Home သတင်း ပဲခူးတိုင်း‌ဒေသကြီး KYN ၏ ၃ ကြိမ်‌မြောက် ‌နွေရာသီလူငယ်ဖွံ့ဖြိုး‌ရေးသင်တန်းသား ၂၀ဝ ဦး သင်တန်းဆင်း

ပဲခူးတိုင်း‌ဒေသကြီး KYN ၏ ၃ ကြိမ်‌မြောက် ‌နွေရာသီလူငယ်ဖွံ့ဖြိုး‌ရေးသင်တန်းသား ၂၀ဝ ဦး သင်တန်းဆင်း

2255

‌မေ ၄ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ပဲခူးတိုင်း‌ဒေသကြီး Karen Youth Network (KYN)-ကရင်လူငယ်ကွန်ရက် ဦး‌ဆောင်ပြုလုပ်ပြီး သင်တန်းသား ၂၀ဝ ဦးပါဝင်တက်‌ရောက်ခဲ့သည့် ၃ ကြိမ် ‌မြောက်‌နွေရာသီလူငယ်ဖွံ့ဖြိုး‌ရေးသင်တန်းဆင်းပွဲကို ဖြူးမြို့နယ် မျက်နီကွင်း‌ကျေးရွာတွင် ပြုလုပ်ခဲ့သည်။

ဧပြီ လဆန်းပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ပြီး ယမန်‌နေ့က ပြီးစီးခဲ့သည့် အဆိုပါသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ် ချက်များနှင့်ပတ်သက်၍ ဦး‌ဆောင်သူ တစ်ဦးဖြစ်သူ ပဲခူးအ‌ရှေ့ခြမ်း KYN-စည်းရုံး‌ရေး တာဝန်ခံ‌စောအယ်မွီးက ယခုလို ‌ပြောသည်။

၎င်းက“‌ခေတ်နဲ့အညီ ကရင်လူငယ်‌တွေကို ပညာ‌ရေးဘက်မှာလည်း တိုးတက်လာ‌စေချင်တယ်။ လူမျိုးအတွက်၊ သူတို့မိသားစုအတွက်လည်း ပြန်လည်ပံ့ပိုးနိုင်‌အောင်‌ပေါ့။ အသက်‌မွေးဝမ်း‌ကျောင်း တစ်ခုရ‌အောင် အဓိက ရည်ရွယ်ပြီး‌တော့ ဖွင့်တာဖြစ်တယ် ↔ဟု‌ပြောသည်။

ထို့အပြင် ကရင်လူငယ်များ ပညာ‌ရေးတွင်ထူးချွန်ထက်မြက်လာ‌စေရန်၊ အမျိုးသားစိတ်ဓာတ်ရှင်သန်လာ‌စေရန်၊ အချင်းချင်းချိတ်ဆက်မှု အား‌ကောင်းလာ‌စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟုလည်း သင်တန်းဖြစ်‌မြောက်‌ရေးဦး‌ဆောင်စီစဉ်သူများက ‌ပြောသည်။

ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ ဖြူးမြို့နယ်နှင့် ‌ကျောက်တံခါးမြို့နယ်တို့တွင် ၃ ‌နေရာခွဲကာ ပြုလုပ်ခဲ့သည့် အဆိုပါ သင်တန်းတွင် တက္ကသိုလ်‌ကျောင်းသားများ၊ တက္ကသိုလ်ဝင်တန်း ‌ဖြေဆိုထားသူ လူငယ်များ ပါဝင်တက်‌ရောက်ခဲ့ပြီး ယင်းသင်တန်းတွင် Computer ၊ English၊ ပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးနှင့်သက်ဆိုင်‌သောဗဟုသုတများကို သင်ကြား‌ပေးခဲ့သည်ဟု သိရသည်။

၂၀၁၅ ခုနှစ်မှ စတင်ခဲ့သည့် ပဲခူးတိုင်း‌ဒေသကြီး ‌နွေရာသီလူငယ်ဖွံ့ဖြိုး‌ရေးသင်တန်းများကို ယခင်နှစ်များက KNU- ကရင်အမျိုးသားအစည်းအရုံး၊ ‌ညောင်‌လေးပင်ခရိုင်တွင်သာ ပြုလုပ်ခဲ့‌သော်လည်း ယခုနှစ် ၃ ကြိမ်‌မြောက်သင်တန်းကို အစိုးရထိန်းချုပ်နယ်‌မြေတွင် ပထမဦးဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။