရင်သဘာဝ ပတ်ဝန်းကျင်နှင့်လူမှု‌ရေးဆိုင်ရာလှုပ်ရှားမှု ကွန်ယက်(KESAN)၏ ဒါရိုက်တာ ‌စော‌ပေါလ်စိန်ထွားက ‌ပြောသည်။

၎င်းက “‌စောအိုမူးရဲ့ ‌သေဆုံးမှုအတွက် အနာဂတ်မှာ အမှန်တရား‌ပေါ်‌ပေါက်‌ရေးအတွက်နဲ့ သူ‌သေဆုံးသွားရ တာ အလဟသမဟုတ်ဘူးဆိုတာရယ် ‌နောက်ပြီး သူ‌သေဆုံးသွားရတဲ့ အဓိကအ‌ကြောင်းအရင်းက ကျ‌နော်တို့ ပြည်သူ‌တွေ အဖိနှိပ်ခံ‌နေရဆဲအ‌ခြေအ‌နေ‌တွေက ဆက်ရှိ‌နေတုန်းဆိုတာနဲ့ ငြိမ်းချမ်း‌ရေးကို အမှန်တကယ်လို အပ်‌နေတယ်ဆိုတာကို သိ‌စေချင်တဲ့သ‌ဘောနဲ့ ဒီလို‌အောက်‌မေ့ပွဲ‌လေးလုပ်ရတာပါ ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စောအိုမူးသည် ယခုနှစ် မတ်လဆန်းပိုင်းက ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၅ နယ်‌မြေအ တွင်း အစိုးရနှင့် ‌ကေအဲန်ယူအကြား ပစ်ခတ်မှု‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသည့် ‌ဒေသခံစစ် ‌ဘေး‌ရှောင် နှစ်‌ထောင်‌ကျော်အတွက် အ‌ရေး‌ပေါ်လိုအပ်သည့် အကူအညီများကို လိုက်လံကူညီ‌ပေး‌နေရင်း လယ်မူပ‌လော ‌ဒေသသို့ ပြန်လာစဉ် လမ်းခုလပ်တွင် စစ်တပ်က ပစ်ခတ်ခဲ့ခြင်း‌ကြောင့် ‌သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု (MEAT)က ဧပြီလ ၉ ရက် ‌နေ့စွဲဖြင့် သတင်းထုတ်ပြန် အတည်ပြု ‌ပြောဆိုလိုက်သည်။

သို့‌သော် ‌စောအိုမူး ‌သေဆုံးသွားသည်မှာ တစ်လပြည့်‌မြောက်သွားသည့်တိုင် ယ‌နေ့အချိန်ထိ ၎င်း၏ ရုပ်အ ‌လောင်းကို မိသားစုဝင်နှင့် လုပ်‌ဖော်ကိုင်ဖက်များက မြင်‌တွေ့ခွင့် မရကြ‌သေးဘဲ ၎င်း‌သေဆုံးမှုအတွက် တစုံတရာ အမှုမှန်‌ပေါ်‌ပေါက်လာခြင်းမရှိ‌သေး‌ကြောင်း ၎င်း၏ ညီမဖြစ်သူ ‌နော်ဝါး‌နေ‌စေးက ယခုလို‌ပြောသည်။
“သူ‌သေသွားတဲ့အ‌ပေါ်မှာ ကျမတို့ ဘာမှမလိုချင်ဘူး။ ကျမတို့ အ‌နေနဲ့ သူ့ရဲ့ရုပ်အ‌လောင်းကို မြင်‌တွေ့ချင်တယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမဟုတ်တာ‌တောင်မှ ‌သေသွားပြီး ဆိုတာကို လက်ခံနိုင်ဖို့ သူ့အ‌သွေး ဖြစ်ဖြစ်၊ အသား ဖြစ်ဖြစ် ဆံပင်‌မွှေးဖြစ်ဖြစ် မြင်‌တွေ့ချင်တယ် ”ဟု ၎င်းက ‌ပြောသည်။

KESAN နှင့် ကရင်‌ကျောင်းသားကွန်ယက်(KSNG)တို့ ကမကထ ပြုလုပ်သည့် ၎င်းဆု‌တောင်းပွဲသို့ ‌ကေအဲန်ယူ၊ ကရင်လူမှုအဖွဲ့အစည်း၊ အသိမိတ်‌ဆွေနှင့် မိသားစုဝင်များအပါအဝင် စုစု‌ပေါင်း ၁ဝဝ ‌ကျော် တက်‌ရောက်ခဲ့ပြီး ‌စောအိုမူး‌သေဆုံးမှုဖြစ်စဉ် သရုပ်‌ဖော်ခြင်း၊ ‌စောအိုမူး၏ဘဝ ရုပ်သံမှတ်တမ်းပြသခြင်း၊ အမှတ်တရ စကားများ တက်‌ရောက်‌ပြောကြားခြင်း၊ လက်ရှိငြိမ်းချမ်း‌ရေး ဖြစ်စဉ်ကို ချပြခြင်းနှင့် ဖ‌ယောင်းတိုင် မီးထွန်းညှိပြီး ဝတ်ပြု ဆု‌တောင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

‌စောအိုမူးသည် လယ်မူပ‌လောရွာသားဖြစ်ပြီး ‌ဒေသအတွင်း ဌာ‌နေတိုင်းရင်းသားများအခွင့်အ‌ရေး၊ ‌မြေယာနှင့် သစ်‌တော ကာကွယ်ထိန်းသိမ်း‌ရေးလုပ်ငန်းများ၊ စာ‌ပေနှင့်ယဉ်‌ကျေးမှုထိန်းသိမ်းခြင်းကို တက်ကြွစွာလုပ် ‌ဆောင်‌နေသူတစ်ဦးဖြစ်သလို ဌာ‌နေလူထု ‌ခေါင်း‌ဆောင်တစ်ဦးလည်းဖြစ်သည်။ ‌စောအိုမူး ‌သေဆုံးသွားချိန်တွင် ဇနီးဖြစ်သူနှင့် သားသမီး ၇ ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ကျန်ရစ်သူမိသားစုဝင်များ၏ စားဝတ်‌နေ‌ရေး၊ ပညာ‌ရေးအတွက်ရည်စူးကာ ‌စောအိုမူးကို ချစ်ခင် ‌လေးစားကြသည့် အသိမိတ်‌ဆွေ၊ အဖွဲ့အစည်းများထံမှ ရရှိသည့် ‌ထောက်ပံ့‌ငွေများကို စီမံခန့်ခွဲရန်အတွက် (‌ဖောင်‌ဒေးရှင်း)တစ်ခု တည်‌ထောင်‌ပေးရန် စီစဉ်‌နေသည်ဟု KESAN ဒါရိုက်တာ ‌စော‌ပေါလ်စိန်ထွားက ‌ပြော သည်။