Home သတင်း ‌လေး‌ကေ‌ကော်မြို့သစ်၌ ‌ရေရှားပါးမှု ပြဿနာကြုံ‌တွေ့‌နေရ

‌လေး‌ကေ‌ကော်မြို့သစ်၌ ‌ရေရှားပါးမှု ပြဿနာကြုံ‌တွေ့‌နေရ

2498

ဧပြီလ ၂၄ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်ပြည်နယ် အစိုးရတို့ပူး‌ပေါင်းပြီး ပြည်တွင်း စစ်‌ပြေး‌ရှောင် ဒုက္ခသည်များအတွက် တည်‌ဆောက်ထားသည့် မြဝတီခရိုင်၊ ‌လေး‌ကေ‌ကော်မြို့သစ်၌ လတ်တ‌လောတွင် ‌ရေရှားပါးမှု ပြဿနာ ကြုံ‌တွေ့‌နေရ‌ကြောင်း မြို့သစ်‌နေ ပြည်သူလူထုများက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌လေး‌ကေ‌ကော်မြို့သစ်အနီး သုံးမိုင်ခန့်ကွာ‌ဝေးသည့် ‌တောင်ကုန်း(အရပ်‌ခေါ် ‌ကျောက်ဂူ)မှတစ်ဆင့် ‌ရေပိုက်များကို သွယ် တန်းလျက် ‌ရေ‌ပေး‌ဝေရာ၌ ယခုနှစ်‌နွေ‌ပေါက်ကာလမှစ၍ ‌ရေများတဖြည်းဖြည်း ‌လျော့နည်းလာပြီး လက်ရှိတွင် ‌ရေပြတ်လပ်မှုနှင့် ‌ရေများဝယ်ယူသုံးစွဲရသည့်အ‌ခြေအ‌နေတွင်ရှိ‌နေသည်ဟု မြို့သစ်‌ဒေသခံတစ်ဦးဖြစ်သူ ‌စောမုခို‌ဘောက ယခုလို‌ပြောသည်။

၎င်းက “‌ရေက သုံးရက်တစ်ခါ လွှတ်‌ပေးမယ်လို့ ရပ်ကွက်မှူးက ‌ပြောတယ်။ ဒါ‌ပေမဲ့ သုံးရက်မ‌ပြောနဲ့ငါးရက်‌မျှော် လည်းမလာဘူး။ တစ်ပတ်‌လောက်မှ တစ်ခါ‌လောက်ပဲ‌ရောက်လာတယ်။ တစ်ပတ်‌ကျော်မှမလာဘူးဆိုရင် ‌ရေကားမှာပြီး ‌တော့ ဝယ်သုံးရတာ‌ပေါ့။ ဒါမှမဟုတ် နီးစပ်ရာ ‌ရေကန်လုပ်ထားနိုင်တဲ့သူ‌တွေဆီက‌နေ အကူအညီ ‌တောင်းပြီး မျှသုံးကြရ တဲ့အခါမျိုးလည်းရှိတယ်။ ပြီးခဲ့တဲ့နှစ်က စဖြစ်တာ။ ဒါ‌ပေမဲ့ ဒီနှစ်က အ‌ခြေအ‌နေပိုဆိုး လာတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ‌ရေရှားပါးမှုကြုံ‌တွေ့‌နေရခြင်းအ‌ပေါ် တာဝန်ရှိသူများအ‌နေဖြင့် ဖြစ်နိုင်ပါက တစ်ရက်တစ်ခါ သို့မဟုတ် နှစ်ရက်တစ်ခါ ရပ်ကွက်တစ်ခုစီကို ပုံမှန်အချိန်ပိုင်းဖြင့် ဖြန့်‌ဝေ‌ပေးနိုင်လျှင် အဆင်‌ပြေနိုင်လိမ့်မည်ဟုလည်း ‌စောမုခို‌ဘောက ဆက်‌ပြောသည်။

လက်ရှိတွင် ‌လေး‌ကေ‌ကော်မြို့သစ်သို့ ပြန်လည်ဝင်‌ရောက်အ‌ခြေချ‌နေထိုင်သည့် စစ်‌ရှောင်ဒုက္ခသည်မိသားစုဝင်ဦး‌ရေ တိုးလာခြင်းနှင့်အတူ ၎င်း‌ဒေသ၌ သစ်‌တောများပြုန်းတီးမှုနှင့် ရာသီဥတု ပိုမိုဆိုးရွားစွာ ပူပြင်းလာမှုတို့‌ကြောင့် ယခုလို ‌ရေရှားပါးမှု ဖြစ်‌ပေါ်ရခြင်းဖြစ်‌ကြောင်း မြို့သစ်တာဝန်ရှိသူများက ဆိုသည်။

‌လေး‌ကေ‌ကော်မြို့သစ် အုပ်ချုပ်‌ရေးရုံး တာဝန်ခံ ‌စောတာ့အန့်‌လော်‌သောက “ပြီးခဲ့တဲ့နှစ်ကစပြီး ‌ရေထွက်တဲ့ ‌နေရာမှာ ‌ရေကနည်းနည်း‌လေးပဲ ထွက်လာ‌တော့တယ်။ ‌နောက်ပြီး ‌ရေက ထုံး‌ကျောက်‌ရေ‌တွေဖြစ်တဲ့အတွက် ထုံး‌ကျောက်‌တွေခဲပြီး ‌ရေပိုက်မှာကပ်ကျန်ခဲ့တာ‌ကြောင့် ‌ရေထွက်နည်းလာတယ်။ အခုက ‌နေကလည်းတအားပူ ၊ သစ်ဝါး‌တွေခုတ်တာလည်းများ လာ‌တော့ ‌ရေထွက်နည်းလာတယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

လက်ရှိကြုံ‌တွေ့‌နေရသည့် ‌ရေရှားပါးမှုပြဿနာကို‌ဖြေရှင်းရန် လတ်တ‌လော ‌ရေ‌ပေး‌ဝေသည့်‌နေရာ၌ ‌ရေထွက် နည်းလာခြင်းအ‌ပေါ် ‌လေး‌ကေ‌ကော်မြို့သစ်နှင့် ၃ မိုင်‌ကျော်ကွာ‌ဝေးသည့် ထီးနူ‌ချောင်းအနီး ‌ရေကန်ပြုလုပ်ကာ ‌ရေစုပ်စက်ဖြင့် တစ်မိုင်ခွဲခန့်ကွာ‌ဝေးသည့် ‌တောင်ကုန်း‌ပေါ်ရှိ ‌ရေကန်‌ပေါ်သို့ သွယ်တန်းပို့ ‌ဆောင်၍ ၎င်းမှတစ်ဆင့် မြို့သစ်ထဲသို့ ပို့လွှတ်ရန် စီစဉ်‌ဆောင်ရွက်လျက်ရှိ‌နေသည်ဟုလည်း ‌စောတာ့အန့်‌လော်‌သောက ‌ပြောသည်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် အစိုးရတို့အကြား ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့်အတူ အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်သည့် အဆိုပါ ‌လေး‌ကေ‌ကော်မြို့သစ် စီမံကိန်းသည် စစ်‌ရေး ပဋိပက္ခဒဏ်‌ကြောင့် ‌မြေ‌နေရာစွန့်လွှတ်ခဲ့ရသူများ၊ ရွာပုန်းရွာ‌ရှောင်များနှင့် ‌တော်လှန်‌ရေးမိသားစုဝင်များအတွက်ရည်ရွယ်၍ ‌ကေအဲန်ယူ နှင့် အစိုးရတို့ ညှိနှိုင်း‌ဆောင်ရွက်မှုဖြင့် သူး‌လေကုမ္ပဏီမှ တာဝန်ယူကာ ၂၀၁၄ ခုနှစ်၊ ဇွန်လက စတင်အ‌ကောင် အထည် ‌ဖော်‌ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အလားတူ ‌ကေအဲန်ယူနှင့် ပြည်နယ်အစိုးရတို့၏ အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်မှုအပြင် ဂျပန်နိုင်ငံ နီပွန်‌ဖောင် ‌ဒေးရှင်းအဖွဲ့၏ ကူညီ‌ထောက်ပံ့မှုဖြင့် လက်ရှိ‌လေး‌ကေ‌ကော်မြို့သစ်၌ တန်ဘိုးနည်းအိမ်ရာ‌ပေါင်း ၆၈ဝ လုံး ‌ဆောက်လုပ်‌ပေးထားပြီး မိသားစုဝင် လူဦး‌ရေ ၂,ဝ၀ဝ ဦး‌ကျော်‌နေထိုင်လျက်ရှိသည်။ လက်ရှိတွင်လည်း အိမ်ရာ‌ပေါင်း အလုံးတစ်ရာကို ဆက်လက်‌ဆောက်လုပ်‌နေဆဲဖြစ်သည်ဟု မြို့သစ်တာဝန်ရှိသူများက ‌ပြောသည်။